အရေးပေါ်
ပြည်တွင်းသတင်း

ကျောင်းသားတွေကို စစ်တပ်အတွက် အသုံးချဖို့ အခြေခံပညာကျောင်းတွေမှာ စစ်မှုထမ်းဥပဒေ စတင်သင်ကြားနေ

၂၀၂၆ နိုဝင်ဘာ ၃ Myo Taw
ကျောင်းသားတွေကို စစ်တပ်အတွက် အသုံးချဖို့ အခြေခံပညာကျောင်းတွေမှာ စစ်မှုထမ်းဥပဒေ စတင်သင်ကြားနေ

ကျောင်းသားတွေကို စစ်တပ်အတွက် အသုံးချဖို့ အခြေခံပညာကျောင်းတွေမှာ စစ်မှုထမ်းဥပဒေ စတင်သင်ကြားနေ

နိုဝင်ဘာ ၃

အခြေခံပညာစာသင်ကျောင်းတွေမှာ စစ်မှုထမ်းဥပဒေ အပါအဝင် ဥပဒေ အသိပညာပေးမှုတွေကို စတင်သင်ကြားနေပြီ ဖြစ်တယ်လို့ နိုဝင်ဘာလ ၂ ရက်နေ့မှာ ပြုလုပ်တဲ့ အာဏာသိမ်းအစိုးရ လက်အောက်ခံ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၂၂ ရက်မြောက်နေ့မှာ ပညာရေးဒုဝန်ကြီး နေမျိုးလှိုင် က ပြောဆိုခဲ့ပါတယ်။

မြို့သစ်မဲဆန္ဒနယ် ဦးစိုးဝင်းရဲ့ ဥပဒေပညာဘာသာရပ်ကို အခြေခံပညာအလယ်တန်းနှင့် အထက်တန်းတွေမှာ သင်ကြားနိုင်ရေး မည်သည့်နှစ်မှ စတင်ဆောင်ရွက်မည်ကို သိရှိလိုခြင်း မေးခွန်းနှင့် ပတ်သက်ပြီး ပညာရေးဒုဝန်ကြီး နေမျိုးလှိုင် က စစ်မှုထမ်းဥပဒေကို အခြေခံပညာကျောင်းတွေမှာ ထည့်သွင်းသင်ကြားနေပြီ ဖြစ်တယ်လို့ ဖြေဆိုခဲ့တာပါ။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ရဲ့ ညွှန်ကြားချက်အရ ၂၀၂၄ - ၂၀၂၅ ခုနှစ်မှ စတင်ပြီး ဥပဒေပညာ အသိပညာပေး အစီအစဉ်တွေ ဆောင်ရွက်ခဲ့ကြောင်း၊ ဥပဒေအသိပညာ သင်ရိုးညွှန်းတမ်းပါ သင်ခန်းစာတွေကို ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်မှစတင်ပြီး သင်ကြားပို့ချပေးလျက်ရှိကြောင်း ဖြေဆိုခဲ့တာပါ။

အခြေခံပညာအထက်တန်းအဆင့် Grade-10 ၊ Grade-11 ၊ Grade-12 တန်းတွေမှာ စာရိတ္တနှင့် ပြည်သူ့နီတိဘာသာရပ်တွေ သင်ကြားပို့ချပေးနေတဲ့အပြင် ဥပဒေရေးရာဝန်ကြီးဌာနမှ ပြုစုထားတဲ့ ဥပဒေအသိပညာ သင်ရိုးညွှန်းတမ်းပါ သင်ခန်းစာတွေ သင်ကြားပေးနေတယ်လို့ ဆိုပါတယ်။

Grade 12 မှာ ဥပဒေအသိပညာစာအုပ်မှာပါရှိတဲ့ အခန်း ၈ ပြည်သူ့စစ်မှုထမ်းဥပဒေကို သင်ကြားပို့ချနေပြီး စစ်မှုထမ်းဥပဒေကို Grade 12 မှာ တစ်နှစ်လျှင် စာသင်ချိန် ၂၄ ချိန် သင်ကြားပို့ချပေးနေတယ်လို့ ဆိုပါတယ်။

"စစ်မှု မထမ်းမနေရ စနစ်ကို တိုင်းပြည်ပုံမှန် အခြေအနေရောက်မှသာ ဆောင်ရွက်မယ်လို့ အာဏာမသိမ်းမီ ကာလက ပြောခဲ့တာ ရှိပါတယ်။ ဒါပေမယ့် စစ်အာဏာသိမ်းလို့ တိုင်းပြည် ဖရိုဖရဲ ဖြစ်နေချိန်မှာ ပြည်သူ့စစ်မှုထမ်းဥပဒေ ကို အသက်သွင်းခဲ့တယ်။ လူငယ်တွေရဲ့ အသက်နဲ့ ဘဝတွေကို စတေးပြီး စစ်အာဏာရှင်စနစ်ကို ကာကွယ်စေခဲ့တယ်။ အခု ဥပဒေ အသိပညာပေးဆိုပြီး ကလေးတွေကို စစ်မှုထမ်းရမယ်ဆိုတဲ့ စိတ်ပါသွားအောင် ရိုက်သွင်းပြီး စစ်တပ်က နိုင်ငံမှာ အသာစီးရအောင် လုပ်နေပြန်တာပေါ့" လို့ CDM ဗိုလ်မှူး စွယ်တော်က မြို့တော်ကို ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ၂၀၂၄ ခုနှစ်မှစတင်ပြီး စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့ကာ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားတွေကို စစ်မှုထမ်းသင်တန်းပေးနေပြီး ယခုဆိုရင် စစ်မှုထမ်းသင်တန်း အပတ်စဉ် ၃၀ အထိ ရောက်ရှိလာပြီဖြစ်သလို စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီး နိုင်ငံတစ်ဝန်းမှာ အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးတာတွေကိုလည်း ဆက်တိုက်လုပ်ဆောင်နေပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

ပျောက်သွားတဲ့ ဇနီးဖြစ်သူနဲ့သမီး ၂ ယောက်ကို စစ်တပ်စခန်းအနီးမှာ ရုပ်အလောင်းအဖြစ် ပြန်တွေ့ခဲ့တယ်လို့ဆို ရုပ်သံ Afternoon NEWS

ပျောက်သွားတဲ့ ဇနီးဖြစ်သူနဲ့သမီး ၂ ယောက်ကို စစ်တပ်စခန်းအနီးမှာ ရုပ်အလောင်းအဖြစ် ပြန်တွေ့ခဲ့တယ်လို့ဆို

ပျောက်သွားတဲ့ ဇနီးဖြစ်သူနဲ့ သမီး ၂ ယောက်ကို စစ်တပ်စခန်းအနီးမှာ ရုပ်အလောင်းအဖြစ် ပြန်တွေ့ခဲ့တယ်လို့ဆိုတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့သတင်းများ…

ကြည့်ရန်
နိုဝင်ဘာ ၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ရုပ်သံ Daily NEWS

နိုဝင်ဘာ ၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ

နိုဝင်ဘာ ၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ

ကြည့်ရန်
အမျိုးသမီးကိုသတ်ပြီး ငွေနဲ့လက်ကိုင်ဖုန်း လုယက်ခဲ့တဲ့ တရားခံ ၂ ဦးကို ဖမ်းဆီးရမိ ရုပ်သံ Afternoon NEWS

အမျိုးသမီးကိုသတ်ပြီး ငွေနဲ့လက်ကိုင်ဖုန်း လုယက်ခဲ့တဲ့ တရားခံ ၂ ဦးကို ဖမ်းဆီးရမိ

အမျိုးသမီးကိုသတ်ပြီး ငွေနဲ့လက်ကိုင်ဖုန်း လုယက်ခဲ့တဲ့ တရားခံ ၂ ဦးကို ဖမ်းဆီးရမိတဲ့ သတင်းနှင့်အတူ မြို့တော်ရဲ့ နေ့လယ်ခင်းသတင်း တင်ဆက်မှု ၂၀၂၆ ခုနှစ် နိုဝင်ဘာလ…

ကြည့်ရန်
ယခုနိုဝင်ဘာလနှင့် ဒီဇင်ဘာလတွေအတွင်း အယ်လ်နီညိုအမြင့်ဆုံး အခြေအနေသို့ ရောက်ရှိနိုင်တယ်လို့ဆို ပြည်တွင်းသတင်း

ယခုနိုဝင်ဘာလနှင့် ဒီဇင်ဘာလတွေအတွင်း အယ်လ်နီညိုအမြင့်ဆုံး အခြေအနေသို့ ရောက်ရှိနိုင်တယ်လို့ဆို

အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ဟာ ယခုနိုဝင်ဘာလနှင့် ဒီဇင်ဘာလတွေအတွင်း အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိနိုင်ပြီး လာမယ့် ဆောင်းရာသီနှင့် နွေရာသီကာလတွေမှာ အပူချိန်တွေ အလွန်အမင်း မြင့်မားလာကာ ရေရှားပါးမှု ပြဿနာတွေ…

ဖတ်ရန်