အရေးပေါ်
နိုင်ငံတကာသတင်း

ပစိဖိတ်ကျွန်းစုဖိုရမ်မှာ ထိုင်ဝမ်ကို ပါဝင်ဖို့ ဖိတ်ကြားခဲ့တဲ့အပေါ် တရုတ် ကန့်ကွက်

၂၀၂၆ စက်တင်ဘာ ၁ Myo Taw
ပစိဖိတ်ကျွန်းစုဖိုရမ်မှာ ထိုင်ဝမ်ကို ပါဝင်ဖို့ ဖိတ်ကြားခဲ့တဲ့အပေါ် တရုတ် ကန့်ကွက်

ပစိဖိတ်ကျွန်းစုဖိုရမ်မှာ ထိုင်ဝမ်ကို ပါဝင်ဖို့ ဖိတ်ကြားခဲ့တဲ့အပေါ် တရုတ် ကန့်ကွက်

စက်တင်ဘာ ၁

ပလာအူနိုင်ငံမှာ ကျင်းပနေတဲ့ ပစိဖိတ်ကျွန်းစုဖိုရမ် အစည်းအဝေးမှာ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး လင်ကျားလုံ ကို ပါဝင်ဖို့ ဖိတ်ကြားခဲ့တဲ့အပေါ် တရုတ်က ကန့်ကွက်လိုက်ပါတယ်။

ဒါပေမဲ့ ဩစတြေးလျနဲ့ နယူးဇီလန်တို့ကတော့ အစည်းအဝေးမှာ ဖိတ်ကြားမယ့် ဧည့်သည်စာရင်းကို ပစိဖိတ်ကျွန်းစုဖိုရမ်ကပဲ ဆုံးဖြတ်သွားမှာ ဖြစ်တယ်လို့ တုန့်ပြန်ထားပါတယ်။

ထိုင်ဝမ်ဟာ ပစိဖိတ်ကျွန်းစုဖိုရမ်ရဲ့ တရားဝင်ဆွေးနွေးဖက်နိုင်ငံ မဟုတ်ပေမယ့် ဖွံ့ဖြိုးရေးမိတ်ဖက်နိုင်ငံအဖြစ် ပါဝင်နေတာ ဖြစ်ပြီး တရုတ်ဘက်ကတော့ ထိုင်ဝမ်ဟာ ဖိုရမ်ရဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ဖို့ လုံးဝ အရည်အချင်း မပြည့်မီဘူးလို့ ပြောဆိုထားပါတယ်။

"ထိုင်ဝမ်အာဏာပိုင်တွေက လင်ကျားလုံနဲ့ တခြား ထိုင်ဝမ်ခွဲထွက်ရေးသမားတွေကို အခုလို ခိုးကြောင်ခိုးဝှက် လာရောက်လည်ပတ်ခိုင်းတာဟာ လူတွေအာရုံစိုက်လာအောင် အချည်းနှီးသက်သက် ကြိုးစားနေတာဖြစ်ပြီး အကျိုးဆက်အနေနဲ့ သူတို့ကိုယ်သူတို့ အရှက်ခွဲတာပဲ အဖတ်တင်လိမ့်မယ်" လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂေါင်ကျားခွန်က စက်တင်ဘာ ၁ ရက်နေ့က ပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ဝေဖန်ပြောဆိုထားပါတယ်။

ဒီနှစ်ဖိုရမ်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ပလာအူသမ္မတ ဆူရန်ဂဲလ် ဝှစ်ပ်စ် ဂျူနီယာ ကတော့ "မိတ်ဖက်တွေဟာ ပလာအူနဲ့အတူ ခရီးဆက်ဖို့ ကြိုဆိုပေမယ့် ပလာအူ ဘယ်ကို ဦးတည်သွားမလဲဆိုတာကိုတော့ သူတို့က ဆုံးဖြတ်မှာမဟုတ်ဘူး" လို့ ဖိုရမ်ဖွင့်ပွဲ အခမ်းအနားမှာ ပြောဆိုထားပါတယ်။

ထိုင်ဝမ်ကို တရုတ်က ပိုင်နက်အဖြစ် သတ်မှတ်ထားတာကြောင့် တရုတ်နဲ့ ထိုင်ဝမ်ကြား တင်းမာမှုဟာ အဖွဲ့ဝင် ၁၈ နိုင်ငံပါဝင်တဲ့ ပစိဖိတ်ကျွန်းစုဖိုရမ်ရဲ့ နှစ်စဉ်အစည်းအဝေးမှာ အဓိကအကြောင်းအရာတစ်ခု ဖြစ်လာနေပါတယ်။ အဖွဲ့ဝင်နိုင်ငံတွေထဲမှာ ဩစတြေးလျ၊ နယူးဇီလန်နဲ့ ပစိဖိတ်ကျွန်းနိုင်ငံတွေ ပါဝင်ပါတယ်။

ပလာအူဟာ ထိုင်ဝမ်နဲ့ သံတမန်ဆက်ဆံရေး ဆက်လက်ထားရှိတဲ့ ပစိဖိတ်ဒေသနိုင်ငံ အနည်းငယ်ထဲက တစ်နိုင်ငံဖြစ်ပြီး ပစိဖိတ်ကျွန်းစုဖိုရမ်ရဲ့ ဆွေးနွေးဖက်နိုင်ငံ ၂၁ နိုင်ငံထဲမှာတော့ တရုတ်၊ အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဗြိတိန်၊ ကနေဒါ၊ အိန္ဒိယနဲ့ ဂျပန်တို့လည်း ပါဝင်ပါတယ်။

Ref & Photo; Reuters

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

ပါကစ္စတန်မှာ ကျောင်းခေါင်မိုးပြိုကျလို့ အနည်းဆုံး ၃၅ ဦး သေဆုံးပြီး ၅၀ ကျော်ဒဏ်ရာရ နိုင်ငံတကာသတင်း

ပါကစ္စတန်မှာ ကျောင်းခေါင်မိုးပြိုကျလို့ အနည်းဆုံး ၃၅ ဦး သေဆုံးပြီး ၅၀ ကျော်ဒဏ်ရာရ

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ပီရှာဝါမြို့မှာ ပုဂ္ဂလိကကျောင်းတကျောင်းရဲ့ ခေါင်မိုး ပြိုကျပျက်စီးခဲ့တာကြောင့် ကလေး ၃၄ ယောက်နဲ့ ဆရာမတယောက် အပါအဝင် အနည်းဆုံး ၃၅ ဦး…

ဖတ်ရန်
နျူကလီးယားလက်နက် ဖျက်သိမ်းရေး ရုရှား၊ တရုတ်တို့နဲ့ ဆွေးနွေးနေတယ်လို့ ထရမ့် ပြော နိုင်ငံတကာသတင်း

နျူကလီးယားလက်နက် ဖျက်သိမ်းရေး ရုရှား၊ တရုတ်တို့နဲ့ ဆွေးနွေးနေတယ်လို့ ထရမ့် ပြော

နျူကလီးယားထိပ်ဖူး အများဆုံးပိုင်ဆိုင်ထားတဲ့ နိုင်ငံတွေအကြား နျူကလီးယားလက်နက်တွေ လျှော့ချဖျက်သိမ်းဖို့ ရုရှား၊ တရုတ်တို့နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က အောက်တိုဘာ ၁၅…

ဖတ်ရန်
ဗန်ဂိုးရဲ့ နှစ်ပေါင်း ၆၀ ကျော် အများပြည်သူရှေ့က ပျောက်ကွယ်နေခဲ့တဲ့ ပန်းချီကား လေလံတင်မယ် နိုင်ငံတကာသတင်း

ဗန်ဂိုးရဲ့ နှစ်ပေါင်း ၆၀ ကျော် အများပြည်သူရှေ့က ပျောက်ကွယ်နေခဲ့တဲ့ ပန်းချီကား လေလံတင်မယ်

ကမ္ဘာကျော် ဒတ်ခ်ျပန်းချီဆရာကြီး ဗင်းဆင့် ဗန်ဂိုးရဲ့ နှစ်ပေါင်း ၆၀ ကျော် အများပြည်သူရှေ့က ပျောက်ကွယ်နေခဲ့တဲ့ ရှားပါးလက်ရာတခုကို လာမယ့် နိုဝင်ဘာလ ၁၈ ရက်နေ့…

ဖတ်ရန်
နီပေါနိုင်ငံမှာ ရုတ်တရက် ရေကြီးမြေပြိုမှု ထပ်မံဖြစ်ပွားပြီး လူ ၅ ဦး ပျောက်ဆုံးနေ နိုင်ငံတကာသတင်း

နီပေါနိုင်ငံမှာ ရုတ်တရက် ရေကြီးမြေပြိုမှု ထပ်မံဖြစ်ပွားပြီး လူ ၅ ဦး ပျောက်ဆုံးနေ

နီပေါနိုင်ငံမှာ ရုတ်တရက် ရေကြီးရေလျှံမှု နောက်တစ်ကြိမ် ထပ်မံဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူ ၅ ဦး ပျောက်ဆုံးနေပြီး နီပေါစစ်တပ်က ဘေးသင့်ဒေသတွေဆီကို သွားရောက်ကာ အရေးပေါ်…

ဖတ်ရန်