အရေးပေါ်
နိုင်ငံတကာသတင်း

ရာသီဥတု ဆိုးရွားမှုကြောင့် နီပေါရေဘေးကယ်ဆယ်ရေး ယာယီရပ်ဆိုင်း၊ ဘေးအန္တရာယ် ကိုင်တွယ်ဖြေရှင်းဖို့ နိုင်ငံခြားနည်းပညာအကူအညီ လိုအပ်နေ

၂၀၂၆ သြဂုတ် ၂၉ Myo Taw
ရာသီဥတု ဆိုးရွားမှုကြောင့် နီပေါရေဘေးကယ်ဆယ်ရေး ယာယီရပ်ဆိုင်း၊ ဘေးအန္တရာယ် ကိုင်တွယ်ဖြေရှင်းဖို့ နိုင်ငံခြားနည်းပညာအကူအညီ လိုအပ်နေ

နီပေါနိုင်ငံမှာ ဩဂုတ်လ ၂၆ ရက်က ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုကြောင့် အကြီးအကျယ် ပျက်စီးဆုံးရှုံးခဲ့ပြီး ရာသီဥတုဆိုးရွားမှုကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဩဂုတ်လ ၂၉ ရက်မှာ ယာယီရပ်ဆိုင်းထားရတယ်လို့ သိရပါတယ်။

အဆိုပါ ဘေးအန္တရာယ်ကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ နိုင်ငံခြားက နည်းပညာပိုင်းဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့လည်း နီပေါအစိုးရဘက်က ပြောပါတယ်။

လူဦးရေ သန်း ၃၀ ခန့်ရှိတဲ့ ဟိမဝန္တာတောင်တန်းနိုင်ငံ နီပေါမှာ ဩဂုတ်လ ၂၆ ရက်က ဖြစ်ပွားခဲ့တဲ့ ရေဘေးကြောင့် ပျက်စီးဆုံးရှုံးမှုတွေကို ပြန်လည်ထူထောင်ဖို့ အမေရိကန်ဒေါ်လာ ၄ ဘီလီယံကနေ ၅ ဘီလီယံအထိ လိုအပ်နိုင်တယ်လို့ နီပေါဘဏ္ဍာရေးဝန်ကြီးက ရိုက်တာသတင်းဌာနကို ပြောထားပါတယ်။

အဆိုပါရေဘေးဟာ ရေခဲမြစ်ပြိုကျမှုကြောင့် စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ကျောက်တုံး၊ ရေခဲ၊ ရွှံ့နွံနဲ့ အပျက်အစီးတွေ ပါဝင်တဲ့ တောင်ကျရေစီးကြောင်းဟာ တောင်တန်းဒေသက မြစ်ကြောင်းတွေအတိုင်း တဟုန်ထိုး စီးဆင်းခဲ့တာပါ။

အဲဒီတောင်ကျရေစီးကြောင်းကြောင့် လမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ အဆောက်အအုံတွေ၊ တံတားတွေနဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ ပျက်စီးခဲ့သလို နီပေါနိုင်ငံမှာ အနည်းဆုံး ၆၂၆ ဦးနဲ့ တရုတ်နိုင်ငံ တိဘက်ဒေသမှာ ၇ ဦး သေဆုံးခဲ့ပါတယ်။

လက်ရှိအချိန်အထိ နီပေါနိုင်ငံမှာ ၂,၄၂၆ ဦးနဲ့ တိဘက်ဒေသ ဂျီရောင်ခရိုင်မှာ အနည်းဆုံး ၅၅၄ ဦးအပါအဝင် စုစုပေါင်း လူ ၃,၀၀၀ နီးပါး ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ ပျောက်ဆုံးသူတွေထဲမှာ နိုင်ငံခြားသား အနည်းဆုံး ၅၄၀ ဦး ပါဝင်ပြီး အများစုဟာ အိန္ဒိယနိုင်ငံက ဟိန္ဒူဘာသာဝင် ဘုရားဖူးတွေ ဖြစ်တယ်လို့ သိရပါတယ်။

Ref & Photo; Reuters

ဓာတ်ပုံများ (9)

ဆက်စပ် သတင်းများ

ဗန်ဂိုးရဲ့ နှစ်ပေါင်း ၆၀ ကျော် အများပြည်သူရှေ့က ပျောက်ကွယ်နေခဲ့တဲ့ ပန်းချီကား လေလံတင်မယ် နိုင်ငံတကာသတင်း

ဗန်ဂိုးရဲ့ နှစ်ပေါင်း ၆၀ ကျော် အများပြည်သူရှေ့က ပျောက်ကွယ်နေခဲ့တဲ့ ပန်းချီကား လေလံတင်မယ်

ကမ္ဘာကျော် ဒတ်ခ်ျပန်းချီဆရာကြီး ဗင်းဆင့် ဗန်ဂိုးရဲ့ နှစ်ပေါင်း ၆၀ ကျော် အများပြည်သူရှေ့က ပျောက်ကွယ်နေခဲ့တဲ့ ရှားပါးလက်ရာတခုကို လာမယ့် နိုဝင်ဘာလ ၁၈ ရက်နေ့…

ဖတ်ရန်
နီပေါနိုင်ငံမှာ ရုတ်တရက် ရေကြီးမြေပြိုမှု ထပ်မံဖြစ်ပွားပြီး လူ ၅ ဦး ပျောက်ဆုံးနေ နိုင်ငံတကာသတင်း

နီပေါနိုင်ငံမှာ ရုတ်တရက် ရေကြီးမြေပြိုမှု ထပ်မံဖြစ်ပွားပြီး လူ ၅ ဦး ပျောက်ဆုံးနေ

နီပေါနိုင်ငံမှာ ရုတ်တရက် ရေကြီးရေလျှံမှု နောက်တစ်ကြိမ် ထပ်မံဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူ ၅ ဦး ပျောက်ဆုံးနေပြီး နီပေါစစ်တပ်က ဘေးသင့်ဒေသတွေဆီကို သွားရောက်ကာ အရေးပေါ်…

ဖတ်ရန်
သူ့ကို နိုဘယ်လ်ငြိမ်းချမ်းရေးဆု မပေးလို့ နော်ဝေအတွက် “ဖျောက်ဖျက်မရတဲ့ သမိုင်းအမည်းစက်” ကျန်ခဲ့ပြီလို့ ထရမ့်ပြော နိုင်ငံတကာသတင်း

သူ့ကို နိုဘယ်လ်ငြိမ်းချမ်းရေးဆု မပေးလို့ နော်ဝေအတွက် “ဖျောက်ဖျက်မရတဲ့ သမိုင်းအမည်းစက်” ကျန်ခဲ့ပြီလို့ ထရမ့်ပြော

သူ့ကို နိုဘယ်လ်ငြိမ်းချမ်းရေးဆု မပေးခဲ့တဲ့အပေါ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က မကျေမနပ် ထပ်မံထုတ်ဖော်ပြောဆိုလိုက်ပြီး၊ ဒါဟာ အလွန်ရှက်စရာကောင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်သလို နော်ဝေနိုင်ငံ အတွက်လည်း ဘယ်တော့မှ…

ဖတ်ရန်