အရေးပေါ်
နိုင်ငံတကာသတင်း

မြန်မာနိုင်ငံသားတွေရဲ့ အမည်ခံနဲ့ ရှယ်ယာထည့်ဝင် ပိုင်ဆိုင်ထားတဲ့ ဘတ် ၁၈၅ သန်းကျော်တန်ဖိုးရှိ အိမ်ခြံမြေတွေ ထိုင်း DSI သိမ်းဆည်း

၂၀၂၆ အောက်တိုဘာ ၂၃ Myo Taw
မြန်မာနိုင်ငံသားတွေရဲ့ အမည်ခံနဲ့ ရှယ်ယာထည့်ဝင် ပိုင်ဆိုင်ထားတဲ့ ဘတ် ၁၈၅ သန်းကျော်တန်ဖိုးရှိ အိမ်ခြံမြေတွေ ထိုင်း DSI သိမ်းဆည်း

မြန်မာနိုင်ငံသားတွေရဲ့ အမည်ခံနဲ့ ရှယ်ယာထည့်ဝင် ပိုင်ဆိုင်ထားတဲ့ ဘတ် ၁၈၅ သန်းကျော်တန်ဖိုးရှိ အိမ်ခြံမြေတွေ ထိုင်း DSI သိမ်းဆည်း

အောက်တိုဘာ ၂၃

ထိုင်းနိုင်ငံမှာ Bitcoin တရားမဝင်တူးဖော်မှုနဲ့ ဆက်စပ်ပြီး မြန်မာနိုင်ငံသားတွေ နာမည်ခံနဲ့ ရှယ်ယာထည့်ဝင်ထားတဲ့ ဘတ် ၁၈၅ သန်းကျော်တန်ဖိုးရှိ အိမ်ခြံမြေနဲ့ ကွန်ဒိုခန်းတွေကို ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI) က ဖော်ထုတ်သိမ်းဆည်းလိုက်ပါတယ်။

သိမ်းဆည်းရမိတဲ့ ပိုင်ဆိုင်မှုတွေထဲမှာ ချွန်ဘူရီခရိုင်၊ ဘန်းလမွန်းက ဘတ် ၁၀၆ သန်းကျော်တန်ဖိုးရှိ သုံးထပ်တိုက် အဆောက်အအုံ ပါဝင်ပြီး အဆိုပါအဆောက်အအုံကို ပိုင်ဆိုင်တဲ့ ကုမ္ပဏီမှာ မြန်မာနိုင်ငံသား ၂ ဦး က ရှယ်ယာ ၄၉ ရာခိုင်နှုန်းနဲ့ ထိုင်းနိုင်ငံသား ၂ ဦးက ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်ထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဘန်ကောက်မြို့၊ ဟွိုင်ခွမ်က ဘတ် ၇၉ သန်းခန့် တန်ဖိုးရှိတဲ့ ကွန်ဒိုတိုက်ခန်း ၁၅ ခန်းကိုလည်း မြန်မာနိုင်ငံသား ၅ ဦးရဲ့ နာမည်နဲ့ ဝယ်ယူမှတ်ပုံတင်ထားတယ်လို့ ဆိုပါတယ်။

အဆိုပါ အိမ်ခြံမြေတွေဟာ လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲကာ Bitcoin တရားမဝင်တူးဖော်တဲ့ ကွန်ရက်တွေနဲ့ ဆက်နွှယ်နေပြီး အောက်တိုဘာ ၂၂ ရက်မှာ (Operation Black Trace) အမည်နဲ့ စစ်ဆင်ရေးဖော်ဆောင်ကာ ဝင်ရောက်စီးနင်း သိမ်းဆည်းခဲ့တာ ဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် အဆိုပါ ပိုင်ဆိုင်မှုတွေအတွက် ငွေကြေးတွေ ဘယ်ကရလာသလဲဆိုတဲ့ ရင်းမြစ်အပြင် နာမည်ခံပိုင်ရှင်တွေနဲ့ ပြစ်မှုကျူးလွန်သူတွေအကြား ပတ်သက်ဆက်နွယ်မှု၊ နောက်ကွယ်က အကျိုးအမြတ်ရယူနေသူ အစစ်အမှန်တွေကို DSI ဘက်က ဆက်လက်စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ဒီအမှုဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလက ဆမွတ်ဆာခွန်ပြည်နယ်မှာ Bitcoin တူးဖော်ရေးစက် ၁,၇၈၈ လုံး သိမ်းဆည်းခဲ့တဲ့ “Bitforge” စစ်ဆင်ရေးနဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလက စက်နဲ့ဆက်စပ်ပစ္စည်းတွေ အပါအဝင် ဘတ်သန်း ၃၀၀ ကျော်တန်ဖိုးရှိ ပစ္စည်းတွေ သိမ်းဆည်းခဲ့တဲ့ “Operation Copperhead” စစ်ဆင်ရေးတို့နဲ့လည်း ဆက်စပ်နေတယ်လို့ သိရပါတယ်။

အဆိုပါ ကွန်ရက်ဟာ ငွေမည်းလုပ်ငန်းတွေအပြင် နယ်စပ်ဖြတ်ကျော် ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေနဲ့လည်း ဆက်စပ်နေပြီး ငွေကြေးလည်ပတ်မှုပမာဏ ဘတ်သန်း ၅,၀၀၀ ကျော်ရှိကာ နိုင်ငံတော်ဘဏ္ဍာငွေ ဘတ်သန်း ၃,၀၀၀ ကျော် ဆုံးရှုံးခဲ့ရတယ်လို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။

လက်ရှိအချိန်အထိ သံသယရှိသူ ၂၅ ဦးကို ဖော်ထုတ်ထားပြီး ၆ ဦးကို တရားစွဲဆိုထားသလို အသစ်ထုတ်ပြန်လိုက်တဲ့ ဖမ်းဝရမ်း ၇ ခု အပါအဝင် ၁၉ ဦးကို ဖမ်းဝရမ်းထုတ်ထားတယ်လို့ သိရပါတယ်။

သံသယရှိသူတွေထဲမှာ တရုတ်နိုင်ငံသား ၅ ဦး၊ ထိုင်းနိုင်ငံသား ၆ ဦး၊ မြန်မာနိုင်ငံသား ၁၃ ဦးနဲ့ ကုမ္ပဏီတခု ပါဝင်နေပြီး ခိုးယူမှု၊ ကွန်ပျူတာမှုခင်းဆိုင်ရာ ဥပဒေချိုးဖောက်မှုနဲ့ ငွေကြေးခဝါချမှု စတဲ့ ပုဒ်မတွေနဲ့ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Ref & Photo: Chiangmai Post

မြို့တော် News Channel

ဓာတ်ပုံများ (18)

ဆက်စပ် သတင်းများ

တိဗက်ဒေသမှာ ပြင်းအား ၇ အဆင့်ရှိ အင်အားပြင်းငလျင် လှုပ်ခတ်ပြီး ၁၆ ဦး သေဆုံးကာ ၃၂ ဦး ဒဏ်ရာရ နိုင်ငံတကာသတင်း

တိဗက်ဒေသမှာ ပြင်းအား ၇ အဆင့်ရှိ အင်အားပြင်းငလျင် လှုပ်ခတ်ပြီး ၁၆ ဦး သေဆုံးကာ ၃၂ ဦး ဒဏ်ရာရ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ အောက်တိုဘာ ၂၂ ရက်နေ့ ညပိုင်းက ရစ်ချ်တာစကေး ၇ အဆင့်ရှိတဲ့ အင်အားပြင်းငလျင်တခု လှုပ်ခတ်သွားခဲ့တာကြောင့် လူ ၁၆…

ဖတ်ရန်
ထိုင်ဝမ်မှာ တိုင်ဖွန်းမုန်တိုင်း ချန်ပီကြောင့် လုပ်ငန်းအများစု ရပ်နားထားရပြီး လေကြောင်းခရီးစဉ် ၉၀၀ ကျော် ဖျက်သိမ်းခဲ့ရ နိုင်ငံတကာသတင်း

ထိုင်ဝမ်မှာ တိုင်ဖွန်းမုန်တိုင်း ချန်ပီကြောင့် လုပ်ငန်းအများစု ရပ်နားထားရပြီး လေကြောင်းခရီးစဉ် ၉၀၀ ကျော် ဖျက်သိမ်းခဲ့ရ

တိုင်ဖွန်းမုန်တိုင်း ချန်ပီ (Champi) ဝင်ရောက်လာနိုင်တာကြောင့် ထိုင်ဝမ်ကျွန်းတဝန်းမှာ လုပ်ငန်းအများစု ရပ်နားထားရပြီး ပြည်တွင်းနဲ့ နိုင်ငံတကာ လေကြောင်းခရီးစဉ် စုစုပေါင်း ၉၃၁ ခု ဖျက်သိမ်းလိုက်ရပါတယ်။

ဖတ်ရန်
ယူကရိန်းစစ်တပ်သုံး Starlink အင်တာနက်လိုင်းကို အရှိန်လျှော့ချဖို့ အီလွန်မတ်စ်ခ် ညွှန်ကြားခဲ့တယ်လို့ WSJ ဖော်ပြ နိုင်ငံတကာသတင်း

ယူကရိန်းစစ်တပ်သုံး Starlink အင်တာနက်လိုင်းကို အရှိန်လျှော့ချဖို့ အီလွန်မတ်စ်ခ် ညွှန်ကြားခဲ့တယ်လို့ WSJ ဖော်ပြ

ယူကရိန်းစစ်တပ်က အဓိကအားထား အသုံးပြုနေတဲ့ SpaceX ကုမ္ပဏီရဲ့ စစ်ဘက်သုံး Starlink ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှုကို အရှိန်လျှော့ချကန့်သတ်ဖို့ အီလွန်မတ်စ်ခ်က ညွှန်ကြားခဲ့တယ်လို့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေကို…

ဖတ်ရန်
AI chatbot နဲ့ စကားပြောရင်း ကလေးထိန်းကျောင်းမှာ အစုလိုက်အပြုံလိုက် ပစ်ခတ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အမျိုးသား ဖမ်းဆီးခံရ နိုင်ငံတကာသတင်း

AI chatbot နဲ့ စကားပြောရင်း ကလေးထိန်းကျောင်းမှာ အစုလိုက်အပြုံလိုက် ပစ်ခတ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အမျိုးသား ဖမ်းဆီးခံရ

သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ Claude AI chatbot နဲ့ စကားပြောဆိုချိန်အတွင်း အနီးအနားက ကလေးထိန်းကျောင်းကို အစုလိုက်အပြုံလိုက် ပစ်ခတ်တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အမျိုးသားတဦးကို ရဲတပ်ဖွဲ့က…

ဖတ်ရန်