နိုင်ငံတကာသတင်း
ဖိလစ်ပိုင်မှာ လေ့ကျင့်ရေးလေယာဉ်နှစ်စင်း ဝေဟင်ချင်းတိုက်မိပြီး လေသူရဲ ၄ ဦး သေဆုံး
ဖိလစ်ပိုင်မှာ လေ့ကျင့်ရေးလေယာဉ်နှစ်စင်း ဝေဟင်ချင်းတိုက်မိပြီး လေသူရဲ ၄ ဦး သေဆုံး
အောက်တိုဘာ ၂၆
ဖိလစ်ပိုင်နိုင်ငံမှာ လေ့ကျင့်ရေး လေယာဉ်နှစ်စင်း ဝေဟင်မှာ အချင်းချင်းတိုက်မိပြီး ပျက်ကျခဲ့တာကြောင့် ဖိလစ်ပိုင်လေတပ်က လေသူရဲ ၄ ဦး သေဆုံးသွားခဲ့ပါတယ်။
အဆိုပါ ဖြစ်စဉ်ဟာ အောက်တိုဘာ ၂၃ ရက် ညနေ ၃ နာရီ ၅၁ မိနစ်က ဘာတန်ဂတ်စ်ပြည်နယ်၊ လီပါစီးတီးမှာရှိတဲ့ ဖာနန်ဒို လေတပ်အခြေစိုက်စခန်းအတွင်း ပျံသန်းလေ့ကျင့်နေချိန် ဖြစ်ပွားခဲ့တာလို့ ဖိလစ်ပိုင်လေတပ်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။
ပျက်ကျသွားတဲ့ လေယာဉ်တွေဟာ အီတလီဒီဇိုင်နာ စတယ်လီယို ဖရာတီ ရေးဆွဲထုတ်လုပ်ထားတဲ့ SF-260 အမျိုးအစား အပေါ့စား လေ့ကျင့်ရေးလေယာဉ်တွေ ဖြစ်တယ်လို့ သိရပါတယ်။
လေယာဉ်တွေပေါ် ပါသွားတဲ့ လေသူရဲ ၄ ဦးစလုံး သေဆုံးသွားခဲ့ပေမဲ့ လေယာဉ်တစ်စင်းစီမှာ ဘယ်နှစ်ဦးစီ ပါသွားသလဲဆိုတာနဲ့ သေဆုံးသူတွေရဲ့ အမည်စာရင်းကိုတော့ ဖိလစ်ပိုင်လေတပ်ဘက်က ထုတ်ဖော်ပြောထားခြင်း မရှိသေးပါဘူး။
လေတပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး အယ်လ်ဗင် ဂျေး ကာပင်ဂွီယန်ကတော့ အခင်းဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပြီဖြစ်တယ်လို့ ပြောဆိုထားတဲ့အပြင် စုံစမ်းစစ်ဆေးမှုတွေ မပြီးမချင်း လက်ကျန် SF-260 လေ့ကျင့်ရေးလေယာဉ်အားလုံးကို ပျံသန်းမှု ယာယီရပ်ဆိုင်းထားတယ်လို့ ဆိုပါတယ်။
အမည်မဖော်လိုတဲ့ ဖိလစ်ပိုင်အစိုးရတာဝန်ရှိသူတွေရဲ့ အဆိုအရ လေယာဉ်နှစ်စင်းဟာ ဝေဟင်မှာ အချင်းချင်းတိုက်မိခဲ့တာဖြစ်ပြီး၊ လေယာဉ်တစ်စင်းဟာ လေတပ်စခန်းတွင်းက စစ်သည်တန်းလျားတွေအနီးကို ထိုးကျသွားခဲ့တယ်လို့ အေပီသတင်းဌာနက မျက်မြင်တွေ့ရှိသူတစ်ဦးရဲ့ စကားကို ကိုးကားဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ မေလတုန်းကလည်း ဖိလစ်ပိုင်မြောက်ပိုင်း တောင်တန်းဒေသမှာ SF-260 လေယာဉ်တစ်စင်း ပျက်ကျလို့ လေသူရဲ ၂ ဦး သေဆုံးခဲ့သလို၊ ၂၀၂၃ ခုနှစ်ကလည်း SF-260 TP Marchetti အမျိုးအစား လေယာဉ်တစ်စင်း ပျက်ကျပြီး လေသူရဲ ၂ ဦး သေဆုံးခဲ့ဖူးပါတယ်။
Ref & Photo: The Independent
မြို့တော် News Channel
ဓာတ်ပုံများ (6)
ဆက်စပ် သတင်းများ
နိုင်ငံတကာသတင်း
နိုင်ငံတကာသတင်း
သမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် ပြင်သစ်နဲ့ ဗြိတိန်တို့ ပူးတွဲနျူကလီးယားစစ်ရေးလေ့ကျင့်မှု ပြုလုပ်
ဥရောပနိုင်ငံတွေအနေနဲ့ ကိုယ့်ဒေသတွင်းလုံခြုံရေးကို ကိုယ်တိုင်ပိုပြီး တာဝန်ယူဆောင်ရွက်ကြဖို့ ဝါရှင်တန်အစိုးရဘက်က တိုက်တွန်းမှုတွေ ပိုများလာချိန်မှာပဲ ပြင်သစ်နိုင်ငံဟာ ဗြိတိန်တပ်ဖွဲ့တွေနဲ့အတူ သမိုင်းတလျှောက် ပထမဆုံးအကြိမ် ပူးတွဲနျူကလီးယားစစ်ရေးလေ့ကျင့်မှုတစ်ရပ်ကို အောင်မြင်စွာ ပြုလုပ်ခဲ့တယ်လို့…
နိုင်ငံတကာသတင်း
နှစ်နိုင်ငံနယ်စပ် စစ်မဲ့ဇုန်တလျှောက် မြောက်ကိုရီးယားက မြေမြှုပ်မိုင်း ၁ သန်းနီးပါး ထပ်ထောင်ထားတယ်လို့ တောင်ကိုရီးယား ပြော
မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း တောင်ကိုရီးယားနဲ့ ထိစပ်နေတဲ့ နယ်စပ်တလျှောက်မှာ မြေမြှုပ်မိုင်းပေါင်း ၉ သိန်း ၆ သောင်းကျော် ထပ်မံထောင်ထားတယ်လို့ တောင်ကိုရီးယား…
နိုင်ငံတကာသတင်း
မြန်မာနိုင်ငံသားတွေရဲ့ အမည်ခံနဲ့ ရှယ်ယာထည့်ဝင် ပိုင်ဆိုင်ထားတဲ့ ဘတ် ၁၈၅ သန်းကျော်တန်ဖိုးရှိ အိမ်ခြံမြေတွေ ထိုင်း DSI သိမ်းဆည်း
ထိုင်းနိုင်ငံမှာ Bitcoin တရားမဝင်တူးဖော်မှုနဲ့ ဆက်စပ်ပြီး မြန်မာနိုင်ငံသားတွေ နာမည်ခံနဲ့ ရှယ်ယာထည့်ဝင်ထားတဲ့ ဘတ် ၁၈၅ သန်းကျော်တန်ဖိုးရှိ အိမ်ခြံမြေနဲ့ ကွန်ဒိုခန်းတွေကို ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI)…