အရေးပေါ်
ပြည်တွင်းသတင်း

လာအိုဘာသာစကားကို တတ်ကျွမ်းအောင် သင်ယူကြဖို့ ပညာတော်သင် သင်တန်းသား အရာရှိတွေကို မင်းအောင်လှိုင်တိုက်တွန်း

၂၀၂၆ ဇူလိုင် ၅ Myo Taw

လာအိုနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဗီယင်ကျန်းမြို့ရှိ မြန်မာသံရုံး၊ စစ်သံရုံးမှ ဝန်ထမ်းများနှင့် လာအိုနိုင်ငံမှာ ပညာသင်ကြားနေတဲ့ တပ်မတော်သား အရာရှိတွေကို ဇူလိုင်လ ၄ ရက်နေ့ ညနေပိုင်းမှာ တွေ့ဆုံခဲ့ပြီး အမှာစကား ပြောကြားခဲ့ပါတယ်။

လာအိုဘာသာစကားကို တတ်ကျွမ်းအောင် သင်ယူကြဖို့ ပညာတော်သင် သင်တန်းသား အရာရှိတွေကို မင်းအောင်လှိုင်တိုက်တွန်း

လာအိုဘာသာစကားကို တတ်ကျွမ်းအောင် သင်ယူကြဖို့ ပညာတော်သင် သင်တန်းသား အရာရှိတွေကို မင်းအောင်လှိုင်တိုက်တွန်း

ဇူလိုင် ၅

လာအိုနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဗီယင်ကျန်းမြို့ရှိ မြန်မာသံရုံး၊ စစ်သံရုံးမှ ဝန်ထမ်းများနှင့် လာအိုနိုင်ငံမှာ ပညာသင်ကြားနေတဲ့ တပ်မတော်သား အရာရှိတွေကို ဇူလိုင်လ ၄ ရက်နေ့ ညနေပိုင်းမှာ တွေ့ဆုံခဲ့ပြီး အမှာစကား ပြောကြားခဲ့ပါတယ်။

အမှာစကားပြောကြားရာမှာ "ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းလျက် ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ မဲမသမာမှုများ ဖြစ်ပေါ်ခဲ့မှုကြောင့် တပ်မတော်အနေဖြင့် နိုင်ငံတော်တာဝန်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ထမ်းဆောင်ခဲ့ရကြောင်း" ပြောဆိုခဲ့ပြန်ပါတယ်။

"စစ်ခေါင်းဆောင်က ခုချိန်ထိ ပြည်တွင်းမှာလုပ်တဲ့ အခမ်းအနားတိုင်းမှာကော ပြည်ပခရီးစဉ်တွေမှာပါ မဲမသမာလို့ အာဏာထိန်းရတာပါ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အညီ လုပ်တာပါ ဆိုတာပဲ အဖန်တရာမက ထပ်တလဲလဲ ပြောနေရတယ်။ သမ္မတအဖြစ် ကျမ်းကျိန်တုန်းကလည်း ထည့်ပြောသွားသေးတယ်။ ဒါကိုကြည့်ရင် သူ့ရင်ထဲမှာ မလုံခြုံမှုတွေ ကြီးစိုးနေတာကို ပြနေတာပါ။ သူ့အနေနဲ့ တရားဝင်မှုကို အသည်းအသန် လိုချင်နေလို့ ဗြောင်လိမ်ပြီး ကြိုးပမ်းနေတာ ဖြစ်ပါတယ်" လို့ တပ် CDM အရာရှိတဦးက မြို့တော်ကို ပြောပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကြိုးကိုင်ထားတဲ့ အစိုးရအဖွဲ့ကို နိုင်ငံတကာက တရားဝင် အစိုးရတရပ်အဖြစ် အသိအမှတ်မပြုမှုအပေါ် နိုင်ငံတကာဟာ သူတို့ရဲ့ အကျိုးစီးပွားကို ထိခိုက်မှာ စိုးရိမ်တဲ့အတွက်ကြောင့် မိမိတို့အစိုးရအဖွဲ့ကို တရားဝင်အစိုးရအဖြစ် လက်မခံတာ ဖြစ်တယ်လို့ မင်းအောင်လှိုင်က စွပ်စွဲပြောဆိုခဲ့ပါတယ်။

လာအိုနိုင်ငံမှာ လာရောက်တာဝန်ထမ်းဆောင်နေကြတဲ့ သံရုံး၊ စစ်သံရုံး မိသားစုတွေ အနေနဲ့လည်း အင်္ဂလိပ်စာ၊ AI နည်းပညာနှင့် ကွန်ပျူတာ နည်းပညာပိုင်းဆိုင်ရာတွေကို လေ့လာကြဖို့ကိုလည်း မှာကြားခဲ့သလို ပညာတော်သင် သင်တန်းသား အရာရှိတွေ အနေနဲ့လည်း လာအိုဘာသာစကားကို နားလည်တတ်ကျွမ်းအောင် သင်ယူဖို့ တိုက်တွန်းခဲ့ပါသေးတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

ဇူလိုင် ၅ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
VIDEO ပြည်တွင်းသတင်း

ဇူလိုင် ၅ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ

ဇူလိုင် ၅ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ

ကြည့်ရန်
ကလေးမြို့မှာ ဆိုင်ကယ်လုယက်တဲ့ စစ်သား ၃ ဦးကို ရပ်ကွက်ကဖမ်းဆီးပြီး ရဲလက်အပ်
VIDEO ပြည်တွင်းသတင်း

ကလေးမြို့မှာ ဆိုင်ကယ်လုယက်တဲ့ စစ်သား ၃ ဦးကို ရပ်ကွက်ကဖမ်းဆီးပြီး ရဲလက်အပ်

ကလေးမြို့မှာ ဆိုင်ကယ်လုယက်တဲ့ စစ်သား ၃ ဦးကို ရပ်ကွက်ကဖမ်းဆီးပြီး ရဲလက်အပ်တဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ

ကြည့်ရန်
ဇူလိုင် ၄ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
VIDEO ပြည်တွင်းသတင်း

ဇူလိုင် ၄ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ

ဇူလိုင် ၄ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ

ကြည့်ရန်
နွယ်တမယ်တံတားမှာ စစ်သားအချင်းချင်း စကားများရာက ဓားထိုးမှုဖြစ်ပြီး ၁ ဦးသေဆုံး
VIDEO ပြည်တွင်းသတင်း

နွယ်တမယ်တံတားမှာ စစ်သားအချင်းချင်း စကားများရာက ဓားထိုးမှုဖြစ်ပြီး ၁ ဦးသေဆုံး

နွယ်တမယ်တံတားမှာ စစ်သားအချင်းချင်း စကားများရာက ဓားထိုးမှုဖြစ်ပြီး ၁ ဦးသေဆုံးတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ

ကြည့်ရန်