အရေးပေါ်
နိုင်ငံတကာသတင်း

မိသားစုချင်း စကားများရန်ဖြစ်ရာက မတ်ဖြစ်သူရဲ့ လိင်အင်္ဂါကို မရီးဖြစ်သူက ကိုက်ခဲ့တာကြောင့် ၅၅ ချက် ချုပ်လိုက်ရ

၂၀၂၆ အောက်တိုဘာ ၂၆ Myo Taw
မိသားစုချင်း စကားများရန်ဖြစ်ရာက မတ်ဖြစ်သူရဲ့ လိင်အင်္ဂါကို မရီးဖြစ်သူက ကိုက်ခဲ့တာကြောင့် ၅၅ ချက် ချုပ်လိုက်ရ

မိသားစုချင်း စကားများရန်ဖြစ်ရာက မတ်ဖြစ်သူရဲ့ လိင်အင်္ဂါကို မရီးဖြစ်သူက ကိုက်ခဲ့တာကြောင့် ၅၅ ချက် ချုပ်လိုက်ရ

အောက်တိုဘာ ၂၆

အိန္ဒိယနိုင်ငံမှာ မိသားစုချင်း စကားများရန်ဖြစ်ကြရင်း မရီးဖြစ်သူက မတ်ဖြစ်သူရဲ့ လိင်အင်္ဂါကို ကိုက်လိုက်တာကြောင့် ၅၅ ချက်အထိ ပြင်းပြင်းထန်ထန် ချုပ်လိုက်ရတဲ့ ထူးဆန်းတဲ့ ဖြစ်စဉ်တခု အောက်တိုဘာ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။

အသက် ၃၇ နှစ်အရွယ် ရာဂျ်နစ်ရှ် ဆိုသူဟာ အောက်တိုဘာ ၂၄ ရက်က ဖြစ်ပွားခဲ့တဲ့ မိသားစုရန်ပွဲအတွင်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့တာကြောင့် ဆေးရုံကို အရေးပေါ် တင်ပို့ခဲ့ရပါတယ်။

အဆိုပါ ရန်ပွဲဟာ မရီးဖြစ်သူရဲ့ သားဖြစ်တဲ့ ကလေးငယ်ကို ဦးလေးဖြစ်သူ ရာဂျ်နစ်ရှ်က ရိုက်နှက်ခဲ့ရာကနေ စတင်ခဲ့တာဖြစ်ပြီး ကလေးငယ်က မိခင်ဖြစ်သူ ဂါယာသရီထံ ပြန်လည်တိုင်ကြားခဲ့တာကြောင့် မိခင်ဖြစ်သူက မတ်ဖြစ်သူ ရာဂျ်နစ်ရှ်နဲ့ မိသားစုထံ သွားရောက်ပြောဆိုရာက စကားများရန်ဖြစ်ခဲ့ကြတာလို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြပါတယ်။

နှစ်ဖက် အပြန်အလှန် စကားများကြရင်း အခြေအနေ ပိုတင်းမာလာပြီး လက်ပါတဲ့အထိ ခိုက်ရန်ဖြစ်ပွားခဲ့ရာ ရာဂျ်နစ်ရှ်က ဒေါသထွက်ပြီး အဝတ်အစားတွေ ချွတ်ပစ်ခဲ့တယ်လို့ ဒေသတွင်း သတင်းတွေက ဆိုပါတယ်။ အဲဒီအချိန်မှာ မရီးဖြစ်သူ ဂါယာသရီက ရာဂျ်နစ်ရှ်ကို မြေပြင်ပေါ် တွန်းလှဲကာ လိင်အင်္ဂါကို ကိုက်လိုက်တာကြောင့် ပြင်းထန်တဲ့ ဒဏ်ရာတွေ ရရှိသွားခဲ့တာလို့ ဆိုပါတယ်။

နာကျင်မှုဒဏ်ကြောင့် ရာဂျ်နစ်ရှ်ရဲ့ အော်ဟစ်အကူအညီတောင်းသံကို အနီးအနားမှာ နေထိုင်တဲ့ ဖခင်ဖြစ်သူက ကြားပြီး လာရောက်လာကာ ဒေသန္တရ ကျန်းမာရေးဌာနကို ချက်ချင်း ပို့ဆောင်ပေးခဲ့ရပါတယ်။

အဲဒီနောက် ဒဏ်ရာအခြေအနေ ပြင်းထန်လွန်းတာကြောင့် ဆရာဝန်တွေက ရာဂျ်နစ်ရှ်ကို ကန်ပူရ်မြို့ရှိ ဟာလက်ဆေးရုံကို လွှဲပြောင်းပေးခဲ့ရပြီး ချုပ်ရိုး ၅၅ ချက်အထိ ချုပ်ပေးခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရာဂျ်နစ်ရှ်ရဲ့ ဇနီးဖြစ်သူ ဆူမန်က မရီးဖြစ်သူ ဂါယာသရီနဲ့ သူမရဲ့ ခင်ပွန်းဖြစ်သူ ပွတ်ရှ်ပါရတ်ချ် တို့ကို ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားထားပါတယ်။

ရဲတပ်ဖွဲ့ကတော့ အမှုဖွင့် တိုင်ကြားချက် လက်ခံရရှိထားပြီး စုံစမ်းစစ်ဆေးမှုတွေ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း အတည်ပြုထားကာ စုံစမ်းစစ်ဆေးတွေ့ရှိချက်တွေအပေါ် မူတည်ပြီး နောက်ဆက်တွဲ ဥပဒေအရ အရေးယူမှုတွေ ဆက်လက် ဆောင်ရွက်သွားမယ်လို့ ပြောဆိုထားပါတယ်။

Ref & Photo: The Sun

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

ဖိလစ်ပိုင်မှာ လေ့ကျင့်ရေးလေယာဉ်နှစ်စင်း ဝေဟင်ချင်းတိုက်မိပြီး လေသူရဲ ၄ ဦး သေဆုံး နိုင်ငံတကာသတင်း

ဖိလစ်ပိုင်မှာ လေ့ကျင့်ရေးလေယာဉ်နှစ်စင်း ဝေဟင်ချင်းတိုက်မိပြီး လေသူရဲ ၄ ဦး သေဆုံး

ဖိလစ်ပိုင်နိုင်ငံမှာ လေ့ကျင့်ရေး လေယာဉ်နှစ်စင်း ဝေဟင်မှာ အချင်းချင်းတိုက်မိပြီး ပျက်ကျခဲ့တာကြောင့် ဖိလစ်ပိုင်လေတပ်က လေသူရဲ ၄ ဦး သေဆုံးသွားခဲ့ပါတယ်။

ဖတ်ရန်
သမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် ပြင်သစ်နဲ့ ဗြိတိန်တို့ ပူးတွဲနျူကလီးယားစစ်ရေးလေ့ကျင့်မှု ပြုလုပ် နိုင်ငံတကာသတင်း

သမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် ပြင်သစ်နဲ့ ဗြိတိန်တို့ ပူးတွဲနျူကလီးယားစစ်ရေးလေ့ကျင့်မှု ပြုလုပ်

ဥရောပနိုင်ငံတွေအနေနဲ့ ကိုယ့်ဒေသတွင်းလုံခြုံရေးကို ကိုယ်တိုင်ပိုပြီး တာဝန်ယူဆောင်ရွက်ကြဖို့ ဝါရှင်တန်အစိုးရဘက်က တိုက်တွန်းမှုတွေ ပိုများလာချိန်မှာပဲ ပြင်သစ်နိုင်ငံဟာ ဗြိတိန်တပ်ဖွဲ့တွေနဲ့အတူ သမိုင်းတလျှောက် ပထမဆုံးအကြိမ် ပူးတွဲနျူကလီးယားစစ်ရေးလေ့ကျင့်မှုတစ်ရပ်ကို အောင်မြင်စွာ ပြုလုပ်ခဲ့တယ်လို့…

ဖတ်ရန်
နှစ်နိုင်ငံနယ်စပ် စစ်မဲ့ဇုန်တလျှောက် မြောက်ကိုရီးယားက မြေမြှုပ်မိုင်း ၁ သန်းနီးပါး ထပ်ထောင်ထားတယ်လို့ တောင်ကိုရီးယား ပြော နိုင်ငံတကာသတင်း

နှစ်နိုင်ငံနယ်စပ် စစ်မဲ့ဇုန်တလျှောက် မြောက်ကိုရီးယားက မြေမြှုပ်မိုင်း ၁ သန်းနီးပါး ထပ်ထောင်ထားတယ်လို့ တောင်ကိုရီးယား ပြော

မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း တောင်ကိုရီးယားနဲ့ ထိစပ်နေတဲ့ နယ်စပ်တလျှောက်မှာ မြေမြှုပ်မိုင်းပေါင်း ၉ သိန်း ၆ သောင်းကျော် ထပ်မံထောင်ထားတယ်လို့ တောင်ကိုရီးယား…

ဖတ်ရန်
မြန်မာနိုင်ငံသားတွေရဲ့ အမည်ခံနဲ့ ရှယ်ယာထည့်ဝင် ပိုင်ဆိုင်ထားတဲ့ ဘတ် ၁၈၅ သန်းကျော်တန်ဖိုးရှိ အိမ်ခြံမြေတွေ ထိုင်း DSI သိမ်းဆည်း နိုင်ငံတကာသတင်း

မြန်မာနိုင်ငံသားတွေရဲ့ အမည်ခံနဲ့ ရှယ်ယာထည့်ဝင် ပိုင်ဆိုင်ထားတဲ့ ဘတ် ၁၈၅ သန်းကျော်တန်ဖိုးရှိ အိမ်ခြံမြေတွေ ထိုင်း DSI သိမ်းဆည်း

ထိုင်းနိုင်ငံမှာ Bitcoin တရားမဝင်တူးဖော်မှုနဲ့ ဆက်စပ်ပြီး မြန်မာနိုင်ငံသားတွေ နာမည်ခံနဲ့ ရှယ်ယာထည့်ဝင်ထားတဲ့ ဘတ် ၁၈၅ သန်းကျော်တန်ဖိုးရှိ အိမ်ခြံမြေနဲ့ ကွန်ဒိုခန်းတွေကို ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI)…

ဖတ်ရန်