ရုပ်သံ
ပြည်တွင်းသတင်း
မကွေးသင်ကြားရေးဆေးရုံမှာ သတ်မှတ်ဆေးဆိုင်က ဆေးမဝယ်ရင် ဆေးမကုပေးဘူးလို့ ခြိမ်းခြောက်မှုတွေရှိနေ
မကွေးသင်ကြားရေးဆေးရုံမှာ သတ်မှတ်ဆေးဆိုင်က ဆေးမဝယ်ရင် ဆေးမကုပေးဘူးလို့ ခြိမ်းခြောက်မှုတွေရှိနေ
အောက်တိုဘာ ၁၃
မကွေးမြို့၊ ဆေးတက္ကသိုလ်(မကွေး) နားမှာရှိတဲ့ သင်ကြားရေးဆေးရုံကြီးမှာ ဆေးရုံအုပ်ကြီးနဲ့ သူနာပြုတွေက သူတို့သတ်မှတ်ထားတဲ့ ဆေးဆိုင်က ဆေးပစ္စည်းတွေကိုပဲ လူနာတွေကို ဈေးအဆမတန်နဲ့ ဝယ်ခိုင်းနေပြီး အဲ့ဒီဆိုင်က ဝယ်လာတဲ့ ဆေးမဟုတ်ရင် ဆေးထိုးပေးတာ၊ ဆေးကုသပေးတာတွေတောင် မလုပ်ပေးဘူးလို့ ခြိမ်းခြောက်ပြောဆိုမှုတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။
သင်ကြားရေးဆေးရုံဝန်း အတွင်းမှာရှိတဲ့ "သီရိ"ဆေးဆိုင်ဟာ အစိုးရဈေးဆိုင်လို့ ပြောဆိုခဲ့ပြီး အဲ့ဒီဆေးဆိုင်မှာပဲ အတင်းအကျပ် ဆေးဝယ်ခိုင်းနေတယ်လို့ သိရပါတယ်။
"ဆေးဝယ်ခိုင်းတဲ့အခါမှာ ဆရာမတွေက ဆေးစာအုပ်နဲ့ ရေးပေးပြီး ဝန်ထမ်းတစ်ယောက်ကိုပါ အနောက်ကနေ လိုက်ပို့ခိုင်းပြီး အဲ့ဆိုင်မှာပဲ ဆေးဝယ်ခိုင်းတယ်။ တစ်ခါတစ်လေကျရင် ဆရာမတွေက အဲ့ဆေးဆိုင်ကို Viber ကနေ လှမ်းမှာပြီး လူနာစောင့်တွေကို သွားယူခိုင်းတယ်။ အဲဒီဆေးဆိုင်က ပြင်ပဆေးဆိုင်တွေနဲ့ ဆေးအမျိုးအစား တူတူတောင် ဈေးနှုန်းကတော့ အဆမတန် ကြီးနေတယ်။ ပြင်ပဆေးဆိုင်မှာ ၂ သိန်းကျော်လောက်ပဲ ကျမယ့်ဆေးဖိုးက အဲ့ဆိုင်မှာ ဝယ်ရင် ၃ သိန်းကနေ ၄ သိန်းကျော်အထိ ပေးနေရတယ်။ ဆေးဝယ်ရင်လည်း ဘောက်ချာ ဖြတ်မပေးဘူး။ ပိုတဲ့ဆေးတွေကို ပြန်အပ်ရင်လည်း ငွေတစ်ဝက်ပဲ ပြန်အမ်းပေးတယ်" လို့ လူနာရှင် အမျိုးသမီးတဦးက မြို့တော်ကို ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဆေးရုံအုပ်ကြီးကို သွားပြောတဲ့ အခါမှာလည်း "အပြင်ဆေးနဲ့ ဒီကဆေး အာနိသင်ချင်း မတူဘူး" ဆိုပြီး ပြောဆိုကာ ပြန်လွှတ်လိုက်တယ်လို့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ လူနာစောင့်တစ်ဦးထံက သိရပါတယ်။
"မြန်မာပြည်က ဆရာဝန်တိုင်း ဆေးကျောင်းသား ဘဝမှာ ESSC လို့ အတိုကောက် သင်ခဲ့ရပါတယ်။ Efficacy, Safety, Side effect and Cost ပါ။ အဲ့ဒါတွေကို ထည့်သွင်းစဉ်းစားပြီးမှ ဆေးကို ဦးစားပေး ရွေးချယ်ကြရတာပါ။ ဆရာဝန် Ethics အရဆိုရင် Brand နာမည်ကိုတောင် ညွှန်ခွင့်မရှိပါဘူး။ လိုချင်တဲ့ ဆေးအမျိုးအစားနဲ့ Dose ပမာဏ ကိုပဲ ညွှန်ရမှာပါ။ Expired date and packaging တွေတော့ ကြည့်တာမျိုး ပါရမှာပေါ့။ ဟိုဆိုင်ကမှ ဒီဆိုင်ကမှ ဆိုပြီး Specific ဖြစ်ဖြစ် ညွှန်ကြားခွင့် မရှိပါဘူး။ Ethics လည်း မညီပါဘူး" လို့ ဆရာဝန်တဦးက မြို့တော်ကို ပြောပါတယ်။
လူနာရှင်တွေကို ဆေးရုံဝန်းအတွင်းမှာရှိတဲ့ "သီရိ"ဆေးဆိုင်ကနေပဲ ဝယ်ဖို့ လူနာတွေကို အတင်းအကျပ် ဖိအားပေးတဲ့အထဲမှာ အရိုးအကြောဆောင်က အစိမ်းဝတ် ဆရာမ ဒေါ်မာလာနဲ့ ခွဲစိတ်ဆောင်က အစိမ်းဝတ် ဆရာမ ဒေါ်မြင့်မြင့်လှိုင် တို့ ဖြစ်တယ်လို့ သိရပါတယ်။
"သူတို့က အပြင်ဆိုင်က ဝယ်လာရင် ပြန်အပ်ခိုင်းပြီး ဆေးရုံထဲက ဆိုင်မှာပဲ ပြန်ဝယ်ခိုင်းတယ်။ မဝယ်ရင်လည်း ဆေးမထိုးပေးဘူးဆိုပြီး လူနာရှင်တွေကို ခြိမ်းခြောက်ပြောဆိုတာတွေလည်း ရှိတယ်။ တချို့တွေဆိုရင် ဆေးတွေကို လွှင့်ပစ်ခံရတာမျိုးတောင် ကြုံတွေ့နေရတယ်" လို့ လူနာစောင့် တစ်ဦးက မြို့တော်ကို ပြောပါတယ်။
ကျန်းမာရေးကိစ္စကြောင့် ငွေကြေးမပြေလည်တဲ့ကြားက ဆေးရုံလာတက်နေရချိန်မှာ ဆေးရုံအုပ်ကြီးနဲ့ ဆရာမတွေက အခုလိုလုပ်ဆောင်နေမှုအပေါ် ဘယ်ကိုတိုင်တန်းရမှန်းမသိ ဖြစ်နေတာကြောင့် လူနာရှင်တွေအနေနဲ့ ကိုယ့်ဘာသာ လွတ်လွတ်လပ်လပ် ဝယ်ယူခွင့်ရအောင် လုပ်ဆောင်ပေးဖို့လည်း တောင်းဆိုထားပါတယ်။
မြို့တော် News Channel
ဓာတ်ပုံများ (1)
ဆက်စပ် သတင်းများ
ရုပ်သံ
ပြည်တွင်းသတင်း
ပြည်တွင်းသတင်း
လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် လာမယ့်ရက်ပိုင်းအတွင်း တိုင်းနဲ့ ပြည်နယ် အများစုမှာ မိုးကြီးနိုင်တယ်လို့ဆို
အိန္ဒိယမိုးလေဝသဌာန (IMD) ရဲ့ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်လာပြီးနောက် ၎င်းစနစ်မှ စိုထိုင်းဆများပြီး ရေငွေကြွယ်ဝတဲ့ မိုးတိမ်တန်းတွေဟာ အောက်တိုဘာလ ၁၄ ရက်မှ…
ပြည်တွင်းသတင်း
ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ အရက်အမူးလွန်ပြီး ရေမြောင်းအတွင်း ပြုတ်ကျ သေဆုံးတယ်လို့ဆို
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌဖြစ်သူ ဦးမျိုးမင်းစိုးကို ရပ်ကွက်ရုံးအနီးက ရေမြောင်းအတွင်းမှာ သေဆုံးလျက် တွေ့ရှိခဲ့တယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေထံက သိရပါတယ်။
ရုပ်သံ
ပြည်တွင်းသတင်း