အရေးပေါ်
နိုင်ငံတကာသတင်း

သမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် ပြင်သစ်နဲ့ ဗြိတိန်တို့ ပူးတွဲနျူကလီးယားစစ်ရေးလေ့ကျင့်မှု ပြုလုပ်

၂၀၂၆ အောက်တိုဘာ ၂၄ Myo Taw
သမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် ပြင်သစ်နဲ့ ဗြိတိန်တို့ ပူးတွဲနျူကလီးယားစစ်ရေးလေ့ကျင့်မှု ပြုလုပ်

သမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် ပြင်သစ်နဲ့ ဗြိတိန်တို့ ပူးတွဲနျူကလီးယားစစ်ရေးလေ့ကျင့်မှု ပြုလုပ်

အောက်တိုဘာ ၂၄

ဥရောပနိုင်ငံတွေအနေနဲ့ ကိုယ့်ဒေသတွင်းလုံခြုံရေးကို ကိုယ်တိုင်ပိုပြီး တာဝန်ယူဆောင်ရွက်ကြဖို့ ဝါရှင်တန်အစိုးရဘက်က တိုက်တွန်းမှုတွေ ပိုများလာချိန်မှာပဲ ပြင်သစ်နိုင်ငံဟာ ဗြိတိန်တပ်ဖွဲ့တွေနဲ့အတူ သမိုင်းတလျှောက် ပထမဆုံးအကြိမ် ပူးတွဲနျူကလီးယားစစ်ရေးလေ့ကျင့်မှုတစ်ရပ်ကို အောင်မြင်စွာ ပြုလုပ်ခဲ့တယ်လို့ ပြင်သစ်ကာကွယ်ရေးဆိုင်ရာ တာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

တိုက်လေယာဉ်တွေ အသုံးပြုပြီး ပထမဆုံးအကြိမ် ဆင်နွှဲခဲ့တဲ့ အဆိုပါစစ်ရေးလေ့ကျင့်မှုကို မြေထဲပင်လယ် ဝေဟင်ပြင်မှာ အောက်တိုဘာ ၂၂ ရက်ကနေ ၂၃ ရက်အထိ နှစ်ရက်ကြာ ကျင်းပခဲ့တယ် လို့ သိရပါတယ်။

လေ့ကျင့်မှုအတွင်း ပြင်သစ်ရဲ့ ရာဖေးလ် တိုက်လေယာဉ်တွေနဲ့အတူ ဗြိတိန်ရဲ့ တိုင်ဖွန်း တိုက်လေယာဉ်တွေ ပါဝင်ခဲ့ပြီး၊ ဗြိတိန်တိုက်လေယာဉ်တွေရဲ့ လေကြောင်းရန် ကာကွယ်စောင့်ရှောက်မှုနဲ့အတူ ပြင်သစ်ဂျက်ဖိုက်တာတွေက နျူကလီးယားလက်နက်နဲ့ တိုက်ခိုက်မှုပုံစံတူ ဝေဟင်လေ့ကျင့်မှုကို ပူးတွဲသရုပ်ပြခဲ့ကြပါတယ်။

အခု စစ်ရေးလေ့ကျင့်မှုဟာ နေတိုး (NATO) အပါအဝင် ဒေသတွင်း လုံခြုံရေးအတွက် နှစ်နိုင်ငံရဲ့ နျူကလီးယားတပ်ဖွဲ့တွေက အရင်ကထက် ပိုမိုထိရောက်စွာ အထောက်အကူပြုနိုင်စွမ်းရှိတယ်ဆိုတာကို လက်တွေ့ပြသလိုက်တာဖြစ်တယ်လို့ ပြင်သစ် ကာကွယ်ရေးဝန်ကြီး ကက်သရင်း ဗိုထရင် က ပြောပါတယ်။

ဗြိတိန် ကာကွယ်ရေးဝန်ကြီး ဝက်စ် စထရီးတင်း ကလည်း အဆိုပါလေ့ကျင့်မှုဟာ နှစ်နိုင်ငံအကြား နျူကလီးယား ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုမှာ "စာမျက်နှာသစ်တစ်ရပ်" ဖွင့်လှစ်လိုက်တာဖြစ်သလို၊ မျက်မှောက်ခေတ် ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ရာမှာ နှစ်နိုင်ငံ စည်းလုံးညီညွတ်စွာ လက်တွဲရပ်တည်သွားမယ့် သန္နိဋ္ဌာန်ကို မီးမောင်းထိုးပြလိုက်တာဖြစ်တယ်လို့ မှတ်ချက်ပြုထားပါတယ်။

ပြင်သစ်အစိုးရဟာ ဥရောပတိုက်အတွင်း နျူကလီးယား အဟန့်အတားစွမ်းရည် (nuclear deterrent) ပိုမိုကျယ်ပြန့်လာစေရေး အဓိကအခန်းကဏ္ဍကနေ တွန်းအားပေးဆောင်ရွက်နေပြီး၊ ဒီကိစ္စနဲ့ပတ်သက်လို့ ဗြိတိန်၊ ဂျာမနီနဲ့ ပိုလန်နိုင်ငံတို့နဲ့လည်း သံတမန်ရေးအရ ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Ref: NHK
Photo: French Air and Space Force


မြို့တော် News Channel

ဓာတ်ပုံများ (3)

ဆက်စပ် သတင်းများ

နှစ်နိုင်ငံနယ်စပ် စစ်မဲ့ဇုန်တလျှောက် မြောက်ကိုရီးယားက မြေမြှုပ်မိုင်း ၁ သန်းနီးပါး ထပ်ထောင်ထားတယ်လို့ တောင်ကိုရီးယား ပြော နိုင်ငံတကာသတင်း

နှစ်နိုင်ငံနယ်စပ် စစ်မဲ့ဇုန်တလျှောက် မြောက်ကိုရီးယားက မြေမြှုပ်မိုင်း ၁ သန်းနီးပါး ထပ်ထောင်ထားတယ်လို့ တောင်ကိုရီးယား ပြော

မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း တောင်ကိုရီးယားနဲ့ ထိစပ်နေတဲ့ နယ်စပ်တလျှောက်မှာ မြေမြှုပ်မိုင်းပေါင်း ၉ သိန်း ၆ သောင်းကျော် ထပ်မံထောင်ထားတယ်လို့ တောင်ကိုရီးယား…

ဖတ်ရန်
မြန်မာနိုင်ငံသားတွေရဲ့ အမည်ခံနဲ့ ရှယ်ယာထည့်ဝင် ပိုင်ဆိုင်ထားတဲ့ ဘတ် ၁၈၅ သန်းကျော်တန်ဖိုးရှိ အိမ်ခြံမြေတွေ ထိုင်း DSI သိမ်းဆည်း နိုင်ငံတကာသတင်း

မြန်မာနိုင်ငံသားတွေရဲ့ အမည်ခံနဲ့ ရှယ်ယာထည့်ဝင် ပိုင်ဆိုင်ထားတဲ့ ဘတ် ၁၈၅ သန်းကျော်တန်ဖိုးရှိ အိမ်ခြံမြေတွေ ထိုင်း DSI သိမ်းဆည်း

ထိုင်းနိုင်ငံမှာ Bitcoin တရားမဝင်တူးဖော်မှုနဲ့ ဆက်စပ်ပြီး မြန်မာနိုင်ငံသားတွေ နာမည်ခံနဲ့ ရှယ်ယာထည့်ဝင်ထားတဲ့ ဘတ် ၁၈၅ သန်းကျော်တန်ဖိုးရှိ အိမ်ခြံမြေနဲ့ ကွန်ဒိုခန်းတွေကို ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI)…

ဖတ်ရန်
တိဗက်ဒေသမှာ ပြင်းအား ၇ အဆင့်ရှိ အင်အားပြင်းငလျင် လှုပ်ခတ်ပြီး ၁၆ ဦး သေဆုံးကာ ၃၂ ဦး ဒဏ်ရာရ နိုင်ငံတကာသတင်း

တိဗက်ဒေသမှာ ပြင်းအား ၇ အဆင့်ရှိ အင်အားပြင်းငလျင် လှုပ်ခတ်ပြီး ၁၆ ဦး သေဆုံးကာ ၃၂ ဦး ဒဏ်ရာရ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ အောက်တိုဘာ ၂၂ ရက်နေ့ ညပိုင်းက ရစ်ချ်တာစကေး ၇ အဆင့်ရှိတဲ့ အင်အားပြင်းငလျင်တခု လှုပ်ခတ်သွားခဲ့တာကြောင့် လူ ၁၆…

ဖတ်ရန်
ထိုင်ဝမ်မှာ တိုင်ဖွန်းမုန်တိုင်း ချန်ပီကြောင့် လုပ်ငန်းအများစု ရပ်နားထားရပြီး လေကြောင်းခရီးစဉ် ၉၀၀ ကျော် ဖျက်သိမ်းခဲ့ရ နိုင်ငံတကာသတင်း

ထိုင်ဝမ်မှာ တိုင်ဖွန်းမုန်တိုင်း ချန်ပီကြောင့် လုပ်ငန်းအများစု ရပ်နားထားရပြီး လေကြောင်းခရီးစဉ် ၉၀၀ ကျော် ဖျက်သိမ်းခဲ့ရ

တိုင်ဖွန်းမုန်တိုင်း ချန်ပီ (Champi) ဝင်ရောက်လာနိုင်တာကြောင့် ထိုင်ဝမ်ကျွန်းတဝန်းမှာ လုပ်ငန်းအများစု ရပ်နားထားရပြီး ပြည်တွင်းနဲ့ နိုင်ငံတကာ လေကြောင်းခရီးစဉ် စုစုပေါင်း ၉၃၁ ခု ဖျက်သိမ်းလိုက်ရပါတယ်။

ဖတ်ရန်