နောက်သို့ပြန်သွားရန်
ပြည်တွင်းသတင်း
Feb 10, 2026
မန္တလေး ဆန်ဈေးနှုန်း ၃ ဆ မြင့်တက် ပြည်သူ ခက်ခဲ
ဆန်အိတ် တစ်အိတ်လျှင် ကျပ် ၁၂၀,၀၀၀ အထက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဆီ၊ ပဲ စသည့် အခြေခံစားကုန်များလည်း ဈေးနှုန်းမြင့်တက်နေသည်။ စစ်ရေးပဋိပက္ခကြောင့် သယ်ယူပို့ဆောင်ရေးလမ်း ပိတ်ဆို့ခြင်းနှင့် ကျပ်ငွေ ကျဆင်းမှုတို့က အဓိက အကြောင်းရင်းဖြစ်သည်။
ပြည်သူအများစု နေ့စဉ် ထမင်းတစ်နပ်ခန့်သာ စားနိုင်တော့ကြောင်းနှင့် ကလေးငယ်များ အာဟာရ ချို့တဲ့မှု ဖြစ်စဉ်များ တိုးပွားလာကြောင်း ကျန်းမာရေး အဖွဲ့များက သတိပေးထားသည်။