ဇူလိုင် ၈ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
ဇူလိုင် ၈ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
နောင်ချိုမြို့နယ်က ခရီးသွားလင်မယားကို အာဏာသိမ်း စစ်တပ်က သံသယနဲ့ဖမ်းဆီးပြီး ရိုက်နှက် လွှတ်လိုက်လို့ ဒဏ်ရာပြင်းထန်ရရှိ
ဇူလိုင် ၈
ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဘန့်ဘွေးရွာက လင်မယား ၂ ဦးကို အာဏာသိမ်းစစ်တပ်က တော်လှန်ရေးတပ်ဖွဲ့နဲ့ ဆက်နွယ်တယ်လို့ စွပ်စွဲကာ ဖမ်းဆီးရိုက်နှက်မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင်လ ၁ ရက်နေ့က နောင်ချိုမြို့နယ်၊ ဘန့်ဘွေးရွာက အသက် ၂၀ ကျော်အရွယ် လင်မယား ၂ ဦးဟာ နောင်ချိုမြို့ကို ဈေးသွားဝယ်ပြီးအပြန်မှာ အာဏာသိမ်းစစ်တပ်က ဖုန်းကိုစစ်ဆေးပြီး တော်လှန်ရေးတပ်နဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
"ဈေးသွားဝယ်ရင်း လမ်းကဂိတ်မှာ စစ်တာ၊ ဖုန်းထဲ ဘာတွေတွေ့တယ် မသိဘူး၊ အဲ့မှာ အဖမ်းခံရတာ၊ သူတို့ ခုလွတ်လာပါပြီ၊ သူတို့ပြောတာတော့ စဖမ်းကတည်းက နှစ်ယောက်လုံးကို ထုရိုက်ပြီး မေးတယ်၊ ခေါင်း ကျောပြင်နဲ့ ခြေထောက်မှာ ဒဏ်ရာတွေ ရတယ်၊ ခုဆေးကုနေရတယ်၊ မသက်သာဘူး ဒဏ်ရာက များတယ်၊ သံသယနဲ့ဖမ်းပြီး ရိုက်ကြတာ၊ တော်လှန်ရေးတပ်ကပါဆိုပြီး အတင်းဝန်ခံခိုင်းတယ် ပြောတယ်" လို့ ဒေသခံတဦးက မြို့တော်ကို ပြောပါတယ်။
ဖမ်းဆီးခံရသူ လင်မယားဟာ ကျောက်မဲမြို့ကနေ နောင်ချိုမြို့ ဘန်ဘွေးရွာကို ပြောင်းလာတဲ့သူတွေဖြစ်ပြီး သံသယနဲ့ ၅ ရက်ကြာ ရိုက်နှက်နှိပ်စက်ခဲ့ပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ဘန့်ဘွေးရွာအနီး ဝက်ဝံဂိတ်နဲ့ ပြင်ဦးလွင်အဝင် ဂိတ်မှာလည်း ခရီးသွားနဲ့ ဒေသခံတချို့ကို ဖမ်းဆီးရိုက်နှက် စစ်ဆေးမှုတွေ ရှိခဲ့ဖူးတယ်လို့လည်း သိရပါတယ်။
မြို့တော် News Channel
ဇူလိုင် ၈ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
မှုခင်းသတင်း
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ နေအိမ်ထဲဝင်ခိုးတဲ့ သူခိုးနဲ့ ယောကျာ်းဖြစ်သူတို့ လုံးထွေးသတ်ပုတ်နေတာကို ဇနီးဖြစ်သူက သံတုတ်နဲ့ ဝင်ရိုက်ရာက သူခိုးကော ယောကျာ်းဖြစ်သူပါ နှစ်ယောက်စလုံး ၁၀ ချက်စီ ချုပ်လိုက်ရတယ်လို့…
ပြည်တွင်းသတင်း
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့မှာ Non CDM ကျောင်းဆရာမကို အာဏာသိမ်းစစ်အုပ်စုမှ တပ်ဖွဲ့ဝင် ၅ ဦးက ယောက်ျားဖြစ်သူ ရှေ့မှာတင် လိင်ပိုင်းဆိုင်ရာပြုကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မိုးလေဝသ
အနောက်တောင်မုတ်သုံလေဟာ မြန်မာနိုင်ငံမြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း (ခန္တီး၊ ဟုမ္မလင်း၊ ကသာ၊ ဗန်းမောက်) သို့ အရှိန်အဟုန်ပြင်းစွာ ပင့်တင်တိုက်ခတ်နေတာကြောင့် စစ်ကိုင်း(အထက်ပိုင်း)မှာ ၇ ရက်တာအတွင်း မိုးကြီးနိုင်ပြီး၊ စစ်ကိုင်းအောက်ပိုင်း…