အရေးပေါ်
ပြည်တွင်းသတင်း

အရန်မီးသတ် အရာရှိနေအိမ်မှာ အချုပ်ခန်းလုပ်ကာ လူငယ်တွေကို ဖမ်းဆီးပြီး ရောင်းစားနေ

၂၀၂၆ စက်တင်ဘာ ၁ Myo Taw
အရန်မီးသတ် အရာရှိနေအိမ်မှာ အချုပ်ခန်းလုပ်ကာ လူငယ်တွေကို ဖမ်းဆီးပြီး ရောင်းစားနေ

အရန်မီးသတ် အရာရှိနေအိမ်မှာ အချုပ်ခန်းလုပ်ကာ လူငယ်တွေကို ဖမ်းဆီးပြီး ရောင်းစားနေ

စက်တင်ဘာ ၁

ရန်ကုန်တိုင်း၊ ‎အင်းစိန်မြို့နယ်၊ ဒညင်းကုန်းရပ်ကွက်က အရန်မီးသတ် အရာရှိတဦးရဲ့ နေအိမ်ကို ဩဂုတ်လ ၂၅ ရက်နေ့ ညနေ ၄ နာရီခန့်မှာ အာဏာသိမ်း စစ်အစိုးရ လက်အောက်ခံ ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာက စစ်မှုထမ်းရောင်းစားဖို့အတွက် မတရား ဖမ်းဆီးခံထားရတဲ့ လူငယ် ၄ ဦးကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

‎အင်းစိန်မြို့နယ်၊ ဒညင်းကုန်းရပ်ကွက်၊ သင်္ချိုင်းဟောင်းနဲ့ ဒညင်းကုန်း အုတ်စက်ရုံ နောက်ကျောမှာရှိတဲ့ ကျူးကျော်ရပ်ကွက်ရှိ နေအိမ်တလုံးဟာ အချုပ်ခန်းပုံစံ အခန်းတွေပါ ဖွဲ့စည်းတည်ဆောက်ထားပြီး လူငယ် ၄ ဦးကို အဆိုပါ အခန်းမှာ ထိပ်တုံးခတ် ဖမ်းဆီးထားတာ ဖြစ်တယ်လို့ သိရပါတယ်။

"မီးသတ်အရာရှိက ခုလိုရောင်းစားနေတာ ကြာပြီ၊ ရာထူးလည်း တိုးထားတာ မကြာသေးဘူး၊ အထက်ကလူကြီးတွေကလည်း သူ့ကိုအရေးပေးထားတော့ နယ်မြေခံရဲတွေကလည်း သိပေမယ့် မပြောရဲကြဘူး၊ ခုကရန်ကုန်မှာ လူပျောက်တာတွေ များလာတာရယ် စစ်မှုထမ်းကိစ္စနဲ့ ပတ်သက်ပြီး လုပ်စားတာတွေ များလာတာကြောင့် အဖမ်းပြတာ ဖြစ်မယ်" လို့ ဒေသခံတဦးက မြို့တော်ကို ပြောပါတယ်။

လူငယ်တွေကို ဖမ်းဆီးထားတဲ့သူဟာ အင်းစိန်မြို့နယ်၊ ဒညင်းကုန်းရပ်ကွက်ရဲ့ ‎အရန်မီးသတ် တပ်ဖွဲ့ဝင် ၃ ပွင့်အဆင့်ရှိတဲ့ ‎ဦးသိန်းဦး (ခ) အငယ်လေး ဆိုသူနဲ့ သားမက်တော်စပ်သူ ကိုသန်းစိုး တို့ ဖြစ်ကြပြီး နေအိမ်ရဲ့ နောက်ခန်း‎ ၃ ခန်းမှာ ထိပ်တုံးခတ်ထားတဲ့ လူငယ် ၃ ဦး၊ ‎အချုပ်ခန်းတခုမှာ ချုပ်နှောင်ထားတဲ့ လူငယ် ၁ ဦး၊ စုစုပေါင်း ၄ ဦးကို တွေ့ရှိခဲ့တာလို့ သိရပါတယ်။

"ဟိုရက်က ဘောလုံးသမား တယောက် ပျောက်နေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ခုလို ရှာဖွေတာတွေ လုပ်တာလို့ ထင်တယ်၊ ခုလိုဖမ်းပြီး ရောင်းစားတဲ့ စီးပွားရေးက ဖြစ်နေတာ ကြာပြီ၊ အဓိက ကားကွင်းတွေမှာ မြို့ပေါ် တက်လာတဲ့သူတွေကို စစ်အုပ်စုဘက်က ပေါ်တာဆွဲတဲ့ ပုံစံနဲ့ ဖမ်းဆီးချုပ်နှောင်ထားပြီး စစ်မှုထမ်း လူစားထိုးမယ့်သူတွေကို ပြန်ရောင်းကြတာ၊ စစ်မှုထမ်း အပတ်စဥ်တခုပြီးလို့ အစားထိုးဝယ်မယ့် သူမရှိရင် စစ်သားစုဆောင်းရေး တပ်တွေက စစ်ဗိုလ်တွေနဲ့ ချိတ်ပြီး စျေးနည်းနည်းနဲ့ ပြန်ရောင်းစားကြတယ်၊ ဒီစျေးကွက်က အရင်ကတည်းက မြို့ကြီးတွေမှာ လုပ်စားနေတာကြာပြီ" လို့ ဒေသခံတဦးက ထပ်မံပြောဆိုပါတယ်။

အလားတူ ‎ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ဩဂုတ်လ ၃၀ ရက်နေ့ မနက်စောပိုင်းက လူငယ် ၂ ဦးကို စစ်တပ်ကလို့ဆိုကာ လက်ထိပ်ခတ် ထိုးကြိတ်ဖမ်းဆီးပြီး ကားနောက်ဖုံးထဲထည့်ကာ တင်ဆောင်လာခဲ့သူ ၃ ဦးကို ဟောင်လိတ်နယ်မြေ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့လည်း သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (4)

ဆက်စပ် သတင်းများ

မန္တလေးမှာ အာဏာသိမ်းစစ်တပ်က အရာရှိလို့ယူဆသူမောင်းတဲ့ ကားရှေ့မှာ ဆိုင်ကယ်ပိတ်ရပ်မိလို့ ကားနဲ့ တက်ကြိတ်သွား ပြည်တွင်းသတင်း

မန္တလေးမှာ အာဏာသိမ်းစစ်တပ်က အရာရှိလို့ယူဆသူမောင်းတဲ့ ကားရှေ့မှာ ဆိုင်ကယ်ပိတ်ရပ်မိလို့ ကားနဲ့ တက်ကြိတ်သွား

မန္တလေးမြို့မှာ ကားရှေ့ရပ်ထားတဲ့ ဆိုင်ကယ်ကို ဖယ်ခိုင်းရာက စကားများပြီး ကားနဲ့ ဆိုင်ကယ်တွေကို တက်ကြိတ်တဲ့ဖြစ်စဉ် ဒီကနေ့မနက်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
အသိပညာမရှိပါက မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်စွမ်းမဲ့ပြီး ပတ်ဝန်းကျင်ကိုပါ အကျိုးယုတ် ပျက်စီးစေနိုင်တယ်လို့ မင်းအောင်လှိုင်ပြောဆို ပြည်တွင်းသတင်း

အသိပညာမရှိပါက မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်စွမ်းမဲ့ပြီး ပတ်ဝန်းကျင်ကိုပါ အကျိုးယုတ် ပျက်စီးစေနိုင်တယ်လို့ မင်းအောင်လှိုင်ပြောဆို

နေပြည်တော်ရှိ Naypyitaw State Academy ဘွဲ့နှင်းသဘင်ခန်းမမှာ တက္ကသိုလ်ဝင် စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတို့မှာ ထူးချွန်စွာ အောင်မြင်ခဲ့တဲ့ ကျောင်းသား၊…

ဖတ်ရန်
စစ်သားစုဆောင်းရေးအဖွဲ့ အယောင်ဆောင်ကာ လူငယ်တွေကို ဖမ်းဆီးရောင်းစားတဲ့အဖွဲ့ ဖမ်းမိ ရုပ်သံ ပြည်တွင်းသတင်း

စစ်သားစုဆောင်းရေးအဖွဲ့ အယောင်ဆောင်ကာ လူငယ်တွေကို ဖမ်းဆီးရောင်းစားတဲ့အဖွဲ့ ဖမ်းမိ

စစ်သားစုဆောင်းရေးအဖွဲ့ အယောင်ဆောင်ကာ လူငယ်တွေကို ဖမ်းဆီးရောင်းစားတဲ့အဖွဲ့ ဖမ်းမိတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ

ကြည့်ရန်