အရေးပေါ်
ပြည်တွင်းသတင်း

ကိုရီးယား EPS လုပ်သားတွေ ခွင့်ပြန်ပြီး ပြန်ထွက်ဖို့ ၂ နှစ်ကျော်စာ လုပ်ခ ၂၅ ရာခိုင်နှုန်း ငွေလွှဲအထောက်အထားနှင့် အခွန်ဆောင်ထားမှု ပြသရမယ်

၂၀၂၆ နိုဝင်ဘာ ၂၄ Myo Taw
ကိုရီးယား EPS လုပ်သားတွေ ခွင့်ပြန်ပြီး ပြန်ထွက်ဖို့ ၂ နှစ်ကျော်စာ လုပ်ခ ၂၅ ရာခိုင်နှုန်း ငွေလွှဲအထောက်အထားနှင့် အခွန်ဆောင်ထားမှု ပြသရမယ်

ကိုရီးယား EPS လုပ်သားတွေ ခွင့်ပြန်ပြီး ပြန်ထွက်ဖို့ ၂ နှစ်ကျော်စာ လုပ်ခ ၂၅ ရာခိုင်နှုန်း ငွေလွှဲအထောက်အထားနှင့် အခွန်ဆောင်ထားမှု ပြသရမယ်

နိုဝင်ဘာ ၂၄

တောင်ကိုရီးယားနိုင်ငံ နှစ်နိုင်ငံအစိုးရချင်း ချိတ်ဆက်တဲ့ EPS စနစ်နဲ့ သွားရောက်အလုပ်လုပ်ကိုင် နေသူတွေအနေနဲ့ မြန်မာနိုင်ငံကိုခွင့်နဲ့ ပြန်လာပြီးနောက် ကိုရီးယားနိုင်ငံ ပြန်လည်ထွက်ခွာခွင့် လျှောက်ထားရာမှာ ၂၀၂၄ ခုနှစ် ဩဂုတ် ၂၈ ရက်မှ စတင်ကာ လုပ်ခလစာရဲ့ ၂၅ ရာခိုင်နှုန်းကို မိသားစုထံ လွှဲပို့ထားတဲ့ အထောက်အထားအပြင် တစ်နှစ်စာ ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ပေးဆောင်ထားတဲ့ အထောက်အထားပါ တင်ပြရမှာ ဖြစ်တယ်လို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) က အသိပေးထားပါတယ်။

POEA ရဲ့ နိုဝင်ဘာလ ၁၉ ရက် အသိပေးချက်အရ EPS စနစ်နဲ့ ကိုရီးယားနိုင်ငံ သွားရောက်လုပ်ကိုင်နေသူတွေ ခွင့်ကာလပြည့်လို့ ပြန်လည်ထွက်ခွာခွင့် လျှောက်ထားရာမှာ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၈ ရက်မှ စတင်ကာ လစဉ်လုပ်ခလစာ ၂၅ ရာခိုင်နှုန်းကို မိသားစုထံ လွှဲပို့ထားတဲ့ အထောက်အထား မူရင်းနဲ့ မိတ္တူ၊ ပြည်တွင်းငွေဝင်ရောက်ကြောင်း လက်ခံသူက ထုတ်ယူထားတဲ့ Bank Statement နဲ့ တစ်နှစ်စာ လုပ်ခလစာ ၂ ရာခိုင်နှုန်း ဝင်ငွေခွန်ပေးဆောင်ထားတဲ့ အထောက်အထား မူရင်းနဲ့ မိတ္တူတို့ကို တင်ပြရမယ်လို့ ဆိုပါတယ်။

အဲဒီလိုသတ်မှတ်ချက်ကြောင့် ပုံမှန်ငွေလွှဲထားတာ မရှိသူတွေနဲ့ ငွေလွှဲအထောက်အထား အပြည့်အစုံ မရှိသူတွေအနေနဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လမှ စတင်ကာ နှစ်နှစ်ကျော်စာ အထောက်အထား ပြန်လည်စုဆောင်းတင်ပြရမယ့် အခြေအနေ ဖြစ်လာပြီး ခွင့်ပြန်ဖို့ စီစဉ်နေတဲ့ လုပ်သားတွေအတွက် အခက်အခဲ ဖြစ်ပေါ်နေတယ်လို့ ကိုရီးယားရောက် မြန်မာလုပ်သားတွေထံက သိရပါတယ်။

“အရင်က ပုံမှန်မလွှဲထားမိတဲ့ သူတွေ၊ အထောက်အထား အပြည့်အစုံ မရှိတဲ့သူတွေဆိုရင် အခုမှ စုပေါင်းပြီး ပြန်လွှဲရမယ့်သဘော ဖြစ်နေတယ်။ ၂၀၂၄ ဩဂုတ်လကတည်းက စတွက်မယ်ဆိုတော့ နှစ်နှစ်ကျော်စာ အထောက်အထား ဖြစ်သွားပြီ။ လက်ရှိ ငွေလဲနှုန်း ကွာဟချက်တွေ ကြောင့်ရော၊ အထောက်အထား ပြန်စုရတာကြောင့်ရော ခွင့်ပြန်ဖို့ စဉ်းစားနေတဲ့သူတွေအတွက် အခက်အခဲ ဖြစ်စေပါတယ်”လို့ တောင်ကိုရီးယားရောက် မြန်မာလုပ်သားတစ်ဦးက မြို့တော်ကို ပြောပါတယ်။

အခြားပြည်ပနိုင်ငံတွေကို တရားဝင်သွားရောက်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားတွေအတွက် ခွင့်ပြန်ပြီး ပြန်လည်ထွက်ခွာခွင့် လျှောက်ထားရာမှာ အနီးကပ်ဆုံး သုံးလအတွင်း မိသားစုထံ လွှဲပို့ထားတဲ့ ငွေလွှဲအထောက်အထားကိုသာ တင်ပြဖို့ သတ်မှတ်ထားပေမယ့် ကိုရီးယား EPS လုပ်သားတွေအတွက် ၂၀၂၄ ခုနှစ် ဩဂုတ် ၂၈ ရက်မှ စတင်တဲ့ ငွေလွှဲမှတ်တမ်းတွေကို တောင်းခံထားတာ ဖြစ်ပါတယ်။

လက်ရှိ ခွင့်ပြန်လုပ်သားတွေရဲ့ ပြည်ပပြန်လည်ထွက်ခွာခွင့် လျှောက်ထားမှုတွေကို ရန်ကုန်မြို့၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ပင်လုံခန်းမမှာ စိစစ်ဆောင်ရွက်ပေးနေပြီး လျှောက်ထားသူ‌တွေအနေနဲ့ နိုင်ငံကူးလက်မှတ်၊ ခွင့်စာအထောက်အထားအပြင် တရားဝင်ဘဏ်စာရင်းတွေ ကတဆင့် မိသားစုထံ လွှဲပို့ထားတဲ့ ငွေလွှဲပြေစာတွေ ကို ပူးတွဲတင်ပြရမှာ ဖြစ်ပါတယ်။

အလုပ်သမားဝန်ကြီးဌာနကလည်း ကိုရီးယားရောက် EPS လုပ်သားတွေအကြား သတ်မှတ်ထားတဲ့ တရားဝင် ငွေလွှဲလမ်းကြောင်းမှတဆင့် ငွေလွှဲမှုနည်းပါးနေတယ်လို့ အသိပေးထားပြီး လုပ်ခလစာရဲ့ ၂၅ ရာခိုင်နှုန်းကို စည်းကမ်းအတိုင်း ပုံမှန်လွှဲပို့ဖို့နဲ့ ပျက်ကွက်ပါက လိုအပ်သလို အရေးယူဆောင်ရွက်မယ်လို့လည်း သတိပေးထားပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (4)

ဆက်စပ် သတင်းများ

မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းအပိုတွေ ပယ်ဖျက်ဖို့ လဝက သတ်မှတ်ရက်ထုတ်ပြန်၊ ထုတ်ပေးခဲ့တဲ့ ဝန်ထမ်းတွေကိုပါ အရေးယူဖို့ ပြည်သူတွေ တောင်းဆို ပြည်တွင်းသတင်း

မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းအပိုတွေ ပယ်ဖျက်ဖို့ လဝက သတ်မှတ်ရက်ထုတ်ပြန်၊ ထုတ်ပေးခဲ့တဲ့ ဝန်ထမ်းတွေကိုပါ အရေးယူဖို့ ပြည်သူတွေ တောင်းဆို

နိုင်ငံသားစိစစ်ရေးကတ်ပြားနဲ့ အိမ်ထောင်စုလူဦးရေစာရင်း တခုထက်ပိုမို ကိုင်ဆောင်ထားသူ‌တွေအနေနဲ့ ပယ်ဖျက်လိုတဲ့ ကတ်ပြားနဲ့ စာရင်းတွေကို ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား သက်ဆိုင်ရာမြို့နယ် လူဝင်မှုကြီးကြပ်ရေး (လဝက)…

ဖတ်ရန်
မိတ္တီလာမှာ မြုပ်နှံပြီးသား ကလေးငယ်ရုပ်အလောင်းကို ပြန်ဖော်ကာ မိထွေးဖြစ်သူကို တရားစွဲဆိုမှုဖြစ်ပွား ရုပ်သံ Daily NEWS

မိတ္တီလာမှာ မြုပ်နှံပြီးသား ကလေးငယ်ရုပ်အလောင်းကို ပြန်ဖော်ကာ မိထွေးဖြစ်သူကို တရားစွဲဆိုမှုဖြစ်ပွား

မိတ္တီလာမှာ မြုပ်နှံပြီးသား ကလေးငယ်ရုပ်အလောင်းကို ပြန်ဖော်ကာ မိထွေးဖြစ်သူကို တရားစွဲဆိုမှုဖြစ်ပွားတဲ့ သတင်းနဲ့အတူ မြို့တော်ရဲ့ ညစဉ်သတင်း တင်ဆက်မှု ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၂၆…

ကြည့်ရန်
ပြန်ပေးဆွဲမှုနဲ့ ခိုးမှုတွေ တရက်တည်း ၄ မှု ဖြစ်ခဲ့ပြီး ရဲစခန်းတိုင်ပေမဲ့ အမှုမဖွင့်ပေး ရုပ်သံ Daily NEWS

ပြန်ပေးဆွဲမှုနဲ့ ခိုးမှုတွေ တရက်တည်း ၄ မှု ဖြစ်ခဲ့ပြီး ရဲစခန်းတိုင်ပေမဲ့ အမှုမဖွင့်ပေး

ပြန်ပေးဆွဲမှုနဲ့ ခိုးမှုတွေ တရက်တည်း ၄ မှု ဖြစ်ခဲ့ပြီး ရဲစခန်းတိုင်ပေမဲ့ အမှုမဖွင့်ပေးတဲ့ သတင်းနဲ့အတူ မြို့တော်ရဲ့ ညစဉ်သတင်း တင်ဆက်မှု ၂၀၂၆ ခုနှစ်…

ကြည့်ရန်
ပခုက္ကူမြို့မှာ ပြန်ပေးဆွဲမှုနဲ့ ခိုးမှုတွေ တရက်တည်း ၄ မှု ဖြစ်ခဲ့ပြီး ရဲစခန်းသွားတိုင်ပေမယ့် မှတ်တမ်းသာယူပြီး အမှု မဖွင့်ပေး ပြည်တွင်းသတင်း

ပခုက္ကူမြို့မှာ ပြန်ပေးဆွဲမှုနဲ့ ခိုးမှုတွေ တရက်တည်း ၄ မှု ဖြစ်ခဲ့ပြီး ရဲစခန်းသွားတိုင်ပေမယ့် မှတ်တမ်းသာယူပြီး အမှု မဖွင့်ပေး

မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်က ရပ်ကွက်တချို့မှာ တရက်တည်း ပြန်ပေးဆွဲမှုနဲ့ ဆိုင်ကယ်ခိုးယူမှုတွေ ဖြစ်ပွားခဲ့လို့ ရဲတိုင်ပေမယ့် စာရင်းပြုစုပေးတာပဲရှိပြီး တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်ပေးတာ မရှိခဲ့ဘူးလို့ သိရပါတယ်။

ဖတ်ရန်