ရုပ်သံ
ပြည်တွင်းသတင်း
အောက်တိုဘာ ၁၃ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ အင်ကြင်းပင်ကျေးရွာ ဘုန်းကြီးကျောင်းက ကိုရင်လေးတွေ ကောက်ယူလာတဲ့ ၄၀ မမ ဗုံးသီး ပေါက်ကွဲခဲ့လို့ ကိုရင် ၂ ပါး သေဆုံးခဲ့ပြီး ကိုရင် ၅ ပါး နဲ့ ဘုန်းကြီးကျောင်းသား ၁ ယောက်လည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြတယ်လို့ သိရပါတယ်။
သြဂုတ်လ ၂၄ ရက်နေ့က ဆွမ်းခံကြွပြီး ပြန်လာတဲ့ ကိုရင်ငယ်တွေက မပေါက်ကွဲသေးတဲ့ ၄၀ မမ ဗုံးသီးကို ဆွမ်းစားကျောင်းအထိ ယူဆောင်လာရာက နေ့လယ် ၁၁ နာရီခန့်မှာ ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
"အဲဒီရွာက စစ်တပ်နဲ့ နီးတော့ ပညာရေးအတွက် ဘုန်းကြီးကျောင်းမှာ ပညာသင်ရင်း ကိုရင် ဝတ်နေကြတာ။ စစ်တပ် စစ်ကြောင်း ထိုးတုန်းက လမ်းမှာ ကျကျန်နေတာလား။တမင်ချထားခဲ့တာလားတော့ မသိဘူး။ ကိုရင်လေးတွေက ဒါကို ဘာမှန်းမသိကြဘူး။ ကျောင်းနံရံကို ပစ်ပေါက်လိုက်တော့ ပေါက်ကွဲသွားတာ ထင်တယ်" လို့ ဒေသခံတဦးက ပြောပါတယ်။
၂၀၂၅ ခုနှစ်မှာ မြေမြုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက် ပစ္စည်းတွေကြောင့် မြန်မာနိုင်ငံမှာ ကလေးငယ် ၃၃ ဦး အပါအဝင် ပြည်သူ ၁၀၈ ဦး သေဆုံးခဲ့ပြီး ကလေးငယ် ၁၂၁ ဦး အပါအဝင် ၆၃၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ UNICEF Myanmar က ထုတ်ပြန်ထားပါတယ်။
ရုပ်သံ
ပြည်တွင်းသတင်း
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ပြည်တွင်းသတင်း
အိန္ဒိယမိုးလေဝသဌာန (IMD) ရဲ့ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်လာပြီးနောက် ၎င်းစနစ်မှ စိုထိုင်းဆများပြီး ရေငွေကြွယ်ဝတဲ့ မိုးတိမ်တန်းတွေဟာ အောက်တိုဘာလ ၁၄ ရက်မှ…
ပြည်တွင်းသတင်း
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌဖြစ်သူ ဦးမျိုးမင်းစိုးကို ရပ်ကွက်ရုံးအနီးက ရေမြောင်းအတွင်းမှာ သေဆုံးလျက် တွေ့ရှိခဲ့တယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေထံက သိရပါတယ်။
ပြည်တွင်းသတင်း
မကွေးမြို့၊ ဆေးတက္ကသိုလ်(မကွေး) နားမှာရှိတဲ့ သင်ကြားရေးဆေးရုံကြီးမှာ ဆေးရုံအုပ်ကြီးနဲ့ သူနာပြုတွေက သူတို့သတ်မှတ်ထားတဲ့ ဆေးဆိုင်က ဆေးပစ္စည်းတွေကိုပဲ လူနာတွေကို ဈေးအဆမတန်နဲ့ ဝယ်ခိုင်းနေပြီး အဲ့ဒီဆိုင်က ဝယ်လာတဲ့…