နေပြည်တော်၊ တပ်ကုန်းမြို့နယ်မှာ ဘုရားထီးတင်ပွဲ အကြောင်းပြကာ လိုင်းကြေးယူပြီး လောင်းကစားဝိုင်းတွေ ခွင့်ပြုထား
ဘုရားထီးတင်ပွဲအကြောင်းပြကာ လိုင်းကြေးယူပြီး လောင်းကစားဝိုင်းများ ခွင့်ပြုထား
နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ကင်မွန်းတန်းကျေးရွာအုပ်စု လက်ပံတောကျေးရွာမှာ ငလျင်လှုပ်ခတ်ခဲ့တုန်းက ပြိုကျသွားတဲ့ ဘုရားထီးတင်ပွဲမှာ အုပ်ချုပ်ရေးအဖွဲ့က လိုင်းကြေးယူပြီး လောင်းစကားဝိုင်းတွေကို ခွင့်ပြုပေးထားတယ်လို့ သိရပါတယ်။
လိုင်းကြေးပေးသွင်းပြီး လောင်းကစားခွင့်ရ
လက်ပံတောကျေးရွာ ဘုရားထီးတင်ပွဲမှာ လောင်းကစားဝိုင်းတွေကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ ၂၆ ရက်နေ့အထိ လုပ်ကိုင်ခွင့်ပေးထားတယ်လို့ သိရပါတယ်။
"ရာအိမ်မှုုး ဦးတင်ဆောင် က ဦးဆောင်ပြီး လုပ်နေတာ၊ လိုင်းကြေးအနေနဲ့ ၂၅ သိန်းလောက် ပေးရတယ် ပြောတယ်၊ ဦးတင်ဆောင်ရယ်၊ ဦးကျော်မိုးရယ်၊ ကင်မွန်းတန်းကျေးရွာအုပ်စုက အုပ်ကြီး ဦးသန်းထိုက်ရယ် ခွဲဝေယူကြတာ၊ လောင်းကစားခုံ ၂၀ ထည့်ဖို့ ခွင့်ပေးထားတယ်"
လို့ ဒေသခံတဦးက မြို့တော်ကို ပြောပါတယ်။
ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့များသို့ ငွေကြေးပေးသွင်း
တပ်ကုန်းမြို့နယ်ရဲတပ်ဖွဲ့မှ မြို့နယ်မှူး၊ ဒုရဲမှူးနဲ့ နယ်ထိန်းတွေကိုလည်း လောင်းကစားဝိုင်းတွေ ပြုလုပ်ခွင့်ရဖို့အတွက် သိန်း ၄၅ သိန်းခန့် ပေးရတယ်လို့ သိရပါတယ်။
"ရပ်ကွက်အုပ်ကြီးအဖွဲ့ကိုလည်း ပေးရတယ်၊ မြို့နယ်ရဲတပ်ဖွဲ့ကိုလည်း ပေးရတယ်၊ မြို့နယ်မှူး မြင့်စိုးက ၁၀ သိန်း၊ ဒုရဲမှူး ညီညီထွန်းက ၁၀ သိန်း၊ နယ်ထိန်းအင်ချက် ဒုရဲအုပ် အေးမင်းဦးက ၂၅ သိန်း ပေးရတယ် ပြောတယ်"
လို့ ဒေသခံ တဦးက မြို့တော်ကို ပြောပါတယ်။
စစ်မှုထမ်းပေါ်တာဆွဲမှုများနှင့် ဒေသခံများ၏ စိုးရိမ်မှု
လက်ပံတောကျေးရွာမှာ ဘုရားပွဲမစခင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က စစ်မူထမ်းပါတယ်ဆိုကာ ရွာသား ၁ ဦး ကို စစ်ကော်မရှင်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
"ဘုရားပွဲက မစသေးဘူး၊ ၁ ပေါ်တော့ ပေါ်တာဆွဲသွားပြီ၊ ဘုရားပွဲစရင် ကျေးရွာက လူငယ်တွေ ဘယ်နှစ်ယောက်လောက် ပေါ်တာဆွဲ ခံရအုံးမလဲ မသိသေးဘူး၊ စိုးရိမ်မိတယ်"
လို့ ဒေသခံတစ်ဦးက မြို့တော်ကို ပြောပါတယ်။
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ မကျီးထုံးကျေးရွာက ရပ်တော်မူ ဘုရားပွဲကျင်းပရာမှာတော့ လောင်းကစားဒိုင်တွေက ဘုရားပွဲလာသူတွေကို စစ်မှုထမ်း ပေါ်တာမဆွဲဖို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အပါအဝင်၊ မြို့နယ်ရဲတပ်ဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နဲ့ နယ်ထိန်းတွေကို ပွဲကျင်းပဖို့ လိုင်းကြေးအပြင် စစ်မှုထမ်းကြေးပါ အပိုပေးခဲ့ရတယ်လို့ သိရပါတယ်။
မြို့တော် News Channel#myotawnpt #Myotaw
- နေပြည်တော်၊ တပ်ကုန်းမြို့နယ်ရှိ ဘုရားထီးတင်ပွဲတွင် အုပ်ချုပ်ရေးအဖွဲ့များက လိုင်းကြေးယူကာ လောင်းကစားဝိုင်းများ ဖွင့်ခွင့်ပြုထား။
- လိုင်းကြေးအဖြစ် သိန်း ၂၅ သိန်းနှင့် ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးအရာရှိများအတွက် သိန်း ၄၅ သိန်းခန့် ပေးသွင်းရကြောင်း ဒေသခံများက ပြောဆို။
- ပွဲမစမီ ရွာသားတစ်ဦးအား စစ်မှုထမ်းပေါ်တာဆွဲဖမ်းမှုဖြစ်ပွားပြီး ပွဲကာလအတွင်း လူငယ်များ ထပ်မံခံရနိုင်သည်ဟု စိုးရိမ်မှုရှိနေ။
ဆက်စပ် သတင်းများ
၂ နှစ်ကျော်ကြာ ပိတ်ထားတဲ့ ဘားအံ - ကော့ကရိတ် - မြဝတီ အာရှလမ်းမကြီး ပြန်ဖွင့်ပြီ
ပဲခူးတိုင်း ရေကြီးမှုကြောင့် စိုက်ခင်း ဧက ထောင်ပေါင်းများ ပျက်စီး
ပဲခူးတိုင်း ကျေးလက်ဒေသ ရေကြီးရေလျှံမှုကြောင့် စိုက်ပျိုးခင်း ဧက ၁၅,၀၀၀ ကျော် ပျက်စီးခဲ့သည်။
စစ်ကိုင်းတိုင်း PDF တပ်ဖွဲ့များ တပ်စခန်း ၃ ခု သိမ်းပိုက်
စစ်ကိုင်းတိုင်းရှိ PDF တပ်ဖွဲ့များက စစ်ကောင်စီ တပ်စခန်း ၃ ခုကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်။
ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု နေ့စဉ် ၁၆ နာရီ
ရန်ကုန်တိုင်းတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု နေ့စဉ် ၁၆ နာရီအထိ ရှိနေပြီး စီးပွားရေးနှင့် လူမှုဘဝ ထိခိုက်နေသည်။