ရုပ်သံ
ပြည်တွင်းသတင်း
အောက်တိုဘာ ၁၆ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
စျေးကွက်ထဲ စားအုန်းဆီ ဝယ်ယူ မရတဲ့အထိ ဖြစ်လာကာ နှမ်းဆီနဲ့ ပဲဆီကိုသာ စျေးကြီးပေး ဝယ်နေရ
အောက်တိုဘာ ၁၆
နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချဖို့ဆိုပြီး ပြည်ပက တင်သွင်းတဲ့ စားသုံးဆီတွေကို ကန့်သတ်ခဲ့ပြီးနောက် လက်ရှိစျေးကွက်ထဲ ပြည်တွင်းစားသုံးဆီ ဝယ်ယူလို့ မရတဲ့အထိ ဖြစ်လာကာ ပြည်ပစားသုံးဆီစျေးတွေလည်း အဆမတန် မြင့်တက်လာတာကြောင့် အခြေခံလူတန်းစားတွေ အခက်အခဲမျိုးစုံနဲ့ ကြုံနေရတယ်လို့ သိရပါတယ်။
အာဏာသိမ်းအစိုးရရဲ့ ခွဲတမ်းနဲ့ စားအုန်းဆီ ရောင်းချရာမှာ သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်အလိုက် ဆီထုတ်စာအုပ်၊ အိမ်ထောင်စုဇယားနဲ့သာ လစဥ် စားသုံးဆီဝယ်ယူခွင့် ပေးထားတာဖြစ်ပြီး ခွဲတမ်းရတဲ့ စားသုံးဆီ လောက်ငှမှု မရှိတာကြောင့် အခြေခံလူတန်းစားတွေအဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
“လုပ်ငန်းသုံးအနေနဲ့ ဝယ်ရင် သက်သက် တစျေးပေးရတယ်။ အဲ့လိုဝယ်မယ်ဆိုရင် ထောက်ခံစာ အဆင့်ဆင့် လုပ်ရတယ်၊ ဒါတောင် ဆီကို လိုသလောက် မရဘူး။ သာမန်အိမ်သုံးအနေနဲ့ တပတ်တကြိမ် ရောင်းပေးတာကျတော့ မိသားစုများတဲ့ အိမ်တွေအဖို့ တပိသာက မလောက်ဘူး” လို့ ရန်ကုန်မြို့ခံတဦးက ဆိုပါတယ်။
စားအုန်းဆီဈေးဟာ ပြင်ပမှောင်ခိုဈေးကွက်မှာ တပိဿာကို ၁၉၀၀၀ ကျပ်ကနေ ၂၀၀၀၀ ကျပ်ဝန်းကျင် စျေးရှိတယ်လို့ သိရပြီး၊ အကြော်လုပ်ငန်းနဲ့ စားသုံးဆီသုံးပြီး လုပ်ရတဲ့ လုပ်ငန်းတွေမှာ အကန့်အသတ်နဲ့ ရောင်းပေးတဲ့ စားသုံးဆီဟာ လိုသလောက် မရတာကြောင့် ပြင်ပက နှမ်းဆီ၊ မြေပဲဆီတွေကိုပါ ဝယ်ယူသုံးစွဲ နေကြရတယ်လို့ သိရပါတယ်။
“အခု စားအုန်းဆီရောင်းရင် ဖမ်းမယ်ဆိုတော့ စားအုန်းဆီက ဝယ်ချင်တိုင်း အပြင်မှာ ဝယ်မရတော့ဘူး။ ဆိုင်ကြီးတွေကရောင်းတဲ့ ပဲဆီ၊ နှမ်းဆီနဲ့ နေကြာဆီတွေကိုပဲ ဝယ်သုံးနေရတယ်။ အကြော်အလှော်လုပ်ငန်းတွေက အလုပ်ဖြစ်ဖို့ နှမ်းဆီ၊ ပဲဆီကိုပဲ စျေးကြီးပေးပြီး သုံးနေရတယ်။ တွက်ခြေကိုက်အောင် အကြော်အလှော်တွေပါ စျေးလိုက်တက်ပြီး ရောင်းနေရတယ်” လို့ လက်ဖက်ရည်ဆိုင်ပိုင်ရှင်တဦးက ပြောပါတယ်။
လက်ရှိ ပြင်ပဆိုင်ကြီးတွေမှာ မြေပဲဆုံဆီက တပိဿာကို ၃၅၀၀၀ ကျပ် အထက်ရှိနေပြီး စက်ကြိတ်ဆီက ၃၂၀၀၀ ကျပ်၊ နှမ်းဆီက ၂၈၀၀၀၊ နေကြာဆီက ၃၀၀၀၀ ကျပ်နဲ့ ပဲပိစပ်ဆီက ၂၈၀၀၀ ကျပ် ရှိနေတယ်လို့ သိရပါတယ်။
မြို့တော် News Channel
ရုပ်သံ
ပြည်တွင်းသတင်း
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
မိုးလေဝသ
ICON မော်ဒယ်၊ အိန္ဒိယမိုးလေဝသဌာန (IMD)၊ ထိုင်းမိုးလေဝသဌာန (TMD) တို့ရဲ့ ထုတ်ပြန်ချက်တွေ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်း/အလယ်ပိုင်းတို့မှာ အနိမ့်ပိုင်း လေဝဲစနစ်တစ်ခု စတင်အားကောင်းလှုပ်ရှားလာနေတယ်လို့ မိုးလေဝသ…
ပြည်တွင်းသတင်း
ပဲခူးတိုင်း၊ ဇီးကုန်းမြို့မှာ ထွေအုပ်ရဲ့ ထောက်ခံစာမယူဘဲ အိမ်သုံးဆေးဝါးတွေ ဝယ်လာတဲ့ အာဏာသိမ်းစစ်တပ်က အရာရှိရဲ့ဖခင်ဖြစ်သူကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
ပြည်တွင်းသတင်း
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ပေါက်တောရွာ ခမရ-၁၀ တပ်ရင်းကနေ စစ်ကြောင်းထိုးဖို့ တက်လာတဲ့ အာဏာသိမ်းစစ်တပ် တပ်ဖွဲ့တွေ မိုင်းဆွဲခံရပြီး အချင်းချင်း ဒရုန်းနဲ့ ဗုံးမှားကြဲလို့…