အရေးပေါ်
နိုင်ငံတကာသတင်း

စစ်ဘက်သုံး ဒရုန်းတပ်ဖွဲ့ တိုးချဲ့ရေး အထူးဘတ်ဂျက် အမေရိကန်ဒေါ်လာ ၆ ဘီလီယံနီးပါးကို ထိုင်ဝမ်လွှတ်တော် ပယ်ချ

၂၀၂၆ သြဂုတ် ၂၉ Myo Taw
စစ်ဘက်သုံး ဒရုန်းတပ်ဖွဲ့ တိုးချဲ့ရေး အထူးဘတ်ဂျက် အမေရိကန်ဒေါ်လာ ၆ ဘီလီယံနီးပါးကို ထိုင်ဝမ်လွှတ်တော် ပယ်ချ

ထိုင်ဝမ်စစ်တပ်ရဲ့ ဒရုန်းတပ်ဖွဲ့ကို အကြီးအကျယ် တိုးချဲ့ဖို့ အစိုးရက တင်သွင်းထားတဲ့ ထိုင်ဝမ်ဒေါ်လာ ၂၁၀ ဘီလီယံ (ယူကေပေါင် ၄ ဒသမ ၉ ဘီလီယံခန့်) အထူးဘတ်ဂျက် အစီအစဉ်ကို ထိုင်ဝမ်လွှတ်တော်က ပယ်ချလိုက်ပါတယ်။

လွှတ်တော်အနေနဲ့ အဆိုပါ အဆိုပြုချက်အစား အတိုက်အခံပါတီရဲ့ တစ်နှစ်လျှင် ထိုင်ဝမ်ဒေါ်လာ ဘီလီယံ ၄၀ စီ ခွဲဝေသုံးစွဲရေး အစီအစဉ်ကိုသာ အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီး ဝယ်လင်တန်ကူးကတော့ တရုတ်ရဲ့ စစ်ရေးခြိမ်းခြောက်မှုတွေ မြင့်တက်နေချိန်မှာ ၂၀၃၁ ခုနှစ်အထိ စစ်ဘက်သုံး ဒရုန်းအစီးရေ ၂ သိန်း ၁ သောင်းကျော် ဝယ်ယူဖို့ အစိုးရဘက်က စီစဉ်ခဲ့ပေမယ့် လွှတ်တော်ရဲ့ အခုလို ကန့်သတ်လိုက်မှုဟာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်ရေး စွမ်းရည် မြှင့်တင်ရေးကို အဟန့်အတား ဖြစ်စေနိုင်တယ်လို့ သတိပေးပြောဆိုထားပါတယ်။

အာဏာရ ဒီမိုကရက်တစ် တိုးတက်ရေးပါတီ (DPP) ကလည်း ဘတ်ဂျက်စိစစ်မှု ကြန့်ကြာနေခြင်းဟာ နိုင်ငံရဲ့ အရေးပေါ် ကာကွယ်ရေး လိုအပ်ချက်တွေအတွက် မရေရာမှုတွေ ပေါ်ပေါက်စေတယ်လို့ ထောက်ပြထားပါတယ်။

ဒါပေမယ့်လည်း အဓိကအတိုက်အခံ ကူမင်တန်ပါတီမှ လွှတ်တော်အမတ်က အစိုးရအနေနဲ့ ထိန်းကျောင်းစိစစ်မှု မရှိဘဲ ဘတ်ဂျက်တောင်းခံလို့ မရကြောင်းနဲ့ အတိုက်အခံတွေရဲ့ အစီအစဉ်ကသာ ဘတ်ဂျက်သုံးစွဲမှုကို ပိုမို ထိရောက်စွာ စိစစ်နိုင်မှာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

ထိုင်ဝမ် ဝန်ကြီးချုပ် ချိုဂျောင်တိုင်ကတော့ လွှတ်တော်က အတည်ပြုလိုက်တဲ့ ဥပဒေကြမ်းဟာ နိုင်ငံရဲ့ ကာကွယ်ရေး လိုအပ်ချက်နဲ့ ဒရုန်းစက်မှုလုပ်ငန်း တိုးတက်ရေးတို့အတွက် ကိုက်ညီမှု ရှိ၊ မရှိ သေချာစိစစ် သုံးသပ်သွားမယ်လို့ ပြောဆိုထားပါတယ်။

Ref; The Independent

Photo;Reuters

ဆက်စပ် သတင်းများ

ဗန်ဂိုးရဲ့ နှစ်ပေါင်း ၆၀ ကျော် အများပြည်သူရှေ့က ပျောက်ကွယ်နေခဲ့တဲ့ ပန်းချီကား လေလံတင်မယ် နိုင်ငံတကာသတင်း

ဗန်ဂိုးရဲ့ နှစ်ပေါင်း ၆၀ ကျော် အများပြည်သူရှေ့က ပျောက်ကွယ်နေခဲ့တဲ့ ပန်းချီကား လေလံတင်မယ်

ကမ္ဘာကျော် ဒတ်ခ်ျပန်းချီဆရာကြီး ဗင်းဆင့် ဗန်ဂိုးရဲ့ နှစ်ပေါင်း ၆၀ ကျော် အများပြည်သူရှေ့က ပျောက်ကွယ်နေခဲ့တဲ့ ရှားပါးလက်ရာတခုကို လာမယ့် နိုဝင်ဘာလ ၁၈ ရက်နေ့…

ဖတ်ရန်
နီပေါနိုင်ငံမှာ ရုတ်တရက် ရေကြီးမြေပြိုမှု ထပ်မံဖြစ်ပွားပြီး လူ ၅ ဦး ပျောက်ဆုံးနေ နိုင်ငံတကာသတင်း

နီပေါနိုင်ငံမှာ ရုတ်တရက် ရေကြီးမြေပြိုမှု ထပ်မံဖြစ်ပွားပြီး လူ ၅ ဦး ပျောက်ဆုံးနေ

နီပေါနိုင်ငံမှာ ရုတ်တရက် ရေကြီးရေလျှံမှု နောက်တစ်ကြိမ် ထပ်မံဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူ ၅ ဦး ပျောက်ဆုံးနေပြီး နီပေါစစ်တပ်က ဘေးသင့်ဒေသတွေဆီကို သွားရောက်ကာ အရေးပေါ်…

ဖတ်ရန်
သူ့ကို နိုဘယ်လ်ငြိမ်းချမ်းရေးဆု မပေးလို့ နော်ဝေအတွက် “ဖျောက်ဖျက်မရတဲ့ သမိုင်းအမည်းစက်” ကျန်ခဲ့ပြီလို့ ထရမ့်ပြော နိုင်ငံတကာသတင်း

သူ့ကို နိုဘယ်လ်ငြိမ်းချမ်းရေးဆု မပေးလို့ နော်ဝေအတွက် “ဖျောက်ဖျက်မရတဲ့ သမိုင်းအမည်းစက်” ကျန်ခဲ့ပြီလို့ ထရမ့်ပြော

သူ့ကို နိုဘယ်လ်ငြိမ်းချမ်းရေးဆု မပေးခဲ့တဲ့အပေါ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က မကျေမနပ် ထပ်မံထုတ်ဖော်ပြောဆိုလိုက်ပြီး၊ ဒါဟာ အလွန်ရှက်စရာကောင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်သလို နော်ဝေနိုင်ငံ အတွက်လည်း ဘယ်တော့မှ…

ဖတ်ရန်