အရေးပေါ်
ပြည်တွင်းသတင်း

လှိုင်သာယာမှာ အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တဦး မုန့်ဝယ်ထွက်သွားရာက ပျောက်ဆုံးသွားခဲ့ပြီး တရုတ်မယားအဖြစ် ရောင်းစားခံရဖို့ဖြစ်ခဲ့

၂၀၂၆ စက်တင်ဘာ ၁၉ Myo Taw
လှိုင်သာယာမှာ အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တဦး မုန့်ဝယ်ထွက်သွားရာက ပျောက်ဆုံးသွားခဲ့ပြီး တရုတ်မယားအဖြစ် ရောင်းစားခံရဖို့ဖြစ်ခဲ့

လှိုင်သာယာမှာ အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တဦး မုန့်ဝယ်ထွက်သွားရာက ပျောက်ဆုံးသွားခဲ့ပြီး တရုတ်မယားအဖြစ် ရောင်းစားခံရဖို့ဖြစ်ခဲ့

စက်တင်ဘာ ၁၉

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ မိန်းကလေးငယ်တွေ အပါအဝင် လူငယ်တွေနေ့စဉ် အဖမ်းခံနေရပြီး တရုတ်မယားအဖြစ် ရောင်းစားနေတယ်လို့ ဒေသခံတွေရဲ့ သတင်းပေးပို့မှုအရ သိရပါတယ်။

လှိုင်သာယာမြို့နယ်၊ ၁၃ ရပ်ကွက်မှာ နေထိုင်တဲ့ အသက်မပြည့်သေးတဲ့ ၁၄ နှစ်အရွယ်ရှိ မိန်းကလေးငယ်တဦးဟာ စက်တင်ဘာလ ၆ ရက်နေ့ မနက် ၇ နာရီခန့်က အအေးဝယ်မယ်ဆိုပြီး ထွက်သွားရာက ပျောက်သွားခဲ့တယ်လို့ သိရပါတယ်။

"၇ နာရီလောက်က ထွက်သွားတာ ပြန်မလာလို့ ၈ နာရီလောက်မှာ စရှာခဲ့ကြတာ။ ကလေးရဲ့ သူငယ်ချင်းအိမ်တွေကို သွားမေးတော့လည်း ၃ လမ်းထိပ် ကားမှတ်တိုင်ဘက် သွားတယ်ပြောတယ်။ အစအနက အဲ့လောက်ပဲ ရခဲ့တယ်။ ရဲစခန်းကို အရင်အကြောင်းကြားခဲ့တယ်။ သူတို့က ဂရုမစိုက်ဘူး။ ၈ ခေါက်လောက် သွားပြောတယ် သူတို့က အကြောင်းအမျိုးမျိုးပြပြီး ပြန်လွှတ်တယ်" လို့ ပျောက်ဆုံးခဲ့တဲ့ မိန်းကလေးငယ်ရဲ့ မိသားစုဝင်တဦးက မြို့တော်ကို ပြောပါတယ်။

ပျောက်ဆုံးခဲ့တဲ့ မိန်းကလေးငယ်ရဲ့ သတင်းပေးမှုကြောင့် ငွေအမြောက်အများ ရရှိမယ်လို့ဆိုကာ တရုတ်မယားအဖြစ် ရောင်းစားဖို့ အဖမ်းခံထားရကြောင်းနှင့် လှိုင်သာယာမြို့နယ် အတွင်းထဲမှာပဲ ရှိသေးကြောင်း မိသားစုဝင်တွေက သိရှိပြီး လိုက်လံရှာဖွေခဲ့ကြတယ်လို့ သိရပါတယ်။

"၆ ရက်နေ့ ညပိုင်း ၂ နာရီလောက်မှာ ကလေးရဲ့ TikTok အကောင့်ကနေ စာဝင်လာတယ်။ သူအဖမ်းခံထားရကြောင်းနဲ့ သူလက်ကို သွေးတွေ ဖောက်ထားတယ်။ မိန်းမကြီး နှစ်ယောက်နဲ့ နေနေရတယ်။ တရုတ်အငှားကိုယ်ဝန်ဆောင်လုပ်ရမယ်၊ သိန်း ၂၀၀ ရမယ်လို့ မက်လုံးပေးတယ်ပြောတယ်။ သူလိုမျိုး မိန်းကလေးငယ် ၂ ယောက်လည်း ဖမ်းခံရပြီး ထပ်ရောက်လာတယ် ပြောတယ်။ စာတွေပို့နေရင်း သူတို့လာလို့ ဆိုပြီး လိုင်းပေါ်က ဆင်းသွားတယ်" လို့ မိသားစုဝင် တဦးက မြို့တော်ကို ပြောပါတယ်။

မိန်းကလေးငယ်ရဲ့ သတင်းပေးမှုကြောင့် လှိုင်သာယာမြို့နယ်၊ ပွဲဈေးအနီးက ဟိုတယ်နှင့် ဂိုဒေါင်တွေမှာ လိုက်လံရှာဖွေဖို့ ရဲတစ်ယောက်ကို ၅ သောင်းနှုန်းနဲ့ ရဲ ၄ ယောက်အတွက် ၂ သိန်းပေးပြီး ရှာဖွေမှုလုပ်ဆောင်ခဲ့ပေမယ့် ဟိုတယ် ၂ လုံးကိုပဲ လိုက်လံရှာဖွေပေးခဲ့ပြီး အလုပ်ရှိတယ်လို့ အကြောင်းပြကာ ပြန်သွားခဲ့တယ်လို့ သိရပါတယ်။

"ညနေ ၅ နာရီလောက်မှာ ကလေးက စာထပ်ပို့လာတယ်။ မနက်ကျ နေရာပြောင်းရမယ်လို့ ပြောတယ်။ သူရရင် ရသလို ထွက်ပြေးလာမယ်။ ပို့တဲ့ တည်နေရာကို လာပြီး ကယ်ထုတ်ပေးပါလို့ ပြောတယ်။ ၇ ရက်နေ့မှာ ကလေးပို့လာတဲ့ တည်နေရာကို သိတော့ ရဲတွေကိုပြောတယ်။ သူတို့က လိုက်လုပ်မပေးတော့ ကိုယ့်ဘာသာသွားပြီး ကလေးကို ပြန်ကယ်ထုတ်လာခဲ့ရတယ်။ လှိုင်သာယာ စနေမ မှတ်တိုင် နောက်လမ်းကြားထဲမှာ တခြား မိန်းကလေးတွေလည်း ကျန်နေသေးတယ်ပြောတယ်" လို့ မိသားစုဝင် တဦးက မြို့တော်ကို ပြောပါတယ်။

စက်တင်ဘာလ ၁၃ ရက်နေ့က မိန်းကလေးငယ် ၂ ဦးထပ်မံပျောက်ဆုံးသွားခဲ့သလို လူငယ်တဦးကိုလည်း အရပ်ဝတ်နဲ့ လူတစုက ထိုးကြိတ်ပြီး အမှတ် (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

လှိုင်သာယာမှာ လူငယ်တွေကို ဖမ်းဆီးနေသူတွေဟာ ဒလမြို့နယ်ထဲက သူတွေနဲ့ အငှားယာဉ်မောင်းတချို့အပြင် ရဲတပ်ဖွဲ့ဝင်တွေလည်း ပူးပေါင်းပါဝင်နေတယ်လို့ သိရပြီး ဖမ်းဆီးခံရတဲ့ လူငယ်တွေထဲက ယောကျ်ားလေးဖြစ်ရင် ရဲစခန်းက စစ်မှုထမ်းအတွက် ခေါ်ဆောင်ထားကာ မိန်းကလေးဖြစ်ရင် တရုတ်မယားအဖြစ် ပို့ပေးတဲ့ ပွဲစားတွေနဲ့ ချိတ်ဆက်ပြီး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

ပေါင် ၅၀၀ ဗုံးသီး Mytel တာဝါတိုင်းပေါ် တည့်တည့်ကျလို့ ဖုန်းလိုင်းတွေ ပြတ်တောက် ပြည်တွင်းသတင်း

ပေါင် ၅၀၀ ဗုံးသီး Mytel တာဝါတိုင်းပေါ် တည့်တည့်ကျလို့ ဖုန်းလိုင်းတွေ ပြတ်တောက်

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်ထဲမှာ အာဏာသိမ်းစစ်တပ်က ပေါင် ၅၀၀ ဗုံးသီး ၂ လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် သရက်ခရိုင်ထဲက မြို့နယ် ၄ မြို့နယ်လုံး…

ဖတ်ရန်
မကွေးကနေ ယောနယ်ဘက်ကို ကားအစီးရေ ၂၀၀ ဝန်းကျင်ပါတဲ့ စစ်ကြောင်းပို့နေ့ကာ ချင်းပြည်နယ်ကို ဝင်နိုင်တယ်လို့ဆို ပြည်တွင်းသတင်း

မကွေးကနေ ယောနယ်ဘက်ကို ကားအစီးရေ ၂၀၀ ဝန်းကျင်ပါတဲ့ စစ်ကြောင်းပို့နေ့ကာ ချင်းပြည်နယ်ကို ဝင်နိုင်တယ်လို့ဆို

မကွေးမြို့ကနေ ယောဒေသဘက်ကို စစ်ကြောင်းထိုးဖို့ပြင်နေတဲ့ အင်အားထောင်ကျော်ပါ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းဟာ ပွင့်ဖြူမြို့နယ်နဲ့ စလင်းမြို့နယ်ကြား ရောက်ရှိနေပြီလို့ သိရပါတယ်။

ဖတ်ရန်
မော်လမြိုင်က အနှိပ်ခန်းတွေမှာ မိုးလင်းပေါက် အနှိပ်ခံပါက ဧည့်စာရင်းတိုင်ဖို့ ထွေအုပ်က ညွှန်ကြား ပြည်တွင်းသတင်း

မော်လမြိုင်က အနှိပ်ခန်းတွေမှာ မိုးလင်းပေါက် အနှိပ်ခံပါက ဧည့်စာရင်းတိုင်ဖို့ ထွေအုပ်က ညွှန်ကြား

မွန်ပြည်နယ်၊ မော်လမြိုင်မြို့က အနှိပ်ခန်းတွေမှာ မိုးလင်းပေါက်အနှိပ်ခံပါက ဧည့်စာရင်းတိုင်ဖို့ မော်လမြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ညွှန်ကြားထားတယ်လို့ သိရပါတယ်။

ဖတ်ရန်
မန္တလေးမြို့ ကန်တော်ကြီး ကန်ပတ်လမ်းမှာ မူးယစ်ဆေးထိုးသွင်နေရင်း အပ်တန်းလန်းနဲ့ အမျိုးသားတဦး သေဆုံး ပြည်တွင်းသတင်း

မန္တလေးမြို့ ကန်တော်ကြီး ကန်ပတ်လမ်းမှာ မူးယစ်ဆေးထိုးသွင်နေရင်း အပ်တန်းလန်းနဲ့ အမျိုးသားတဦး သေဆုံး

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကန်တော်ကြီး ကန်ပတ်လမ်းမှာ အမျိုးသားတဦး ဆေးထိုးအပ်တန်းလန်းနဲ့ သေဆုံးနေတဲ့ ရုပ်အလောင်းတခု တွေ့ခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်