အရေးပေါ်
နိုင်ငံတကာသတင်း

ကလေးသူငယ်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေ ဥပဒေမဲ့ စုဆောင်းအသုံးပြုခဲ့မှုအတွက် ဒေါ်လာ သန်း ၄၀၀ ပေးဆောင်ဖို့ TikTok သဘောတူ

၂၀၂၆ သြဂုတ် ၂၂ Myo Taw
ကလေးသူငယ်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေ ဥပဒေမဲ့ စုဆောင်းအသုံးပြုခဲ့မှုအတွက် ဒေါ်လာ သန်း ၄၀၀ ပေးဆောင်ဖို့ TikTok သဘောတူ

TikTok နဲ့ မိခင်ကုမ္ပဏီ ByteDance တို့ဟာ ကလေးသူငယ်တွေရဲ့ အွန်လိုင်းကိုယ်ရေးအချက်အလက်တွေကို ဥပဒေမဲ့ စုဆောင်းအသုံးပြုခဲ့တယ်ဆိုတဲ့ တရားစွဲဆိုမှုကို ဖြေရှင်းဖို့ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ပေးချေရန် သဘောတူညီလိုက်ကြောင်း အမေရိကန် တရားရေးဌာနက ထုတ်ပြန်လိုက်ပါတယ်။

၂၀၂၄ ခုနှစ်က TikTok ကို စတင် တရားစွဲဆိုခဲ့ပြီးနောက် TikTok ဘက်က အသက်မပြည့်သေးတဲ့ သုံးစွဲသူတွေကို ကာကွယ်ဖို့ လုံခြုံရေးစနစ်တွေ မြှင့်တင်တာ၊ အသက်အရွယ် စိစစ်ထိန်းချုပ်မှုတွေ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်တာနဲ့ မိဘတွေဘက်က စောင့်ကြည့်ထိန်းချုပ်နိုင်တဲ့ စနစ်တွေကို ပိုမိုထိရောက်အောင် ဆောင်ရွက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ အမေရိကန် တရားရေးဌာနက ဆိုပါတယ်။

တရားစွဲဆိုမှုမှာ TikTok ဟာ မိဘတွေရဲ့ ခွင့်ပြုချက်မရှိဘဲ အသက် ၁၃ နှစ်အောက် ကလေးတွေရဲ့ အီးမေးလ်လိပ်စာအပါအဝင် ကိုယ်ရေးအချက်အလက်တွေကို စုဆောင်းခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

အမေရိကန် ဖက်ဒရယ်ဥပဒေအရ အသက် ၁၃ နှစ်အောက် ကလေးတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို မိဘခွင့်ပြုချက်မရှိဘဲ စုဆောင်းအသုံးပြုတာကို တားမြစ်ထားပါတယ်။

ဒါ့အပြင် မိဘတွေက ကလေးတွေရဲ့ TikTok အကောင့်နဲ့ ကိုယ်ရေးအချက်အလက်တွေကို ဖျက်ပေးဖို့ တောင်းဆိုတဲ့အခါ TikTok ဘက်က မကြာခဏ ပျက်ကွက်ခဲ့သလို အဆိုပါပြဿနာကို ဖြေရှင်းဖို့ ကုမ္ပဏီရဲ့ အတွင်းပိုင်းမူဝါဒနဲ့ ကိုင်တွယ်ဆောင်ရွက်မှုတွေမှာလည်း အားနည်းချက်တွေ ရှိခဲ့တယ်လို့ တရားရေးဌာနက ဆိုပါတယ်။

ဒေါ်လာ သန်း ၄၀၀ ပေးချေပြီး အမှုကို ဖြေရှင်းလိုက်တဲ့ သဘောတူညီချက်ဟာ အမေရိကန်မိသားစုတွေအတွက် ပိုမိုကောင်းမွန်တဲ့ အွန်လိုင်း အကာအကွယ်ပေးမှုတွေကို အချိန်မဆိုင်းဘဲ ရရှိစေမှာဖြစ်ပြီး တရားစွဲဆိုမှုကို နှစ်ရှည်လများ ရင်ဆိုင်ခဲ့ရတာကြောင့် ဖြစ်လာနိုင်တဲ့ ကြန့်ကြာမှုနဲ့ မသေချာမရေရာမှုတွေကို ရှောင်ရှားနိုင်မယ်လို့ အမေရိကန် တရားရေးဌာနက ပြောဆိုထားပါတယ်။

Ref; NHK

Photo; Reuters

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

ဗန်ဂိုးရဲ့ နှစ်ပေါင်း ၆၀ ကျော် အများပြည်သူရှေ့က ပျောက်ကွယ်နေခဲ့တဲ့ ပန်းချီကား လေလံတင်မယ် နိုင်ငံတကာသတင်း

ဗန်ဂိုးရဲ့ နှစ်ပေါင်း ၆၀ ကျော် အများပြည်သူရှေ့က ပျောက်ကွယ်နေခဲ့တဲ့ ပန်းချီကား လေလံတင်မယ်

ကမ္ဘာကျော် ဒတ်ခ်ျပန်းချီဆရာကြီး ဗင်းဆင့် ဗန်ဂိုးရဲ့ နှစ်ပေါင်း ၆၀ ကျော် အများပြည်သူရှေ့က ပျောက်ကွယ်နေခဲ့တဲ့ ရှားပါးလက်ရာတခုကို လာမယ့် နိုဝင်ဘာလ ၁၈ ရက်နေ့…

ဖတ်ရန်
နီပေါနိုင်ငံမှာ ရုတ်တရက် ရေကြီးမြေပြိုမှု ထပ်မံဖြစ်ပွားပြီး လူ ၅ ဦး ပျောက်ဆုံးနေ နိုင်ငံတကာသတင်း

နီပေါနိုင်ငံမှာ ရုတ်တရက် ရေကြီးမြေပြိုမှု ထပ်မံဖြစ်ပွားပြီး လူ ၅ ဦး ပျောက်ဆုံးနေ

နီပေါနိုင်ငံမှာ ရုတ်တရက် ရေကြီးရေလျှံမှု နောက်တစ်ကြိမ် ထပ်မံဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူ ၅ ဦး ပျောက်ဆုံးနေပြီး နီပေါစစ်တပ်က ဘေးသင့်ဒေသတွေဆီကို သွားရောက်ကာ အရေးပေါ်…

ဖတ်ရန်
သူ့ကို နိုဘယ်လ်ငြိမ်းချမ်းရေးဆု မပေးလို့ နော်ဝေအတွက် “ဖျောက်ဖျက်မရတဲ့ သမိုင်းအမည်းစက်” ကျန်ခဲ့ပြီလို့ ထရမ့်ပြော နိုင်ငံတကာသတင်း

သူ့ကို နိုဘယ်လ်ငြိမ်းချမ်းရေးဆု မပေးလို့ နော်ဝေအတွက် “ဖျောက်ဖျက်မရတဲ့ သမိုင်းအမည်းစက်” ကျန်ခဲ့ပြီလို့ ထရမ့်ပြော

သူ့ကို နိုဘယ်လ်ငြိမ်းချမ်းရေးဆု မပေးခဲ့တဲ့အပေါ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က မကျေမနပ် ထပ်မံထုတ်ဖော်ပြောဆိုလိုက်ပြီး၊ ဒါဟာ အလွန်ရှက်စရာကောင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်သလို နော်ဝေနိုင်ငံ အတွက်လည်း ဘယ်တော့မှ…

ဖတ်ရန်