အရေးပေါ်
ပြည်တွင်းသတင်း

လက်ပံတန်းမှာ အာဏာသိမ်းစစ်တပ် တပ်စွဲထားတဲ့ ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော် မသင်္ကာဖွယ် ပျံလွန်တော်မူ

၂၀၂၆ အောက်တိုဘာ ၁၇ Myo Taw
လက်ပံတန်းမှာ အာဏာသိမ်းစစ်တပ် တပ်စွဲထားတဲ့ ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော် မသင်္ကာဖွယ် ပျံလွန်တော်မူ

လက်ပံတန်းမှာ အာဏာသိမ်းစစ်တပ် တပ်စွဲထားတဲ့ ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော် မသင်္ကာဖွယ် ပျံလွန်တော်မူ

အောက်တိုဘာ ၁၇

ပဲခူးတိုင်း အနောက်ခြမ်း၊ လက်ပံတန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်း တပ်စွဲထားတဲ့ ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော်ဟာ နားနေခန်းထဲ ကြိုးဆွဲချ အနေအထားနဲ့ ရုတ်တရက် ပျံလွန်တော်မူခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁၄ ရက်၊ မနက် ၈ နာရီ ဝန်းကျင်ခန့်က လက်ပံတန်းမြို့နယ်အရှေ့ဘက် ဖိုးခေါင်စုရွာ လယ်ပြင်ဘုန်းတော်ကြီးကျောင်းက သက်တော် ၄၀ နှစ်ဝန်းကျင်ရှိ ကျောင်းထိုင်ဆရာတော် ဥူးသုမန ဟာ အခန်းတွင်းမှာ လည်ပင်းကြိုးချည်လျက် ဒူးတုတ်အနေအထားနဲ့ ပျံလွန်တော်မူနေတာလို့ သိရပါတယ်။

“မနက် အာရုံဆွမ်းစားပြီးတော့ ရွာသားတွေနဲ့ ကထိန်ကိစ္စ ပြောကြသေးတယ်၊ အဲ့ထိက ပုံမှန်ပါပဲ။ သူ့ကျောင်းက ဒကာမက ဆွမ်းဟင်းချက်နေတုန်း စားဆီကုန်နေလို့ သွားမေးတော့ ဒူးကွေးပြီး ပျံလွန်နေတာ” လို့ ဒေသခံတဦးက ပြောပါတယ်။

ဆရာတော် ဥူးသုမန ဟာ လက်ပံတန်းမြို့နယ်အနောက်ဘက် ဇီးဖြူကုန်းတိုက်နယ်ဇာတိဖြစ်ပြီး ငယ်စဉ်ကပင် ရဟန်းဘောင်ကို ဝင်ခဲ့သူဖြစ်တယ်လို့ သိရကာ ဆရာတော် သီတင်းသုံးနေထိုင်တဲ့ ကျောင်းမှာ အာဏာသိမ်းစစ်တပ်က မကြာခဏ လာရောက်တပ်စွဲတာတွေကြောင့် စိတ်သောက ရောက်ရတယ်လို့ မပျံလွန်ခင်တရက်က ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။

ဆရာတော် ပျံလွန်တော်မူရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီး ဒေသခံတွေက အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင်တွေကို သံသယဝင်နေကြပြီး ဆရာတော်ရဲ့ ရုပ်အလောင်းကို ဆေးရုံပို့ဆောင် စစ်ဆေးတာမျိုး မရှိဘဲ ပျံလွန်တော်မူပြီး ၇ ရက်မြောက်နေ့မှာ မီးသင်္ဂြိုဟ်မယ်လို့ သိရပါတယ်။

အလားတူ အောက်တိုဘာ ၁၆ ရက်နေ့က မကွေးတိုင်း၊ အောင်လံမြို့နယ်၊ အုပ်ရှစ်ကုန်းရွာက ကျောင်းထိုင်ဆရာတော်ကြီးတပါးလည်း သေတမ်းစာရေးပြီး ကြိုးဆွဲချကာ ပျံလွန်တော်မူသွားခဲ့တယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

KTV က ကောင်မလေး တင်လာတဲ့ တိုင်းသမညွှန်မှူး မူးပြီး ဓာတ်တိုင်ကို ကားနဲ့ ဝင်တိုက် ပြည်တွင်းသတင်း

KTV က ကောင်မလေး တင်လာတဲ့ တိုင်းသမညွှန်မှူး မူးပြီး ဓာတ်တိုင်ကို ကားနဲ့ ဝင်တိုက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မြို့မရဲစခန်းရှေ့က ဓာတ်တိုင်ကို တိုင်းသမညွှန်မှူးရဲ့ ကားက ဝင်တိုက်ခဲ့ပြီး ကားထဲမှာ KTV က အမျိုးသမီးနဲ့ တိုင်းသမညွှန်မှူးတို့ကို တွေ့ခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
ရွှေစင်စင်္ကြာ ခရီးသည်တင်ကားက PDF တပ်ဖွဲ့ဝင်တွေစီးလာတဲ့ ဆိုင်ကယ်ကို ဝင်တိုက်လို့ ရဲဘော် ၁ ဦး ကျဆုံးခဲ့တယ်လို့ဆို ပြည်တွင်းသတင်း

ရွှေစင်စင်္ကြာ ခရီးသည်တင်ကားက PDF တပ်ဖွဲ့ဝင်တွေစီးလာတဲ့ ဆိုင်ကယ်ကို ဝင်တိုက်လို့ ရဲဘော် ၁ ဦး ကျဆုံးခဲ့တယ်လို့ဆို

ရေး-သံဖြူဇရပ် ကားလမ်းမပေါ်မှာ ရွှေစင်စင်္ကြာ ခရီးသည်တင်ယာဥ်က တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ကို လမ်းပြောင်းပြန်မောင်းကာ ဝင်တိုက်မိခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
ကျိုက်ထိုမြို့ကို ဈေးလာဝယ်တဲ့ အမျိုးသမီး ၂ ဦး သေနတ်ပြ လုယက်ခံရပြီး ရွှေ ၃ ကျပ်သား ပါသွားတယ်လို့ဆို ပြည်တွင်းသတင်း

ကျိုက်ထိုမြို့ကို ဈေးလာဝယ်တဲ့ အမျိုးသမီး ၂ ဦး သေနတ်ပြ လုယက်ခံရပြီး ရွှေ ၃ ကျပ်သား ပါသွားတယ်လို့ဆို

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကော့ထင်းကျေးရွာနဲ့ ဘိုရားကြီးကျေးရွာကြားမှာ အမျိုးသမီး ၂ ဦး သေနတ်ပြ လုယက်ခံရတယ်လို့ သိရပါတယ်။

ဖတ်ရန်
နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးတို့မှာ နေရာကွက်ကြား မိုးရွာမယ် မိုးလေဝသ

နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးတို့မှာ နေရာကွက်ကြား မိုးရွာမယ်

အောက်တိုဘာလ ၁၇ ရက် ဒီကနေ့ ညနေ ၄ နာရီအချိန် မိုးဇလရဲ့ ထုတ်ပြန်ချက်အရ မနက်ဖြန်မနက်အထိ ခန့်မှန်းချက်တွေအနေနဲ့ တနင်္သာရီတိုင်းနဲ့ ရှမ်းပြည်နယ်(တောင်ပိုင်း)တို့မှာ နေရာအနှံ့အပြား၊…

ဖတ်ရန်