အရေးပေါ်
နိုင်ငံတကာသတင်း

အမေဖြစ်သူရဲ့ အရိုးစုနဲ့ ၂ နှစ်နီးပါး အတူနေထိုင်ခဲ့တဲ့ ဂျပန်အမျိုးသား ဖမ်းဆီးစစ်ဆေးခံနေရ

၂၀၂၆ အောက်တိုဘာ ၁၇ Myo Taw
အမေဖြစ်သူရဲ့ အရိုးစုနဲ့ ၂ နှစ်နီးပါး အတူနေထိုင်ခဲ့တဲ့ ဂျပန်အမျိုးသား ဖမ်းဆီးစစ်ဆေးခံနေရ

အမေဖြစ်သူရဲ့ အရိုးစုနဲ့ ၂ နှစ်နီးပါး အတူနေထိုင်ခဲ့တဲ့ ဂျပန်အမျိုးသား ဖမ်းဆီးစစ်ဆေးခံနေရ

အောက်တိုဘာ ၁၇

ဂျပန်နိုင်ငံမှာ မိခင်ဖြစ်သူရဲ့ ရုပ်အလောင်းနဲ့အတူ နေအိမ်ထဲမှာ ၂ နှစ်နီးပါး နေထိုင်ခဲ့တဲ့ အသက် ၅၃ နှစ်အရွယ် အမျိုးသားတဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။

အဆိုပါဖြစ်ရပ်ဟာ ဂျပန်နိုင်ငံ အီဆဲဆာကီမြို့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မြို့အာဏာပိုင်တဦးက သတင်းအစအန မရဘဲ ပျောက်ဆုံးနေတဲ့ သက်ကြီးရွယ်အိုတဦး ရှိနေတယ်လို့ ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ရာကနေ ပေါ်ပေါက်လာတာလို့ ဆိုပါတယ်။

သတင်းပေးပို့မှုအရ အီဆဲဆာကီမြို့မှာ နေထိုင်တဲ့ တာကဲဟီရို ဟာရှီဇုမဲ ဆိုသူရဲ့ နေအိမ်ကို ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးမေးမြန်းခဲ့ရာ ဟာရှီဇူမဲက မိခင်ဖြစ်သူဟာ ဆေးရုံတက်နေရတယ်လို့ အစောပိုင်းမှာ လိမ်လည်ထွက်ဆိုခဲ့ပါတယ်။

ရဲတပ်ဖွဲ့က သံသယရှိတာကြောင့် နေအိမ်တွင်း ဝင်ရောက်ရှာဖွေစစ်ဆေးရာ ဧည့်ခန်းကြမ်းပြင်ပေါ်မှာ အရိုးစုသာ ကျန်ရှိတော့တဲ့ မိခင်ဖြစ်သူရဲ့ ရုပ်အလောင်းကို တွေ့ရရှိခဲ့ရတယ်လို့ ဆိုပါတယ်။

ရုပ်အလောင်းတွေ့ရှိချိန်မှာလည်း ဟာရှီဇူမဲ က “ဒီအလောင်းက ကျွန်တော့်အမေပါ၊ ဒီနေ့အထိ အသက်ရှင်နေသေးတာပါ” လို့ ထပ်မံပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ကနဦးစစ်ဆေးချက်တွေအရ အလုပ်လက်မဲ့တဦးဖြစ်တဲ့ ဟာရှီဇူမဲဟာ လွန်ခဲ့တဲ့ ၂ နှစ်ခန့်ကတည်းက သေဆုံးသွားခဲ့တယ်လို့ ယူဆရတဲ့ မိခင်ဖြစ်သူရဲ့ ရုပ်အလောင်းနဲ့ အတူ ဆက်လက်နေထိုင်လာခဲ့ခြင်းဖြစ်ပြီး၊ ရုပ်အလောင်းပေါ်မှာ ပြင်ပဒဏ်ရာရရှိတဲ့ လက္ခဏာရပ်တွေတော့ မတွေ့ရှိရဘူးလို့ ဆိုပါတယ်။

လက်ရှိမှာ ဟာရှီဇူမဲကို မိခင်ဖြစ်သူရဲ့ ရုပ်အလောင်းကို ဖုံးကွယ်ထားမှု သံသယနဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေပြီး၊ မိခင်ဖြစ်သူ သေဆုံးရတဲ့ အကြောင်းရင်းနဲ့ သက်ကြီးပင်စင် ဆက်လက်ထုတ်ယူရန် ရည်ရွယ်ချက် ရှိ၊ မရှိကိုပါ အသေးစိတ် စုံစမ်းစစ်ဆေးနေလို့ သိရပါတယ်။

အလားတူ စပိန်နိုင်ငံမှာလည်း ပြီးခဲ့တဲ့လက အသက် ၂၅ နှစ်အရွယ် အမျိုးသားတဦးဟာ ဖခင်ဖြစ်သူရဲ့ ပုပ်ပွနေတဲ့ ရုပ်အလောင်းကို ဗီရိုထဲမှာ ၁ နှစ်ခွဲကြာ ဝှက်ထားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။ စပိန်ရဲတပ်ဖွဲ့ကတော့ အဆိုပါအမျိုးသားဟာ ဖခင်ဖြစ်သူရဲ့ ပင်စင်ငွေတွေကို ဆက်လက်ရရှိဖို့အတွက် အခုလို လုပ်ဆောင်ခဲ့တာလို့ ယူဆထားပါတယ်။

Ref & Photo: The Sun

မြို့တော် News Channel

ဓာတ်ပုံများ (3)

ဆက်စပ် သတင်းများ

ပါကစ္စတန်မှာ ကျောင်းခေါင်မိုးပြိုကျလို့ အနည်းဆုံး ၃၅ ဦး သေဆုံးပြီး ၅၀ ကျော်ဒဏ်ရာရ နိုင်ငံတကာသတင်း

ပါကစ္စတန်မှာ ကျောင်းခေါင်မိုးပြိုကျလို့ အနည်းဆုံး ၃၅ ဦး သေဆုံးပြီး ၅၀ ကျော်ဒဏ်ရာရ

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ပီရှာဝါမြို့မှာ ပုဂ္ဂလိကကျောင်းတကျောင်းရဲ့ ခေါင်မိုး ပြိုကျပျက်စီးခဲ့တာကြောင့် ကလေး ၃၄ ယောက်နဲ့ ဆရာမတယောက် အပါအဝင် အနည်းဆုံး ၃၅ ဦး…

ဖတ်ရန်
နျူကလီးယားလက်နက် ဖျက်သိမ်းရေး ရုရှား၊ တရုတ်တို့နဲ့ ဆွေးနွေးနေတယ်လို့ ထရမ့် ပြော နိုင်ငံတကာသတင်း

နျူကလီးယားလက်နက် ဖျက်သိမ်းရေး ရုရှား၊ တရုတ်တို့နဲ့ ဆွေးနွေးနေတယ်လို့ ထရမ့် ပြော

နျူကလီးယားထိပ်ဖူး အများဆုံးပိုင်ဆိုင်ထားတဲ့ နိုင်ငံတွေအကြား နျူကလီးယားလက်နက်တွေ လျှော့ချဖျက်သိမ်းဖို့ ရုရှား၊ တရုတ်တို့နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က အောက်တိုဘာ ၁၅…

ဖတ်ရန်
ဗန်ဂိုးရဲ့ နှစ်ပေါင်း ၆၀ ကျော် အများပြည်သူရှေ့က ပျောက်ကွယ်နေခဲ့တဲ့ ပန်းချီကား လေလံတင်မယ် နိုင်ငံတကာသတင်း

ဗန်ဂိုးရဲ့ နှစ်ပေါင်း ၆၀ ကျော် အများပြည်သူရှေ့က ပျောက်ကွယ်နေခဲ့တဲ့ ပန်းချီကား လေလံတင်မယ်

ကမ္ဘာကျော် ဒတ်ခ်ျပန်းချီဆရာကြီး ဗင်းဆင့် ဗန်ဂိုးရဲ့ နှစ်ပေါင်း ၆၀ ကျော် အများပြည်သူရှေ့က ပျောက်ကွယ်နေခဲ့တဲ့ ရှားပါးလက်ရာတခုကို လာမယ့် နိုဝင်ဘာလ ၁၈ ရက်နေ့…

ဖတ်ရန်
နီပေါနိုင်ငံမှာ ရုတ်တရက် ရေကြီးမြေပြိုမှု ထပ်မံဖြစ်ပွားပြီး လူ ၅ ဦး ပျောက်ဆုံးနေ နိုင်ငံတကာသတင်း

နီပေါနိုင်ငံမှာ ရုတ်တရက် ရေကြီးမြေပြိုမှု ထပ်မံဖြစ်ပွားပြီး လူ ၅ ဦး ပျောက်ဆုံးနေ

နီပေါနိုင်ငံမှာ ရုတ်တရက် ရေကြီးရေလျှံမှု နောက်တစ်ကြိမ် ထပ်မံဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူ ၅ ဦး ပျောက်ဆုံးနေပြီး နီပေါစစ်တပ်က ဘေးသင့်ဒေသတွေဆီကို သွားရောက်ကာ အရေးပေါ်…

ဖတ်ရန်