အရေးပေါ်
ပြည်တွင်းသတင်း

ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ အရက်အမူးလွန်ပြီး ရေမြောင်းအတွင်း ပြုတ်ကျ သေဆုံးတယ်လို့ဆို

၂၀၂၆ အောက်တိုဘာ ၁၃ Myo Taw
ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ အရက်အမူးလွန်ပြီး ရေမြောင်းအတွင်း ပြုတ်ကျ သေဆုံးတယ်လို့ဆို

ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ အရက်အမူးလွန်ပြီး ရေမြောင်းအတွင်း ပြုတ်ကျ သေဆုံးတယ်လို့ဆို

အောက်တိုဘာ ၁၃

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌဖြစ်သူ ဦးမျိုးမင်းစိုးကို ရပ်ကွက်ရုံးအနီးက ရေမြောင်းအတွင်းမှာ သေဆုံးလျက် တွေ့ရှိခဲ့တယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေထံက သိရပါတယ်။

အောက်တိုဘာလ ၁၂ ရက်နေ့ မနက်ပိုင်း ၈ နာရီခန့်မှာ သေဆုံးလျက်တွေ့ရှိခဲ့ကြတာလို့ သိရပြီး အောက်တိုဘာလ ၁၁ ရက်နေ့ ညပိုင်းကတည်းက Dawrhlun ရပ်ကွက်ရုံးအနီးက မြောင်းထဲကို အရက်အမူးလွန်ပြီး ပြုတ်ကျနေခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဦးမျိုးမင်းစိုး သေဆုံးချိန်မှာ အသက် ၅၀ ခန့် ရှိပြီဖြစ်တယ်လို့သိရပြီး ရုပ်အလောင်းကိုတော့ အောက်တိုဘာလ ၁၂ ရက်နေ့ ညနေ ၂ နာရီက Cinmual သုသာန်မှာ မြှုပ်နှံသင်္ဂြိုဟ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဖလမ်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌဖြစ်သူ ဦးမျိုးမင်းစိုးဟာ စစ်တပ် အာဏာမသိမ်းခင် ကာလက ဖလမ်းခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရဲ့ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ဖလမ်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌအဖြစ် အချိန်ကြာမြင့်စွာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် လာမယ့်ရက်ပိုင်းအတွင်း တိုင်းနဲ့ ပြည်နယ် အများစုမှာ မိုးကြီးနိုင်တယ်လို့ဆို ပြည်တွင်းသတင်း

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် လာမယ့်ရက်ပိုင်းအတွင်း တိုင်းနဲ့ ပြည်နယ် အများစုမှာ မိုးကြီးနိုင်တယ်လို့ဆို

အိန္ဒိယမိုးလေဝသဌာန (IMD) ရဲ့ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်လာပြီးနောက် ၎င်းစနစ်မှ စိုထိုင်းဆများပြီး ရေငွေကြွယ်ဝတဲ့ မိုးတိမ်တန်းတွေဟာ အောက်တိုဘာလ ၁၄ ရက်မှ…

ဖတ်ရန်
မကွေးသင်ကြားရေးဆေးရုံမှာ သတ်မှတ်ဆေးဆိုင်က ဆေးမဝယ်ရင် ဆေးမကုပေးဘူးလို့ ခြိမ်းခြောက်မှုတွေရှိနေ ပြည်တွင်းသတင်း

မကွေးသင်ကြားရေးဆေးရုံမှာ သတ်မှတ်ဆေးဆိုင်က ဆေးမဝယ်ရင် ဆေးမကုပေးဘူးလို့ ခြိမ်းခြောက်မှုတွေရှိနေ

မကွေးမြို့၊ ဆေးတက္ကသိုလ်(မကွေး) နားမှာရှိတဲ့ သင်ကြားရေးဆေးရုံကြီးမှာ ဆေးရုံအုပ်ကြီးနဲ့ သူနာပြုတွေက သူတို့သတ်မှတ်ထားတဲ့ ဆေးဆိုင်က ဆေးပစ္စည်းတွေကိုပဲ လူနာတွေကို ဈေးအဆမတန်နဲ့ ဝယ်ခိုင်းနေပြီး အဲ့ဒီဆိုင်က ဝယ်လာတဲ့…

ဖတ်ရန်