မင်းတပ်မြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံး ၈ လုံးကြဲချတိုက်ခိုက်
အောက်တိုဘာ ၂၄
ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဘာသာရေး အဆောက်အဦ အပါအဝင် လူနေအိမ် ၁၀ လုံးကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၂၄ ရက် ဒီကနေ့ မနက် ၁၀ နာရီခန့်က မကွေးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ ၂ စင်းက မင်းတပ်မြို့ကို ၄ ကြိမ်တိုင်တိုင် ပျံသန်းပြီး ဗုံး ၈ လုံး ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ထိုသို့ ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် အဆောက်အဦ ၁၀ လုံးကျော် ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံပြည်သူတွေ ထိခိုက်မှုအခြေအနေကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးဘဲ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ချင်းပြည်နယ်တောင်ပိုင်းရှိ မင်းတပ်မြို့နဲ့ ကန်ပက်လက်မြို့တွေကို ပြန်လည်သိမ်းပိုက် ရရှိရေးအတွက် ဆောမြို့နယ်မှာ ခြေကုတ်ယူကာ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး စစ်ဘေးရှောင် နေရာတွေကိုပါ လေကြောင်းကနေ မကြာခဏ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။
မြို့တော် News Channel