အရေးပေါ်
ပြည်တွင်းသတင်း

TikTok ကနေ ချစ်ကျွမ်းဝင်ပြီး တာဝန်မယူချင်လို့ ရည်းစားဖြစ်သူကို သတ်ပြီး ရေမြောင်းထဲ စွန့်ပစ်မှုဖြစ်ပွား

၂၀၂၆ နိုဝင်ဘာ ၂၃ Myo Taw
TikTok ကနေ ချစ်ကျွမ်းဝင်ပြီး တာဝန်မယူချင်လို့ ရည်းစားဖြစ်သူကို သတ်ပြီး ရေမြောင်းထဲ စွန့်ပစ်မှုဖြစ်ပွား

TikTok ကနေ ချစ်ကျွမ်းဝင်ပြီး တာဝန်မယူချင်လို့ ရည်းစားဖြစ်သူကို သတ်ပြီး ရေမြောင်းထဲ စွန့်ပစ်မှုဖြစ်ပွား

နို၀င်ဘာ ၂၃
‎
‎ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်မှာ ပျောက်ဆုံးနေတဲ့ အမျိုးသမီးတဦးကို ထိုးသွင်းဒဏ်ရာတွေနဲ့အတူ ရေမြောင်းထဲ ဖိနှစ် စွန့်ပစ်ခံထားရတဲ့ အနေအထားနဲ့ ၃ ရက်ကြာမှ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၈ ရက်နေ့က ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၁) ရပ်ကွက်၊ ရဲရန်နိုင်လမ်းနဲ့ အောင်စစ်သည်လမ်းထောင့်က ရေမြောင်းထဲမှာ ဓားနဲ့ ထိုးပြီး အသတ်ခံထားရတဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ရာက ဖုန်းနံပါတ်ကတဆင့် တရားခံကို ခြေရာခံမိပြီး ဖမ်းမိခဲ့တာလို့ သိရပါတယ်။

နိုဝင်ဘာ ၁၆ ရက်နေ့က အသတ်ခံရတဲ့ မနှင်းနှင်းဝေ ဆိုသူဟာ TikTok ကနေ ချစ်ကျွမ်းဝင်ခဲ့တဲ့ အမျိုးသားနဲ့ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၁) ရပ်ကွက်၊ ရဲရန်နိုင်လမ်းနဲ့ အောင်စစ်သည်လမ်းထောင့်က အုတ်ခုံမှာ ချိန်းဆိုခဲ့ပြီး၊ လက်ထပ်ဖို့ တောင်းဆိုရာက ရည်းစားဖြစ်သူ အသက် ၂၆ နှစ်အရွယ် ချစ်ကို ဆိုသူက တာဝန်မယူလိုတာကြောင့် ဓားနဲ့ ထိုးပြီး ရုပ်အလောင်းကို ရေမြောင်းထဲက နွံအိုင်ထဲမှာ အကြိမ်ကြိမ် ဖိနှစ်ကာ စွန့်ပစ်ခဲ့တာလို့ သိရပါတယ်။

“အဲ့နေ့ညက အလုပ်ရုံက ပြန်ပြီး သူ့ရည်းစားချိန်းတဲ့ နေရာကို သွားတာ၊ ဖုန်းက အဆောင်မှာ အားသွင်းထားခဲ့တာ၊ ည ၇ နာရီလောက်က ထွက်သွားပြီးကတည်းက ပျောက်သွားတာ။ ၃ ရက်လောက်နေတော့ မြောင်းထဲ နံနေလို လူတွေသွားကြည့်တာ၊ နှုတ်ခမ်းတွေကို ဓားနဲ့ ထိုးဖြတ်ထားပြီး တကိုယ်လုံး သွေးတွေနဲ့ သေနေတာတွေ့တာ။ ကောင်မလေးက လှလှလေးရယ်၊ တရားခံက ပန်းရံသမား၊ TikTok မှာ တွေ့တာ၊ ကိုယ်ဝန်ရသွားလို့ မယူချင်လို့ သတ်ပစ်တာတဲ့” လို့ ဒေသခံတဦးက ပြောပါတယ်။

တရားခံ ချစ်ကို ဆိုသူကို သေဆုံးသူကို ချိန်းဆိုခဲ့တဲ့ ဖုန်းနံပါတ်ကတဆင့် ခြေရာခံကာ လိုက်လံဖမ်းဆီးခဲ့တာဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်မှာ ရှောင်တိမ်းနေစဉ် ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။

“တရားခံက ၁၇ ရက်နေ့မှာ သူ့မိဘတွေနေတဲ့ ဧရာဝတီတိုင်းဘက်ကို ရှောင်နေတာ။ ရဲက ကောင်မလေးရဲ့ ဖုန်းကို လိုက်စစ်တော့ TikTok မှာ အခင်းဖြစ်တဲ့ နေရာကိုလာဖို့ ပို့ထားတဲ့စာ တွေ့တာ၊ အဲ့ကနေ လိုက်စစ်တာမှာ တရားခံကို မိသွားတာ။ ကောင်လေးက တာဝန်မယူချင်လို့ သတ်ပစ်လိုက်တာ၊ ကောင်မလေးက ထိုင်းသွားဖို့ လုပ်နေတာတဲ့” လို့ ရဲနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

တရားခံဖြစ်သူ ချစ်ကို ကို နိုဝင်ဘာ ၂၁ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး လတ်တလောမှာ ရွှေပြည်သာမြို့မရဲစခန်းက (ပ)၅၀၂/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

ရွာငံမှာ အသက် ၄ နှစ်အရွယ် ကလေးငယ် အပါအဝင် အရပ်သား ၁၉ ဦး အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထား ပြည်တွင်းသတင်း

ရွာငံမှာ အသက် ၄ နှစ်အရွယ် ကလေးငယ် အပါအဝင် အရပ်သား ၁၉ ဦး အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထား

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်မှာ အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦးနဲ့ ဒေသခံပြည်သူ ၁၉ ဦးကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဖတ်ရန်
ကထိန်ပဒေသာပင်က ငွေတွေကို ကလေးငယ်တဦးက ဖြုတ်ခိုးယူမှုဖြစ်ပွားခဲ့ပြီး ငွေကျပ် ၁၅ သိန်းလုံး ပြန်လည်ရရှိခဲ့ ပြည်တွင်းသတင်း

ကထိန်ပဒေသာပင်က ငွေတွေကို ကလေးငယ်တဦးက ဖြုတ်ခိုးယူမှုဖြစ်ပွားခဲ့ပြီး ငွေကျပ် ၁၅ သိန်းလုံး ပြန်လည်ရရှိခဲ့

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ တာယာအရောင်းဆိုင်ကို ဖောက်ထွင်းပြီး ကထိန်အတွက် ပြင်ဆင်ထားတဲ့ ပဒေသာပင်က ငွေတွေကို ဖြုတ်ခိုးသွားခဲ့တဲ့ အသက် ၁၀ နှစ်အရွယ် ကလေးငယ်တဦးကို ဖမ်းဆီးရမိခဲ့တယ်လို့…

ဖတ်ရန်
ဆောင်းအအေးဒဏ် ပိုလာပြီး နေ့ နဲ့ ည အပူချိန်ကွာခြားချက် မြင့်မားလာနိုင်တယ်လို့ဆို ပြည်တွင်းသတင်း

ဆောင်းအအေးဒဏ် ပိုလာပြီး နေ့ နဲ့ ည အပူချိန်ကွာခြားချက် မြင့်မားလာနိုင်တယ်လို့ဆို

ထိုင်းမိုးလေဝသဌာနရဲ့ နိုဝင်ဘာလ ၂၃ ရက်နေ့ ထုတ်ပြန်ချက်အရ တရုတ်ပြည်မကြီးနှင့် မွန်ဂိုလီးယားဘက်မှ အားကောင်းတဲ့ အအေးလေဖိအားကြီးရပ်ဝန်းဟာ တောင်ဘက်သို့ ဆက်လက်ရွှေ့လျားနေပြီး အဆိုပါစနစ်ကြောင့် ဖြစ်ပေါ်လာတဲ့ အရှေ့မြောက်လေအေးဟာ…

ဖတ်ရန်
စာမေးပွဲစည်းမျဉ်း ပြောင်းလဲမှု အငြင်းပွားဖွယ်ဖြစ်ပြီးနောက် ပညာရေးဝန်ကြီး နုတ်ထွက် #shorts #myotaw ရုပ်သံ ပြည်တွင်းသတင်း

စာမေးပွဲစည်းမျဉ်း ပြောင်းလဲမှု အငြင်းပွားဖွယ်ဖြစ်ပြီးနောက် ပညာရေးဝန်ကြီး နုတ်ထွက် #shorts #myotaw

စာမေးပွဲစည်းမျဉ်း ပြောင်းလဲမှု အငြင်းပွားဖွယ်ဖြစ်ပြီးနောက် တောင်ကိုရီးယား ပညာရေးဝန်ကြီး နုတ်ထွက်

ကြည့်ရန်