ရုပ်သံ
Daily NEWS
အောက်တိုဘာ ၁၆ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ပေါင်းတည်မြို့က ထွက်လာတဲ့ အာဏာသိမ်းစစ်တပ် မိုင်းဆွဲခံရပြီး အချင်းချင်း ဗုံးမှားကြဲလို့ ဗိုလ် ၁ ဦးနဲ့ တပ်သား ၁၂ ဦး သေဆုံး
အောက်တိုဘာ ၁၆
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ပေါက်တောရွာ ခမရ-၁၀ တပ်ရင်းကနေ စစ်ကြောင်းထိုးဖို့ တက်လာတဲ့ အာဏာသိမ်းစစ်တပ် တပ်ဖွဲ့တွေ မိုင်းဆွဲခံရပြီး အချင်းချင်း ဒရုန်းနဲ့ ဗုံးမှားကြဲလို့ ဗိုလ်တဦး အပါအဝင် ၁၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၅ ရက်နေ့က ပေါက်တောရွာက ထွက်လာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းကို ကုန်းသာရွာနဲ့ သဲမဲရွာကြားမှာ ဗျူဟာ (၂၁) ၊ ပြည်ခရိုင်တပ်ရင်း-၁၊ တပ်ခွဲ-၂၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်က စောင့်ကြိုမိုင်းဆွဲ တိုက်ခိုက်ခဲ့တာကြောင့် သဲမဲရွာမှာ စစ်ကြောင်း ရပ်တန့်ခဲ့ရတယ်လို့ သိရပါတယ်။
အောက်တိုဘာ ၆ ရက်နေ့မှာ သဲမဲရွာကနေ ထပ်မံ စစ်ကြောင်းထွက်လာချိန် သဲမဲရွာနဲ့ ဖောင်အိုင်ရွာကြားမှာ ထပ်မံမိုင်းဆွဲ တိုက်ခိုက်ရာက အာဏာသိမ်းစစ်တပ်ဘက်က ၃ ဦး သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ နေရာကို အာဏာသိမ်းစစ်တပ်ရဲ့ နောက်ချန်တပ်က ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဗိုလ်ကြီး ၁ ဦး အပါအဝင် ၉ ဦး ထပ်မံ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရလို့ သေဆုံးသူတွေ အပါအဝင် အချင်းချင်း ဗုံးမှားကြဲမိလို့ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို မှတ်တိုင်ရွာ ကမနာရေးကူညီမှု ကားနဲ့ ၃ ခေါက်တိတိ လာရောက် သယ်ဆောင်သွားခဲ့ရတယ်လို့ သိရပါတယ်။
အဆိုပါဖြစ်စဉ်တွေ ဖြစ်ပွားပြီနောက် အာဏာသိမ်းစစ်တပ်ဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသန်း ပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေးတပ်တွေဘက်က ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။
မြို့တော် News Channel
ရုပ်သံ
Daily NEWS
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
မိုးလေဝသ
ICON မော်ဒယ်၊ အိန္ဒိယမိုးလေဝသဌာန (IMD)၊ ထိုင်းမိုးလေဝသဌာန (TMD) တို့ရဲ့ ထုတ်ပြန်ချက်တွေ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်း/အလယ်ပိုင်းတို့မှာ အနိမ့်ပိုင်း လေဝဲစနစ်တစ်ခု စတင်အားကောင်းလှုပ်ရှားလာနေတယ်လို့ မိုးလေဝသ…
ပြည်တွင်းသတင်း
နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချဖို့ဆိုပြီး ပြည်ပက တင်သွင်းတဲ့ စားသုံးဆီတွေကို ကန့်သတ်ခဲ့ပြီးနောက် လက်ရှိစျေးကွက်ထဲ ပြည်တွင်းစားသုံးဆီ ဝယ်ယူလို့ မရတဲ့အထိ ဖြစ်လာကာ ပြည်ပစားသုံးဆီစျေးတွေလည်း အဆမတန် မြင့်တက်လာတာကြောင့်…
ပြည်တွင်းသတင်း
ပဲခူးတိုင်း၊ ဇီးကုန်းမြို့မှာ ထွေအုပ်ရဲ့ ထောက်ခံစာမယူဘဲ အိမ်သုံးဆေးဝါးတွေ ဝယ်လာတဲ့ အာဏာသိမ်းစစ်တပ်က အရာရှိရဲ့ဖခင်ဖြစ်သူကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။