အရေးပေါ်
ပြည်တွင်းသတင်း

ဒီပဲယင်းမြို့နယ်က ရွာတရွာမှာ တိမ်းရှောင်နေတဲ့ နိုင်ငံရေးအကျဥ်းသား အိမ် မီးရှို့ခံရ

၂၀၂၆ စက်တင်ဘာ ၁ Myo Taw
ဒီပဲယင်းမြို့နယ်က ရွာတရွာမှာ တိမ်းရှောင်နေတဲ့ နိုင်ငံရေးအကျဥ်းသား အိမ် မီးရှို့ခံရ

ဒီပဲယင်းမြို့နယ်က ရွာတရွာမှာ တိမ်းရှောင်နေတဲ့ နိုင်ငံရေးအကျဥ်းသား အိမ် မီးရှို့ခံရ

စက်တင်ဘာ ၁

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က ကျေးရွာတရွာမှာ နိုင်ငံရေးအကျဥ်သား တဦးရဲ့ နေအိမ်ကို မသမာသူ လူတစုက ဩဂုတ်လ ၃၀ ရက်နေ့ ည ၁၂ နာရီခန့်မှာ မီးရှို့သွားတာ ခံခဲ့ရတယ်လို့ သိရပါတယ်။

ဒီပဲယင်းမြို့နယ်က ကျေးရွာတရွာမှာ လာရောက်တိမ်းရှောင်နေပြီး ဈေးဆိုင်ဖွင့်ကာ အသက်မွေးဝမ်းကျောင်း ပြုနေတဲ့ နိုင်ငံရေး အကျဥ်းသားဟောင်းရဲ့ နေအိမ်ကို အမည်မသိ လူတစုက မိသားစုဝင်တွေ အိပ်ပျော်နေချိန် မီးရှို့ခံခဲ့ရတယ်လို့ သိရပါတယ်။

"မီးရှို့ခံရတဲ့အိမ်က နိုင်ငံရေးအကျဥ်းသား အိမ်ပါ၊ ၅၀ ည နဲ့ မန္တလေးအိုးဘိုထောင်မှာ ၁၅ နှစ် အကျခံခဲ့ရတဲ့ သူပါ၊ လွတ်ငြိမ်းနဲ့ မတ်လ ၂ ရက် တောင်သူလယ်သမားနေ့ကမှ လွတ်လာပြီး မိသားစုလိုက် ဒီမှာလာရှောင်နေကြတာ၊ သူတို့ အိပ်ပျော်နေချိန် မီးနဲ့ ပစ်ပြီး ထွက်ပြေးသွားတာ" လို့ ဒေသခံတဦးက ပြောပါတယ်။

မီးရှို့ခံရချိန် နေအိမ်ထဲမှာ အိပ်ပျော်နေတဲ့ အသက် ၁ နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ မိန်းကလေး ၄ ဦးသာ ရှိနေခဲ့ပြီး မီးလောင်နေတဲ့ အိမ်ထဲကနေ အသက်လု ထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။

နေအိမ်မီးလောင်မှုကြောင့် ငွေကျပ် သိန်း ၈၀ ကျော်၊ ဆိုင်ကယ် ၂ စီး၊ စက်ဘီး ၁ စီး၊ ရေခဲသေတ္တာတလုံးနဲ့ တခြားလျှပ်စစ်ပစ္စည်းတွေ ဆုံးရှုံးခဲ့ပြီး စုစုပေါင်း ကာလတန်ဖိုး သိန်း ၄၀၀ ခန့် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (4)

ဆက်စပ် သတင်းများ

ကမ်းရိုးတန်းဒေသတွေမှာ မိုးကြီးနိုင်ပြီး အလယ်ပိုင်းဒေသတွေမှာ အပူချိန် ၄၀°C အထိ အပူချိန် လွန်ကဲနိုင်တယ်လို့ဆို မိုးလေဝသ

ကမ်းရိုးတန်းဒေသတွေမှာ မိုးကြီးနိုင်ပြီး အလယ်ပိုင်းဒေသတွေမှာ အပူချိန် ၄၀°C အထိ အပူချိန် လွန်ကဲနိုင်တယ်လို့ဆို

ICON မော်ဒယ်၊ အိန္ဒိယမိုးလေဝသဌာန (IMD)၊ ထိုင်းမိုးလေဝသဌာန (TMD) တို့ရဲ့ ထုတ်ပြန်ချက်တွေ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်း/အလယ်ပိုင်းတို့မှာ အနိမ့်ပိုင်း လေဝဲစနစ်တစ်ခု စတင်အားကောင်းလှုပ်ရှားလာနေတယ်လို့ မိုးလေဝသ…

ဖတ်ရန်
စျေးကွက်ထဲ စားအုန်းဆီ ဝယ်ယူ မရတဲ့အထိ ဖြစ်လာကာ နှမ်းဆီနဲ့ ပဲဆီကိုသာ စျေးကြီးပေး ဝယ်နေရ ပြည်တွင်းသတင်း

စျေးကွက်ထဲ စားအုန်းဆီ ဝယ်ယူ မရတဲ့အထိ ဖြစ်လာကာ နှမ်းဆီနဲ့ ပဲဆီကိုသာ စျေးကြီးပေး ဝယ်နေရ

နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချဖို့ဆိုပြီး ပြည်ပက တင်သွင်းတဲ့ စားသုံးဆီတွေကို ကန့်သတ်ခဲ့ပြီးနောက် လက်ရှိစျေးကွက်ထဲ ပြည်တွင်းစားသုံးဆီ ဝယ်ယူလို့ မရတဲ့အထိ ဖြစ်လာကာ ပြည်ပစားသုံးဆီစျေးတွေလည်း အဆမတန် မြင့်တက်လာတာကြောင့်…

ဖတ်ရန်
ထောက်ခံစာမယူဘဲ ဆေးဝယ်လာလို့ဆိုကာ စစ်တပ်ကအရာရှိရဲ့ အဖေဖြစ်သူ ဖမ်းဆီးခံရ ပြည်တွင်းသတင်း

ထောက်ခံစာမယူဘဲ ဆေးဝယ်လာလို့ဆိုကာ စစ်တပ်ကအရာရှိရဲ့ အဖေဖြစ်သူ ဖမ်းဆီးခံရ

ပဲခူးတိုင်း၊ ဇီးကုန်းမြို့မှာ ထွေအုပ်ရဲ့ ထောက်ခံစာမယူဘဲ အိမ်သုံးဆေးဝါးတွေ ဝယ်လာတဲ့ အာဏာသိမ်းစစ်တပ်က အရာရှိရဲ့ဖခင်ဖြစ်သူကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ဖတ်ရန်