အရေးပေါ်
ပြည်တွင်းသတင်း

မဟာအောင်မြေ ကျောက်ဝိုင်းအတွင်း PDF ကို အကြောင်းပြကာ ဓားနဲ့ ထောက်ပြီး လုယက်ခဲ့တဲ့ တရားခံ ၄ ဦးကို ဖမ်းဆီးရမိ

၂၀၂၆ သြဂုတ် ၂၃ Myo Taw
မဟာအောင်မြေ ကျောက်ဝိုင်းအတွင်း PDF ကို အကြောင်းပြကာ ဓားနဲ့ ထောက်ပြီး လုယက်ခဲ့တဲ့ တရားခံ ၄ ဦးကို ဖမ်းဆီးရမိ

မန္တလေးမြို့၊ မဟာအောင်မြေ ကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်းမှာ ကျောက်လုပ်ငန်းရှင်တဦးကို PDF နဲ့ ပတ်သက်နေတယ်လို့ဆိုကာ ဓားနဲ့ ထောက်ပြီး ကျပ်သိန်း ၅၀၀ ခန့် တန်ဖိုးရှိ ကျောက်စိမ်းလက်ဝတ်ရတနာတွေ လုယက်ခဲ့တဲ့ တရားခံ ၄ ဦးကို ဖမ်းဆီးရမိပြီလို့ သိရပါတယ်။

သြဂုတ်လ ၁၈ ရက် မနက် ၁၀ နာရီခန့်က မဟာအောင်မြေမြို့နယ်၊ ၈၆ လမ်းနဲ့ ၈၇ လမ်းကြား၊ ၃၉ လမ်းနဲ့ ၄၀ လမ်းကြားရှိ မဟာအောင်မြေကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်းအတွင်း ကျောက်စိမ်းရောင်းဝယ်ရေး လုပ်ကိုင်သူ ကိုထက်အောင်ကို အမည်မသိ အမျိုးသား ၂ ဦး က "PDF နဲ့ ပတ်သက်နေလို့ စစ်ဆေးစရာရှိတယ်"လို့ ဆိုကာ ဓားနဲ့ ထောက်ပြီး ခေါ်ထုတ်သွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် ကိုထက်အောင်ကို ဘောလုံးကွင်းအဟောင်း ဖျက်နေတဲ့နေရာကို ခေါ်ဆောင်သွားပြီး ကိုထက်အောင်ရဲ့ လွယ်အိတ်ထဲက ကျောက်စိမ်းအချောထည် ၂ ပွင့်၊ ကျောက်စိမ်းဆွဲကြိုး ၂ ကုံး၊ ချွမ်အမျိုးအစား လည်ဆွဲ ၁ ကုံး၊ ချွမ်အမျိုးအစား လက်စွပ် ၂ ကွင်းနဲ့ ကျောက်စိမ်းနားကပ် ၁ စုံ စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်း ၅၀၀ ခန့်ရှိ ကျောက်စိမ်းလက်ဝတ်ရတနာတွေကို လုယူထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

"ဖြစ်တဲ့နေ့ညမှာပဲ နောက်ကနေခိုင်းတဲ့ ၂ ယောက်ကို မန္တလေးမှာ အရင်မိတာ။ နောက်ရက်ကျမှ လုယက်ခဲ့တဲ့ ၂ ယောက်ကို စစ်ကိုင်းဘက်မှာ ဖမ်းမိတာ။ ခိုင်းတဲ့ ၂ ယောက်က လုယူလာတဲ့ ကျောက်စိမ်းတွေကို မန္တလေးမှာ ပြန်ရောင်းဖို့လုပ်ပြီး လုယက်ခဲ့တဲ့ ၂ ယောက်ကိုတော့ စစ်ကိုင်းဘက် ရှောင်တိမ်းခိုင်းထားတာ" လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

အဆိုပါ လုယက်မှုကို အသက် ၂၀ အရွယ် လူငယ် ၂ ဦးနဲ့ အသက် ၃၀ ခန့်အရွယ် အမျိုးသား ၂ ဦးတို့က ပူးပေါင်း ကျူးလွန်ခဲ့တာဖြစ်ပြီး အမှတ် (၇) နယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၉၂ နဲ့ အမှုဖွင့် အရေးထားတယ်လို့ သိရပါတယ်။

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

အောက်တိုဘာ ၁၄ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ရုပ်သံ Daily NEWS

အောက်တိုဘာ ၁၄ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ

အောက်တိုဘာ ၁၄ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ

ကြည့်ရန်
လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် လာမယ့်ရက်ပိုင်းအတွင်း တိုင်းနဲ့ ပြည်နယ် အများစုမှာ မိုးကြီးနိုင်တယ်လို့ဆို ပြည်တွင်းသတင်း

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် လာမယ့်ရက်ပိုင်းအတွင်း တိုင်းနဲ့ ပြည်နယ် အများစုမှာ မိုးကြီးနိုင်တယ်လို့ဆို

အိန္ဒိယမိုးလေဝသဌာန (IMD) ရဲ့ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်လာပြီးနောက် ၎င်းစနစ်မှ စိုထိုင်းဆများပြီး ရေငွေကြွယ်ဝတဲ့ မိုးတိမ်တန်းတွေဟာ အောက်တိုဘာလ ၁၄ ရက်မှ…

ဖတ်ရန်
ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ အရက်အမူးလွန်ပြီး ရေမြောင်းအတွင်း ပြုတ်ကျ သေဆုံးတယ်လို့ဆို ပြည်တွင်းသတင်း

ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ အရက်အမူးလွန်ပြီး ရေမြောင်းအတွင်း ပြုတ်ကျ သေဆုံးတယ်လို့ဆို

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌဖြစ်သူ ဦးမျိုးမင်းစိုးကို ရပ်ကွက်ရုံးအနီးက ရေမြောင်းအတွင်းမှာ သေဆုံးလျက် တွေ့ရှိခဲ့တယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေထံက သိရပါတယ်။

ဖတ်ရန်