ရုပ်သံ
Daily NEWS
အောက်တိုဘာ ၁၆ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ထောက်ခံစာမယူဘဲ ဆေးဝယ်လာလို့ဆိုကာ စစ်တပ်ကအရာရှိရဲ့ အဖေဖြစ်သူ ဖမ်းဆီးခံရ
အောက်တိုဘာ ၁၆
ပဲခူးတိုင်း၊ ဇီးကုန်းမြို့မှာ ထွေအုပ်ရဲ့ ထောက်ခံစာမယူဘဲ အိမ်သုံးဆေးဝါးတွေ ဝယ်လာတဲ့ အာဏာသိမ်းစစ်တပ်က အရာရှိရဲ့ဖခင်ဖြစ်သူကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းပိုင်းက ဇီးကုန်းမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ကြားစုကျေးရွာက အသက် ၆၀ နှစ်အရွယ် ဦးစိုးသိန်း ဆိုသူကို ဇီးကုန်းမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဂုံးလမ်း၊ မြို့ဦးဘုန်းတော်ကြီးကျောင်းအနီးမှာ ရဲနဲ့ထွေအုပ် ပူးပေါင်းအဖွဲ့က ဆေးဝါးတွေ လက်ဝယ်တွေ့ရှိမှုနဲ့ ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
“Glucose ပုလင်းနဲ့ အင်္ဂလိပ်ဆေးတွေ တွေ့တာပါ။ ထွေအုပ်မှာ ထောက်ခံချက်မယူဘဲ ဝယ်လာလို့ သံသယနဲ့ ဖမ်းသွားတာ။ မင်းကြီးတောင် စစ်ကြောရေးကို အရင်ပို့တယ်၊ အဲ့ကနေ ဇီးကုန်းရဲစခန်းကို ပြန်ခေါ်လာတယ်။ ဇီးကုန်းမှာ ဆေးဝယ်ရင် ထွေအုပ်ထောက်ခံစာနဲ့ ဝယ်ရတယ်။ ဆိုင်ကြီးတွေက စာရင်းဇယားဘောက်ချာနဲ့ ထွေအုပ်ထောက်ခံချက်၊ တိုင်းခြားရင် တိုင်းအစိုးရထောက်ခံချက်ကအစ ယူပြီး တင်သွင်းရတယ်။ အဲ့လို ထောက်ခံချက်အဆင့်ဆင့်နဲ့ ငွေပေးရနေတာတွေကြောင့် စျေးကွက်ထဲ ဆေးဖိုးတွေက စျေးကြီးနေတာ” လို့ ဇီးကုန်းဒေသခံတဦးက ပြောပါတယ်။
တကိုယ်ရည်သုံးဆေးဝါး ဝယ်ယူလို့ ဖမ်ဆီးခံရသူ ဦးစိုးသိန်းဟာ အောက်တိုဘာလ ၁၃ ရက်နေ့မှာ ဇီးကုန်မြို့မရဲစခန်းကို ပြန်လည်ရောက်ရှိနေပြီ ဖြစ်ပြီး မိသားစုကို တွေ့ခွင့်မပေးဘဲ ထမင်းသာ ပို့ခွင့်ပေးထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဦးစိုးသိန်းရဲ့ သားဖြစ်သူဟာလည်း အာဏာသိမ်းစစ်တပ်ရဲ့ ခြေလျင်တပ်က အရာရှိတဦး ဖြစ်တယ်လို့ သိရပါတယ်။
ဒေါ်လာငွေသုံးစွဲမှု လျော့ချဖို့အတွက် ပြည်တွင်းသွင်းကုန်တွေ အားလုံးကို အာဏာသိမ်းစစ်တပ်က ကန့်သတ်ခဲ့ပြီးနောက် အိမ်ဆောက်ပစ္စည်း၊ သံနဲ့ ဆေးဝါး အပါအဝင် တခြားလူသုံးကုန်တွေ ဈေးကွက်ထဲ ပြတ်လပ်နေကာ ဈေးကြီးပေးပြီး ဝယ်ယူနေကြရတယ်လို့ သိရပါတယ်။
မြို့တော် News Channel
ရုပ်သံ
Daily NEWS
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
မိုးလေဝသ
ICON မော်ဒယ်၊ အိန္ဒိယမိုးလေဝသဌာန (IMD)၊ ထိုင်းမိုးလေဝသဌာန (TMD) တို့ရဲ့ ထုတ်ပြန်ချက်တွေ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်း/အလယ်ပိုင်းတို့မှာ အနိမ့်ပိုင်း လေဝဲစနစ်တစ်ခု စတင်အားကောင်းလှုပ်ရှားလာနေတယ်လို့ မိုးလေဝသ…
ပြည်တွင်းသတင်း
နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချဖို့ဆိုပြီး ပြည်ပက တင်သွင်းတဲ့ စားသုံးဆီတွေကို ကန့်သတ်ခဲ့ပြီးနောက် လက်ရှိစျေးကွက်ထဲ ပြည်တွင်းစားသုံးဆီ ဝယ်ယူလို့ မရတဲ့အထိ ဖြစ်လာကာ ပြည်ပစားသုံးဆီစျေးတွေလည်း အဆမတန် မြင့်တက်လာတာကြောင့်…
ပြည်တွင်းသတင်း
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ပေါက်တောရွာ ခမရ-၁၀ တပ်ရင်းကနေ စစ်ကြောင်းထိုးဖို့ တက်လာတဲ့ အာဏာသိမ်းစစ်တပ် တပ်ဖွဲ့တွေ မိုင်းဆွဲခံရပြီး အချင်းချင်း ဒရုန်းနဲ့ ဗုံးမှားကြဲလို့…