အရေးပေါ်
နိုင်ငံတကာသတင်း

AI နည်းပညာအခြေပြု အော်တိုစနစ် စစ်လက်နက်တွေ ထိန်းချုပ်နိုင်ရေး စည်းမျဉ်းတွေ သတ်မှတ်ဖို့ UN နဲ့ ICRC အရေးပေါ်တောင်းဆို

၂၀၂၆ သြဂုတ် ၂၅ Myo Taw
AI နည်းပညာအခြေပြု အော်တိုစနစ် စစ်လက်နက်တွေ ထိန်းချုပ်နိုင်ရေး စည်းမျဉ်းတွေ သတ်မှတ်ဖို့ UN နဲ့ ICRC အရေးပေါ်တောင်းဆို

လူသားတွေရဲ့ တိုက်ရိုက်ထိန်းချုပ်မှုမရှိဘဲ လူသားတွေကို အလိုအလျောက် ပစ်မှတ်ထားတိုက်ခိုက်နိုင်တဲ့ လက်နက်စနစ်တွေ စစ်ပွဲတွေမှာ အသုံးပြုလာနိုင်တဲ့ အန္တရာယ်ရှိနေတာကြောင့် အဲဒီလက်နက်တွေ အသုံးပြုမှုကို ထိန်းချုပ်နိုင်ရေး အရေးပေါ်ဆွေးနွေးမှုတွေ စတင်ဖို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) နဲ့ ကုလသမဂ္ဂ (UN) တို့က ဒီကနေ့ ဩဂုတ် ၂၅ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်နဲ့ ICRC ဥက္ကဋ္ဌ မီရ်ဂျာနာ စပိုလျာရစ်တို့က လူသားတွေကို စက်တွေနဲ့ အလိုအလျောက် ပစ်မှတ်ထားတိုက်ခိုက်တာဟာ ကျင့်ဝတ်ပိုင်းဆိုင်ရာ အနီရောင်မျဉ်းကို ကျော်လွန်ဖို့ အန္တရာယ်ရှိတဲ့ အခြေအနေထိ ရောက်လာနေပြီလို့ ပူးတွဲကြေညာချက်မှာ ပြောဆိုထားပါတယ်။

ဒါကြောင့် အော်တိုစနစ် စစ်လက်နက်တွေကို ထိန်းချုပ်နိုင်ရေး ရှင်းလင်းတဲ့ တားမြစ်ချက်တွေနဲ့ ကန့်သတ်ချက်တွေ ပါဝင်ပြီး ဥပဒေအရ စည်းနှောင်မှုရှိတဲ့ သဘောတူညီချက်တစ်ရပ် အမြန်ဆုံးချမှတ်နိုင်ဖို့ ဆွေးနွေးမှုတွေ အခုကတည်းက စတင်ဖို့လည်း တိုက်တွန်းထားပါတယ်။

လက်ရှိ ယူကရိန်း၊ ဆူဒန်၊ ဂါဇာ၊ အီရန်နဲ့ ပင်လယ်ကွေ့ဒေသက ပဋိပက္ခတွေမှာ AI နည်းပညာအခြေပြု ဆီမီးအော်တိုစနစ် စစ်လက်နက်တွေ အသုံးပြုလာတာကြောင့် ဒီကိစ္စအပေါ် စိုးရိမ်မှုတွေ ပိုမိုမြင့်တက်လာပါတယ်။

လူ့အခွင့်အရေး အဖွဲ့အစည်းတွေကလည်း AI နည်းပညာအခြေပြု လက်နက်စနစ်တွေဟာ တိတိကျကျ ခန့်မှန်းတာ သို့မဟုတ် ထိန်းချုပ်တာ မလုပ်နိုင်တဲ့အတွက် ဒဏ်ရာရနေသူတွေနဲ့ လက်နက်ချသူတွေကို မခွဲခြားနိုင်ဘဲ မှားယွင်းသတ်ဖြတ်မိတာမျိုးလို အမှားအယွင်းကြီးတွေ ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။

ဒါ့အပြင် အဲဒီလို အမှားအယွင်းတွေ ဖြစ်ပွားခဲ့ရင်လည်း အနာဂတ် စစ်ရာဇဝတ်မှု ခုံရုံးတွေမှာ တာဝန်ရှိသူတွေကို ဖော်ထုတ်အရေးယူဖို့ ပိုမို ခက်ခဲသွားနိုင်တယ်လို့လည်း ထောက်ပြထားပါတယ်။

ကမ္ဘာ့နိုင်ငံတွေအနေနဲ့ စိစစ်ပြီး အဆင့်ဆင့် ဆွေးနွေးနေတာထက် နိုင်ငံရေးအရ သတ္တိရှိရှိ ပိုပြီးထိရောက်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ ပူးတွဲထုတ်ပြန်ချက်မှာ တိုက်တွန်းထားပြီး အဆိုပါဆွေးနွေးပွဲတွေကို လာမယ့် နိုဝင်ဘာလ ဂျနီဗာမြို့မှာ ကျင်းပမယ့် ညီလာခံမှာ စတင်ကြဖို့ UN နဲ့ ICRC နဲ့ တောင်းဆိုထားပါတယ်။

Ref & Photo; Reuters

ဆက်စပ် သတင်းများ

ဗန်ဂိုးရဲ့ နှစ်ပေါင်း ၆၀ ကျော် အများပြည်သူရှေ့က ပျောက်ကွယ်နေခဲ့တဲ့ ပန်းချီကား လေလံတင်မယ် နိုင်ငံတကာသတင်း

ဗန်ဂိုးရဲ့ နှစ်ပေါင်း ၆၀ ကျော် အများပြည်သူရှေ့က ပျောက်ကွယ်နေခဲ့တဲ့ ပန်းချီကား လေလံတင်မယ်

ကမ္ဘာကျော် ဒတ်ခ်ျပန်းချီဆရာကြီး ဗင်းဆင့် ဗန်ဂိုးရဲ့ နှစ်ပေါင်း ၆၀ ကျော် အများပြည်သူရှေ့က ပျောက်ကွယ်နေခဲ့တဲ့ ရှားပါးလက်ရာတခုကို လာမယ့် နိုဝင်ဘာလ ၁၈ ရက်နေ့…

ဖတ်ရန်
နီပေါနိုင်ငံမှာ ရုတ်တရက် ရေကြီးမြေပြိုမှု ထပ်မံဖြစ်ပွားပြီး လူ ၅ ဦး ပျောက်ဆုံးနေ နိုင်ငံတကာသတင်း

နီပေါနိုင်ငံမှာ ရုတ်တရက် ရေကြီးမြေပြိုမှု ထပ်မံဖြစ်ပွားပြီး လူ ၅ ဦး ပျောက်ဆုံးနေ

နီပေါနိုင်ငံမှာ ရုတ်တရက် ရေကြီးရေလျှံမှု နောက်တစ်ကြိမ် ထပ်မံဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူ ၅ ဦး ပျောက်ဆုံးနေပြီး နီပေါစစ်တပ်က ဘေးသင့်ဒေသတွေဆီကို သွားရောက်ကာ အရေးပေါ်…

ဖတ်ရန်
သူ့ကို နိုဘယ်လ်ငြိမ်းချမ်းရေးဆု မပေးလို့ နော်ဝေအတွက် “ဖျောက်ဖျက်မရတဲ့ သမိုင်းအမည်းစက်” ကျန်ခဲ့ပြီလို့ ထရမ့်ပြော နိုင်ငံတကာသတင်း

သူ့ကို နိုဘယ်လ်ငြိမ်းချမ်းရေးဆု မပေးလို့ နော်ဝေအတွက် “ဖျောက်ဖျက်မရတဲ့ သမိုင်းအမည်းစက်” ကျန်ခဲ့ပြီလို့ ထရမ့်ပြော

သူ့ကို နိုဘယ်လ်ငြိမ်းချမ်းရေးဆု မပေးခဲ့တဲ့အပေါ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က မကျေမနပ် ထပ်မံထုတ်ဖော်ပြောဆိုလိုက်ပြီး၊ ဒါဟာ အလွန်ရှက်စရာကောင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်သလို နော်ဝေနိုင်ငံ အတွက်လည်း ဘယ်တော့မှ…

ဖတ်ရန်