အရေးပေါ်
မှုခင်းသတင်း

ဥပုသ်ယူပြီးပြန်လာတဲ့ အငြိမ်းစားဆရာမကြီးကို အိမ်ထဲဝင်ခိုးနေတဲ့ သူခိုးက သတ်ဖြတ်သွား

၂၀၂၆ သြဂုတ် ၂၂ Myo Taw
ဥပုသ်ယူပြီးပြန်လာတဲ့ အငြိမ်းစားဆရာမကြီးကို အိမ်ထဲဝင်ခိုးနေတဲ့ သူခိုးက သတ်ဖြတ်သွား

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ နဲမနိတ်ကျေးရွာမှာ ဥပုသ်ယူပြီး ပြန်လာတဲ့ အငြိမ်းစား ကျောင်းဆရာမ ၁ ဦးကို နေအိမ်မှာဝင်ခိုးနေတဲ့ သူခိုးက သတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ်လ ၂၁ ရက်နေ့ နေ့လယ်ပိုင်းက အငြိမ်းစားဆရာမကြီး ဒေါ်လှလှဝင်းဟာ ဘုန်းကြီးကျောင်းမှာ ဥပုသ်သီလယူပြီး နေအိမ်ကိုပြန်လာချိန် နေအိမ်အတွင်း ဝင်ရောက်ခိုးနေတဲ့ သူခိုးက ရေချိုးခန်းအတွင်းမှာ သရေမျှော့ကြိုးနဲ့ လည်ပင်းကိုပတ်ကာ သတ်ဖြတ်သွားခဲ့တာလို့ ဆိုပါတယ်။

"အငြိမ်စားဆရာမကြီးက မနက်ပိုင်း ဘုန်းကြီးကျောင်းမှာ ဥပုသ်ယူပြီး အိမ်ပြန်သွားတာ။ အိမ်ရောက်တော့ သူ့အိမ်ကိုဝင်ခိုးတဲ့ သူခိုးနဲ့တိုးပြီး အသတ်ခံလိုက်ရတာ၊ နေ့ခင်းပိုင်းလောက်မှ သိရတာ၊ ဘီဒိုတွေလည်း မွှေနှောက်ခံထားရတယ်၊ တရားခံ မမိဘူး၊ ဖြစ်သွားတာ ခဏလေးရယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

သတ်ဖြတ်ခံရသူဟာ တဦးတည်းနေထိုင်တဲ့ အသက် ၇၂ နှစ်အရွယ် အငြိမ်းစား ကျောင်းအုပ်ဆရာမကြီး ဒေါ်လှလှဝင်း ဖြစ်ပြီး ဆရာမကြီးဟာ လည်ပင်းကို သရေကြိုးနဲ့ နောက်ပြန်ချည်နှောင်ထားကာ ဝမ်းလျားမှောက်အနေအထားနဲ့ သေဆုံးနေခဲ့တာလို့ သိရပါတယ်။

သေဆုံးသူ ဆရာမကြီးဟာ အိုင်သပြုကျောင်းမှာ တာဝန်ထမ်းဆောင်ခဲ့သလို ၂၀၀၂-၂၀၀၃ ခုနှစ်တွေက အ.ထ.က သောင်ကြီးမှာ ကျောင်းအုပ်ဆရာမကြီးအဖြစ် တာဝန်ကျခဲ့သူဖြစ်ကာ ဟင်္သာတမြို့နယ် ကြက်တူရွေးရွာဇာတိ ဖြစ်တယ်လို့ သိရပါတယ်။

လက်တလောမှာတော့ သေဆုံးသူ ဆရာမကြီးရဲ့ ရုပ်အလောင်းကို ဟင်္သာတဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်စစ်ဆေးနေပြီး လူသတ်မှုကျူးလွန်ခဲ့တဲ့ တရားခံကိုတော့ ဖမ်းဆီးရမိခြင်း မရှိဘူးသေးဘူးလို့ သိရပါတယ်။

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

ပခုက္ကူက အိမ်ဆောက်ပစ္စည်းဆိုင် ဓားပြတိုက်တဲ့အထဲ ၈ တန်းကျောင်းသား ပါဝင်နေ ပြည်တွင်းသတင်း

ပခုက္ကူက အိမ်ဆောက်ပစ္စည်းဆိုင် ဓားပြတိုက်တဲ့အထဲ ၈ တန်းကျောင်းသား ပါဝင်နေ

မကွေးတိုင်း၊ ပခုက္ကူမြို့၊ မြို့ရှောင်လမ်းက 'မိတ်‌ဆွေ' အိမ်ဆောက်ပစ္စည်းဆိုင်ကို ဓားပြတိုက် အနုကြမ်းစီးသွားသူတွေထဲက ၂ ဦး ဖမ်းမိပြီး အဲ့ထဲက တဦးက ၈ တန်းကျောင်းသား…

ဖတ်ရန်
ရန်ကုန်မှာ အမျိုးသမီး ၂ ဦးတည်းရှိတဲ့ အိမ်ကို ရပ်ကွက်ထဲက လူမိုက်က ဓားကိုင်ကာ လာရောက်သောင်းကျန်းမှုဖြစ်ပွား ပြည်တွင်းသတင်း

ရန်ကုန်မှာ အမျိုးသမီး ၂ ဦးတည်းရှိတဲ့ အိမ်ကို ရပ်ကွက်ထဲက လူမိုက်က ဓားကိုင်ကာ လာရောက်သောင်းကျန်းမှုဖြစ်ပွား

ရန်ကုန်မြို့မှာ အမျိုးသမီး ၂ ဦးတည်းရှိတဲ့ နေအိမ်ကို ရပ်ကွက်ထဲက လူမိုက်တဦးက ဓားရှည်ကိုင်ကာ လာရောက်ခြိမ်းခြောက် သောင်းကျန်းတဲ့ဖြစ်စဥ် လူမှုကွန်ယက်ပေါ် ပျံ့နှံခဲ့ပါတယ်။

ဖတ်ရန်
အိုးဝေမောင်းသမားကို ခရီးသည်လင်မယားက ကျင်စက်နဲ့ ထိုးကာ အိုးဝေယာဉ် လုယက်မှု ဖြစ်ပွား ပြည်တွင်းသတင်း

အိုးဝေမောင်းသမားကို ခရီးသည်လင်မယားက ကျင်စက်နဲ့ ထိုးကာ အိုးဝေယာဉ် လုယက်မှု ဖြစ်ပွား

အောက်တိုဘာလ ၁၁ ရက်နေ့ ညနေ ၆ နာရီခန့်က မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၆၂ လမ်းက မနော်ရမ္မံ ကစားကွင်းကနေ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၃၆…

ဖတ်ရန်
အိမ်ပေါ်တက်လာတဲ့ ခွေးကို လေးဂွနဲ့ပစ်ခဲ့သူကို ရဲကဖမ်းဆီးရိုက်နှက်လို့ သေဆုံးသွားခဲ့ပြီး အမှုမဖွင့်ဖို့ သိန်း ၇၀ နဲ့ ညှိနှိုင်းနေ ပြည်တွင်းသတင်း

အိမ်ပေါ်တက်လာတဲ့ ခွေးကို လေးဂွနဲ့ပစ်ခဲ့သူကို ရဲကဖမ်းဆီးရိုက်နှက်လို့ သေဆုံးသွားခဲ့ပြီး အမှုမဖွင့်ဖို့ သိန်း ၇၀ နဲ့ ညှိနှိုင်းနေ

ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်၊ ကမာကလုတ် စံပြကျေးရွာမှာ အိမ်ပေါ်တက်လာတဲ့ခွေးကို လေးဂွနဲ့ ပစ်ခတ်သူကို ရဲကဖမ်းဆီးရိုက်နှက်ရာက လက်လွန်ပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်