အရေးပေါ်
နိုင်ငံတကာသတင်း

မလေးရှားက မြန်မာဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေး UNHCR ပါဝင်ပတ်သက်ခြင်းမရှိ၊ မြန်မာနိုင်ငံ မလုံခြုံသေးကြောင်း သတိပေး

၂၀၂၆ စက်တင်ဘာ ၁ Myo Taw
မလေးရှားက မြန်မာဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေး UNHCR ပါဝင်ပတ်သက်ခြင်းမရှိ၊ မြန်မာနိုင်ငံ မလုံခြုံသေးကြောင်း သတိပေး

မလေးရှားက မြန်မာဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေး UNHCR ပါဝင်ပတ်သက်ခြင်းမရှိ၊ မြန်မာနိုင်ငံ မလုံခြုံသေးကြောင်း သတိပေး

စက်တင်ဘာ ၁

မလေးရှားအစိုးရက မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့ဖို့ စီစဉ်နေတဲ့ အစီအစဉ်မှာ UNHCR အနေနဲ့ ပါဝင်ပတ်သက်ခြင်း မရှိသလို လက်ရှိ မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ လုံခြုံမှုမရှိသေးဘူးလို့ UNHCR က သတိပေးလိုက်ပါတယ်။

မလေးရှားပြည်ထဲရေးဝန်ကြီးဌာနကတော့ ဆန္ဒအလျောက် နေရပ်ပြန်ပို့ရေးအစီအစဉ်ရဲ့ ပထမအသုတ်အဖြစ် မြန်မာဒုက္ခသည် ၁,၄၇၆ ယောက်ကို လာမယ့် စက်တင်ဘာ ၂၉ ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာဒုက္ခသည် ၅,၀၀၀ ကို ပြန်လည်လက်ခံဖို့ မြန်မာဘက်က သဘောတူထားတယ်လို့ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က အစောပိုင်းမှာ ပြောဆိုထားပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် ဘေးကင်းလုံခြုံပြီး ဂုဏ်သိက္ခာရှိစွာ ဆန္ဒအလျောက် နေရပ်ပြန်နိုင်ရေးအတွက် လိုအပ်တဲ့ အခြေအနေတွေ မရှိသေးဘူးလို့ UNHCR က ဆိုပါတယ်။

နိုင်ငံတကာဓလေ့ထုံးတမ်းဥပဒေအရ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေ ထိခိုက်နစ်နာနိုင်ခြေရှိတဲ့ နိုင်ငံဆီကို ဘယ်သူ့ကိုမှ ပို့ဆောင်ခြင်းမပြုသင့်သလို ဒုက္ခသည်တွေရဲ့ နေရပ်ပြန်မှုဟာ အခြေအနေမှန်တွေကို အပြည့်အဝ သိရှိနားလည်ပြီး ကိုယ်တိုင်ဆုံးဖြတ်တဲ့ ဆန္ဒအလျောက် နေရပ်ပြန်မှုမျိုးသာ ဖြစ်ရမှာဖြစ်ပြီး ဘေးကင်းလုံခြုံမှုနဲ့ ဂုဏ်သိက္ခာရှိတဲ့ အခြေအနေမျိုးမှာပဲ ဆောင်ရွက်ရမယ်လို့လည်း UNHCR က ဆိုပါတယ်။

UNHCR ရဲ့ ဖေဖော်ဝါရီလ စာရင်းအရ မလေးရှားနိုင်ငံမှာ ရိုဟင်ဂျာနဲ့ ချင်းတိုင်းရင်းသားတွေ အပါအဝင် မြန်မာဒုက္ခသည် ၁၉၃,၈၀၀ ဝန်းကျင် ရှိနေတယ်လို့ ဖော်ပြထားပြီး၊ မှတ်ပုံတင်ထားခြင်းမရှိသေးတဲ့ ဒုက္ခသည်တွေ အများအပြား ကျန်ရှိနေသေးတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောဆိုထားတယ်။

Ref & Photo; Reuters


မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

ပါကစ္စတန်မှာ ကျောင်းခေါင်မိုးပြိုကျလို့ အနည်းဆုံး ၃၅ ဦး သေဆုံးပြီး ၅၀ ကျော်ဒဏ်ရာရ နိုင်ငံတကာသတင်း

ပါကစ္စတန်မှာ ကျောင်းခေါင်မိုးပြိုကျလို့ အနည်းဆုံး ၃၅ ဦး သေဆုံးပြီး ၅၀ ကျော်ဒဏ်ရာရ

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ပီရှာဝါမြို့မှာ ပုဂ္ဂလိကကျောင်းတကျောင်းရဲ့ ခေါင်မိုး ပြိုကျပျက်စီးခဲ့တာကြောင့် ကလေး ၃၄ ယောက်နဲ့ ဆရာမတယောက် အပါအဝင် အနည်းဆုံး ၃၅ ဦး…

ဖတ်ရန်
နျူကလီးယားလက်နက် ဖျက်သိမ်းရေး ရုရှား၊ တရုတ်တို့နဲ့ ဆွေးနွေးနေတယ်လို့ ထရမ့် ပြော နိုင်ငံတကာသတင်း

နျူကလီးယားလက်နက် ဖျက်သိမ်းရေး ရုရှား၊ တရုတ်တို့နဲ့ ဆွေးနွေးနေတယ်လို့ ထရမ့် ပြော

နျူကလီးယားထိပ်ဖူး အများဆုံးပိုင်ဆိုင်ထားတဲ့ နိုင်ငံတွေအကြား နျူကလီးယားလက်နက်တွေ လျှော့ချဖျက်သိမ်းဖို့ ရုရှား၊ တရုတ်တို့နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က အောက်တိုဘာ ၁၅…

ဖတ်ရန်
ဗန်ဂိုးရဲ့ နှစ်ပေါင်း ၆၀ ကျော် အများပြည်သူရှေ့က ပျောက်ကွယ်နေခဲ့တဲ့ ပန်းချီကား လေလံတင်မယ် နိုင်ငံတကာသတင်း

ဗန်ဂိုးရဲ့ နှစ်ပေါင်း ၆၀ ကျော် အများပြည်သူရှေ့က ပျောက်ကွယ်နေခဲ့တဲ့ ပန်းချီကား လေလံတင်မယ်

ကမ္ဘာကျော် ဒတ်ခ်ျပန်းချီဆရာကြီး ဗင်းဆင့် ဗန်ဂိုးရဲ့ နှစ်ပေါင်း ၆၀ ကျော် အများပြည်သူရှေ့က ပျောက်ကွယ်နေခဲ့တဲ့ ရှားပါးလက်ရာတခုကို လာမယ့် နိုဝင်ဘာလ ၁၈ ရက်နေ့…

ဖတ်ရန်
နီပေါနိုင်ငံမှာ ရုတ်တရက် ရေကြီးမြေပြိုမှု ထပ်မံဖြစ်ပွားပြီး လူ ၅ ဦး ပျောက်ဆုံးနေ နိုင်ငံတကာသတင်း

နီပေါနိုင်ငံမှာ ရုတ်တရက် ရေကြီးမြေပြိုမှု ထပ်မံဖြစ်ပွားပြီး လူ ၅ ဦး ပျောက်ဆုံးနေ

နီပေါနိုင်ငံမှာ ရုတ်တရက် ရေကြီးရေလျှံမှု နောက်တစ်ကြိမ် ထပ်မံဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူ ၅ ဦး ပျောက်ဆုံးနေပြီး နီပေါစစ်တပ်က ဘေးသင့်ဒေသတွေဆီကို သွားရောက်ကာ အရေးပေါ်…

ဖတ်ရန်