အရေးပေါ်
ပြည်တွင်းသတင်း

KTV က ကောင်မလေး တင်လာတဲ့ တိုင်းသမညွှန်မှူး မူးပြီး ဓာတ်တိုင်ကို ကားနဲ့ ဝင်တိုက်

၂၀၂၆ အောက်တိုဘာ ၁၇ Myo Taw
KTV က ကောင်မလေး တင်လာတဲ့ တိုင်းသမညွှန်မှူး မူးပြီး ဓာတ်တိုင်ကို ကားနဲ့ ဝင်တိုက်

KTV က ကောင်မလေး တင်လာတဲ့ တိုင်းသမညွှန်မှူး မူးပြီး ဓာတ်တိုင်ကို ကားနဲ့ ဝင်တိုက်

အောက်တိုဘာ ၁၇

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မြို့မရဲစခန်းရှေ့က ဓာတ်တိုင်ကို တိုင်းသမညွှန်မှူးရဲ့ ကားက ဝင်တိုက်ခဲ့ပြီး ကားထဲမှာ KTV က အမျိုးသမီးနဲ့ တိုင်းသမညွှန်မှူးတို့ကို တွေ့ခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁၇ ရက် နံနက် ၁ နာရီ ဝန်းကျင်အချိန်ခန့်က တိုင်းသမညွှန်မှူး ကျော်စိုးမင်း မောင်းနှင်လာတဲ့ အိမ်စီးကားဟာ မြို့မရဲစခန်းရှေ့က လမ်းဘေးဓာတ်တိုင်ကို ဝင်တိုက်မိခဲ့တာလို့ သိရပါတယ်။

“မူးပြီး ဝင်တိုက်တာ၊ ကားပေါ်မှာ KTV က ကောင်မလေးလည်း ပါတယ်။ ကားက လေအိတ်ပွင့်တော့ ဘာမှမဖြစ်ဘူး၊ ကားထဲ ငွေစက္ကူတွေ အထပ်လိုက်တွေ့တယ်။ အခု ရဲစခန်းက ကားကို သိမ်းထားတယ်၊ အမှုဖွင့်မယ်ထင်တယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ယာဉ်တိုက်မှုကြောင့် ဓာတ်တိုင် ထက်ပိုင်း ကျိုးကျသွားခဲ့ပြီး ယာဉ်ပေါ်ပါသူတွေ ထိခိုက်ဒဏ်ရာရရှိမှု တစုံတရာ မရှိခဲ့ဘူးလို့ သိရကာ ရဲစခန်းက အမှုဖွင့်ဖို့ ပြင်နေတယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (3)

ဆက်စပ် သတင်းများ

လက်ပံတန်းမှာ အာဏာသိမ်းစစ်တပ် တပ်စွဲထားတဲ့ ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော် မသင်္ကာဖွယ် ပျံလွန်တော်မူ ပြည်တွင်းသတင်း

လက်ပံတန်းမှာ အာဏာသိမ်းစစ်တပ် တပ်စွဲထားတဲ့ ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော် မသင်္ကာဖွယ် ပျံလွန်တော်မူ

ပဲခူးတိုင်း အနောက်ခြမ်း၊ လက်ပံတန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်း တပ်စွဲထားတဲ့ ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော်ဟာ နားနေခန်းထဲ ကြိုးဆွဲချ အနေအထားနဲ့ ရုတ်တရက် ပျံလွန်တော်မူခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
ရွှေစင်စင်္ကြာ ခရီးသည်တင်ကားက PDF တပ်ဖွဲ့ဝင်တွေစီးလာတဲ့ ဆိုင်ကယ်ကို ဝင်တိုက်လို့ ရဲဘော် ၁ ဦး ကျဆုံးခဲ့တယ်လို့ဆို ပြည်တွင်းသတင်း

ရွှေစင်စင်္ကြာ ခရီးသည်တင်ကားက PDF တပ်ဖွဲ့ဝင်တွေစီးလာတဲ့ ဆိုင်ကယ်ကို ဝင်တိုက်လို့ ရဲဘော် ၁ ဦး ကျဆုံးခဲ့တယ်လို့ဆို

ရေး-သံဖြူဇရပ် ကားလမ်းမပေါ်မှာ ရွှေစင်စင်္ကြာ ခရီးသည်တင်ယာဥ်က တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ကို လမ်းပြောင်းပြန်မောင်းကာ ဝင်တိုက်မိခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
ကျိုက်ထိုမြို့ကို ဈေးလာဝယ်တဲ့ အမျိုးသမီး ၂ ဦး သေနတ်ပြ လုယက်ခံရပြီး ရွှေ ၃ ကျပ်သား ပါသွားတယ်လို့ဆို ပြည်တွင်းသတင်း

ကျိုက်ထိုမြို့ကို ဈေးလာဝယ်တဲ့ အမျိုးသမီး ၂ ဦး သေနတ်ပြ လုယက်ခံရပြီး ရွှေ ၃ ကျပ်သား ပါသွားတယ်လို့ဆို

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကော့ထင်းကျေးရွာနဲ့ ဘိုရားကြီးကျေးရွာကြားမှာ အမျိုးသမီး ၂ ဦး သေနတ်ပြ လုယက်ခံရတယ်လို့ သိရပါတယ်။

ဖတ်ရန်
နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးတို့မှာ နေရာကွက်ကြား မိုးရွာမယ် မိုးလေဝသ

နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးတို့မှာ နေရာကွက်ကြား မိုးရွာမယ်

အောက်တိုဘာလ ၁၇ ရက် ဒီကနေ့ ညနေ ၄ နာရီအချိန် မိုးဇလရဲ့ ထုတ်ပြန်ချက်အရ မနက်ဖြန်မနက်အထိ ခန့်မှန်းချက်တွေအနေနဲ့ တနင်္သာရီတိုင်းနဲ့ ရှမ်းပြည်နယ်(တောင်ပိုင်း)တို့မှာ နေရာအနှံ့အပြား၊…

ဖတ်ရန်