ရုပ်သံ
ပြည်တွင်းသတင်း
အောက်တိုဘာ ၁၆ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
မန္တလေးမှာ အာဏာသိမ်းစစ်တပ်က အရာရှိလို့ယူဆသူမောင်းတဲ့ ကားရှေ့မှာ ဆိုင်ကယ်ပိတ်ရပ်မိလို့ ကားနဲ့ တက်ကြိတ်သွား
စက်တင်ဘာ ၁
မန္တလေးမြို့မှာ ကားရှေ့ရပ်ထားတဲ့ ဆိုင်ကယ်ကို ဖယ်ခိုင်းရာက စကားများပြီး ကားနဲ့ ဆိုင်ကယ်တွေကို တက်ကြိတ်တဲ့ဖြစ်စဉ် ဒီကနေ့မနက်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၁ ရက် ဒီကနေ့မနက်ပိုင်းက အာဏာသိမ်းစစ်တပ်က အရာရှိလို့ ယူဆရတဲ့သူ မောင်းတဲ့ ကားတစီးရဲ့ရှေ့မှာ ဆိုင်ကယ်ရပ်မိရာက ကားမောင်းသူက ဖယ်ပေးဖို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ဆိုင်ကယ်ရပ်ထားတဲ့ သူတွေထဲက တဦးက နောက်ပြောင်ပြီး 'မဖယ်ပေးဘူးကွာ' လို့ ပြောဆိုရာက အာဏာသိမ်းစစ်တပ်ရဲ့ အရာရှိလို့ယူဆရသူ မောင်းတဲ့ ပရာဒို(Prado) ကားတစီးက ဆိုင်ကယ် ၄ စီးကို ဝင်တိုက်ပြီး တက်ကြိတ်ခဲ့တာကြောင့် ဆိုင်ကယ်တစီးက ကားအောက်မှာ ချိတ်ပါသွားခဲ့တယ်လို့ သိရပါတယ်။
ကားနဲ့ ဝင်တိုက်တက်ကြိတ်မှုကြောင့် လမ်းဘေးမှာ ရပ်ထားတဲ့ ဆိုင်ကယ် ၄ စီး ပျက်စီးခဲ့ပြီး ဆိုင်ကယ် တစီးဟာလည်း ပရာဒိုကားရဲ့ အောက်ပိုင်းမှာ ငြိပါသွားခဲ့ကာ မီးပွားတွေ ထွက်တဲ့အထိ လမ်းပေါ်တရွတ်တိုက် ဆွဲပါသွားခဲ့တာကို ရုပ်သံဖိုင်မှာ မြင်တွေ့ရပါတယ်။
မြို့တော် News Channel
ရုပ်သံ
ပြည်တွင်းသတင်း
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
မိုးလေဝသ
ICON မော်ဒယ်၊ အိန္ဒိယမိုးလေဝသဌာန (IMD)၊ ထိုင်းမိုးလေဝသဌာန (TMD) တို့ရဲ့ ထုတ်ပြန်ချက်တွေ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်း/အလယ်ပိုင်းတို့မှာ အနိမ့်ပိုင်း လေဝဲစနစ်တစ်ခု စတင်အားကောင်းလှုပ်ရှားလာနေတယ်လို့ မိုးလေဝသ…
ပြည်တွင်းသတင်း
နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချဖို့ဆိုပြီး ပြည်ပက တင်သွင်းတဲ့ စားသုံးဆီတွေကို ကန့်သတ်ခဲ့ပြီးနောက် လက်ရှိစျေးကွက်ထဲ ပြည်တွင်းစားသုံးဆီ ဝယ်ယူလို့ မရတဲ့အထိ ဖြစ်လာကာ ပြည်ပစားသုံးဆီစျေးတွေလည်း အဆမတန် မြင့်တက်လာတာကြောင့်…
ပြည်တွင်းသတင်း
ပဲခူးတိုင်း၊ ဇီးကုန်းမြို့မှာ ထွေအုပ်ရဲ့ ထောက်ခံစာမယူဘဲ အိမ်သုံးဆေးဝါးတွေ ဝယ်လာတဲ့ အာဏာသိမ်းစစ်တပ်က အရာရှိရဲ့ဖခင်ဖြစ်သူကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။