အရေးပေါ်
နိုင်ငံတကာသတင်း

အမေရိကန်မှာ ခိုလှုံခွင့်လျှောက်ထားသူတွေရဲ့ ဗီဇာတွေကို ရုပ်သိမ်းဖို့ ထရမ့်အစိုးရ စီစဉ်နေ

၂၀၂၆ သြဂုတ် ၂၅ Myo Taw

အမေရိကန်မှာ ခိုလှုံခွင့် (Asylum) လျှောက်ထားထားသူတွေနဲ့ လက်ရှိ လျှောက်ထားဆဲ နိုင်ငံခြားသားတွေရဲ့ ယာယီပြည်ဝင်ခွင့်ဗီဇာ (non-immigrant visas) တွေကို ရုပ်သိမ်းသွားဖို့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အစိုးရအဖွဲ့က စီစဉ်နေတယ်လို့ သိရပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ ကာလတို လာရောက်လည်ပတ်သူတွေအဖြစ် အမေရိကန်ကို ရောက်ရှိလာပြီးနောက် အမြဲတမ်းနေထိုင်ခွင့်ရဖို့ ခိုလှုံခွင့်လျှောက်ထားသူတွေကို စိစစ်ဖော်ထုတ်ပြီး ဗီဇာရုပ်သိမ်းနိုင်ဖို့ ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဗီဇာရုပ်သိမ်းမယ့် အရေအတွက်အတိအကျကိုတော့ နိုင်ငံခြားရေးဝန်ကြီးဌာနဘက်က ထုတ်ဖော်ပြောဆိုထားခြင်း မရှိသေးပါဘူး။

အေပီသတင်းဌာနကတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ စာရွက်စာတမ်းတွေနဲ့ အမေရိကန်အရာရှိ ၂ ဦးရဲ့ ပြောဆိုချက်တွေကို ကိုးကားပြီး စီးပွားရေးနဲ့ အလည်အပတ်ဗီဇာ ရုပ်သိမ်းခံရမယ့် နိုင်ငံခြားသားအရေအတွက်ဟာ ၂ သိန်းအထိ ရှိနိုင်တယ်လို့ ဖော်ပြပါတယ်။

အဆိုပါအစီအစဉ်သာ အကောင်အထည်ပေါ်လာခဲ့ရင် အမေရိကန်သမိုင်းမှာ အကြီးမားဆုံး အစုလိုက်အပြုံလိုက် ဗီဇာရုပ်သိမ်းမှု ဖြစ်လာနိုင်ပါတယ်။

အေပီသတင်းမှာ ဖော်ပြထားချက်အရ ၂၀၁၆ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အတွင်း ထုတ်ပေးထားတဲ့ B1 စီးပွားရေးဗီဇာနဲ့ B2 အလည်အပတ်ဗီဇာ ကိုင်ဆောင်ထားသူတွေထဲက ခိုလှုံခွင့် လျှောက်ထားထားသူ ဒါမှမဟုတ် လက်ရှိလျှောက်ထားဆဲဖြစ်သူတွေရဲ့ ဗီဇာတွေကို ရုပ်သိမ်းသွားမယ်လို့ ဆိုပါတယ်။

ဗီဇာရုပ်သိမ်းခံရတာနဲ့ ချက်ချင်း ပြည်နှင်ဒဏ်ပေးခံရမှာတော့ မဟုတ်ပါဘူး။ လက်ရှိ ခိုလှုံခွင့်အမှုတွေကို စောင့်ဆိုင်းနေသူ အများစုအနေနဲ့ အမှုကို ဆက်လက်စောင့်ဆိုင်းနိုင်ပေမယ့် စီးပွားရေးနဲ့ အလည်အပတ်ခရီးသွားလာသူအဖြစ် ရရှိထားတဲ့ ဗီဇာအဆင့်အတန်းကိုတော့ ဆုံးရှုံးရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဩဂုတ်လအစောပိုင်းမှာပဲ ထရမ့်အစိုးရလက်ထက်အတွင်း နိုင်ငံခြားသား ၁၇၅,၀၀၀ ကျော်ရဲ့ ဗီဇာတွေကို ရုပ်သိမ်းခဲ့ပြီးဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Ref & Photo; Reuters

ဆက်စပ် သတင်းများ

ဗန်ဂိုးရဲ့ နှစ်ပေါင်း ၆၀ ကျော် အများပြည်သူရှေ့က ပျောက်ကွယ်နေခဲ့တဲ့ ပန်းချီကား လေလံတင်မယ် နိုင်ငံတကာသတင်း

ဗန်ဂိုးရဲ့ နှစ်ပေါင်း ၆၀ ကျော် အများပြည်သူရှေ့က ပျောက်ကွယ်နေခဲ့တဲ့ ပန်းချီကား လေလံတင်မယ်

ကမ္ဘာကျော် ဒတ်ခ်ျပန်းချီဆရာကြီး ဗင်းဆင့် ဗန်ဂိုးရဲ့ နှစ်ပေါင်း ၆၀ ကျော် အများပြည်သူရှေ့က ပျောက်ကွယ်နေခဲ့တဲ့ ရှားပါးလက်ရာတခုကို လာမယ့် နိုဝင်ဘာလ ၁၈ ရက်နေ့…

ဖတ်ရန်
နီပေါနိုင်ငံမှာ ရုတ်တရက် ရေကြီးမြေပြိုမှု ထပ်မံဖြစ်ပွားပြီး လူ ၅ ဦး ပျောက်ဆုံးနေ နိုင်ငံတကာသတင်း

နီပေါနိုင်ငံမှာ ရုတ်တရက် ရေကြီးမြေပြိုမှု ထပ်မံဖြစ်ပွားပြီး လူ ၅ ဦး ပျောက်ဆုံးနေ

နီပေါနိုင်ငံမှာ ရုတ်တရက် ရေကြီးရေလျှံမှု နောက်တစ်ကြိမ် ထပ်မံဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူ ၅ ဦး ပျောက်ဆုံးနေပြီး နီပေါစစ်တပ်က ဘေးသင့်ဒေသတွေဆီကို သွားရောက်ကာ အရေးပေါ်…

ဖတ်ရန်
သူ့ကို နိုဘယ်လ်ငြိမ်းချမ်းရေးဆု မပေးလို့ နော်ဝေအတွက် “ဖျောက်ဖျက်မရတဲ့ သမိုင်းအမည်းစက်” ကျန်ခဲ့ပြီလို့ ထရမ့်ပြော နိုင်ငံတကာသတင်း

သူ့ကို နိုဘယ်လ်ငြိမ်းချမ်းရေးဆု မပေးလို့ နော်ဝေအတွက် “ဖျောက်ဖျက်မရတဲ့ သမိုင်းအမည်းစက်” ကျန်ခဲ့ပြီလို့ ထရမ့်ပြော

သူ့ကို နိုဘယ်လ်ငြိမ်းချမ်းရေးဆု မပေးခဲ့တဲ့အပေါ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က မကျေမနပ် ထပ်မံထုတ်ဖော်ပြောဆိုလိုက်ပြီး၊ ဒါဟာ အလွန်ရှက်စရာကောင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်သလို နော်ဝေနိုင်ငံ အတွက်လည်း ဘယ်တော့မှ…

ဖတ်ရန်