အရေးပေါ်
ပြည်တွင်းသတင်း

နေပြည်တော်မှာ ငလျင်ထောက်ပံ့ကြေးတွေကို အုပ်ချုပ်ရေးမှူးက သူ့ကို ထောက်ခံသူတွေကိုသာ ထုတ်ပေးနေပြီး မုန့်ဖိုးအမည်ခံ ငွေညှစ်မှုတွေ ရှိနေ

၂၀၂၆ ဇူလိုင် ၈ Myo Taw
နေပြည်တော်မှာ ငလျင်ထောက်ပံ့ကြေးတွေကို အုပ်ချုပ်ရေးမှူးက သူ့ကို ထောက်ခံသူတွေကိုသာ ထုတ်ပေးနေပြီး မုန့်ဖိုးအမည်ခံ ငွေညှစ်မှုတွေ ရှိနေ

နေပြည်တော်မှာ ငလျင်ထောက်ပံ့ကြေးတွေကို အုပ်ချုပ်ရေးမှူးက သူ့ကို ထောက်ခံသူတွေကိုသာ ထုတ်ပေးနေပြီး မုန့်ဖိုးအမည်ခံ ငွေညှစ်မှုတွေ ရှိနေ

ဇူလိုင် ၈

နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ သစ်ဆိန့်ပင်ကျေးရွာအုပ်စု၊ ချင်းစုကျေးရွာမှာ အာဏာသိမ်း အစိုးရက ပေးအပ်တဲ့ ငလျင်ထောက်ပံ့ကြေးပေးရာမှာ အမှန်တကယ် ပျက်စီးသူတွေ မရရှိဘဲ အုပ်ချုပ်ရေးမှူးကို အားပေးကူညီသူတွေကိုသာ ဦးစားပေး ခွဲခြားထောက်ပံ့နေပြီး ဝန်ဆောင်ခနဲ့ မုန့်ဖိုးအမည်တပ်ကာ ငွေကြေးကောက်ခံမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ငလျင်ထောက်ပံ့ကြေးအဖြစ် ပျက်စီးတဲ့ အိမ်အခြေအနေအပေါ်မှာ မူတည်ပြီး ၁ ထပ်အိမ်ကို ၂၅ သိန်း၊ ၂ ထပ်အိမ်ကို သိန်း ၅၀ နှုန်းနဲ့ ထောက်ပံ့တာဖြစ်ပေမဲ့ လက်တွေ့မှာ အမှန်တကယ် နေအိမ်ပျက်စီးသူ တော်တော်များများ မရရှိကြဘဲ ရရှိသူတွေဟာလည်း ၂ ထပ်အိမ်အတွက် ၁ ထပ်စာ ၂၅ သိန်းသာ ရရှိကြပြီး အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲမှာ ထောက်ခံအားပေး စည်းရုံးပေးခဲ့သူတွေကိုတော့ ၂ ထပ်စာ သိန်း ၅၀ အပြည့်ပေးတယ်လို့ သိရပါတယ်။

ဒါ့အပြင် ထောက်ပံ့ကြေး လာရောက်ထုတ်ယူသူတွေ ဆီကနေ ဝန်ဆောင်ခအပြင် ပျက်စီးစာရင်း တင်ပေးခဆိုပြီး မုန့်ဖိုးအဖြစ် ၁ ထပ်အိမ်ကို သုံးသောင်းကျပ်၊ ၂ ထပ်အိမ်ကို ငါးသောင်းကျပ်နှုန်းနဲ့ အုပ်ချုပ်ရေးမှူးဇနီး ကိုယ်တိုင်က တောင်းယူကောက်ခံနေခဲ့တယ်လို့ ဆိုပါတယ်။

"အခု ထောက်ပံ့ကြေးနဲ့ ပတ်သက်ပြီး စောဒက မတက်ဖို့နဲ့ မြို့နယ်ရုံးကိုတိုင်ရင် နောက်ထပ် ထောက်ပံ့ကြေးတွေ ပေးတော့မှာ မဟုတ်ဘူးလို့ ခြိမ်းခြောက်ထားလို့ ဘယ်သူမှ မတိုင်ရဲကြဘူး၊ ထောက်ပံ့ကြေး ရတဲ့ ၅၁ အိမ်မှာ တကယ်ပျက်စီးတဲ့သူက ၇၀ ရာခိုင်နှုန်းလောက်ပဲ ပါတယ်၊ ထောက်ပံ့ကြေး လုံးဝမရတဲ့ အိမ်တွေထဲမှာ ပျက်စီးဆုံးရှုံးတဲ့ အိမ် ၄ အိမ်ထက်မနည်း ကျန်နေသေးတယ်" လို့ ဒေသခံတဦးက မြို့တော်ကို ပြောပါတယ်။

အလားတူ နေပြည်တော်ရှိ တခြားမြို့နယ်တွေမှာလည်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေဟာ ဒေသခံပြည်သူတွေအတွက် ရောက်ရှိလာတဲ့ ငလျင်ကူညီထောက်ပံ့ရေး ပစ္စည်းတွေနဲ့ အလှူငွေတွေကို အလွဲသုံးစားလုပ်တာ သူတို့နဲ့ နီးစပ်သူတွေကိုသာ ဦးစားပေးတာနဲ့ တိုင်ကြားမှု မလုပ်ရဲအောင် အာဏာပြ ခြိမ်းခြောက်တာတွေကို ကျေးရွာတော်တော်များများမှာ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

သူခိုးနဲ့ ယောကျာ်းဖြစ်သူတို့ လုံးထွေးသတ်ပုတ်နေစဉ် သံတုတ်နဲ့ ရိုက်ကာ ဝင်ရောက်ကူညီရာက ယောကျာ်းကော သူခိုးပါ ၁၀ ချက်စီ ချုပ်လိုက်ရ မှုခင်းသတင်း

သူခိုးနဲ့ ယောကျာ်းဖြစ်သူတို့ လုံးထွေးသတ်ပုတ်နေစဉ် သံတုတ်နဲ့ ရိုက်ကာ ဝင်ရောက်ကူညီရာက ယောကျာ်းကော သူခိုးပါ ၁၀ ချက်စီ ချုပ်လိုက်ရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ နေအိမ်ထဲဝင်ခိုးတဲ့ သူခိုးနဲ့ ယောကျာ်းဖြစ်သူတို့ လုံးထွေးသတ်ပုတ်နေတာကို ဇနီးဖြစ်သူက သံတုတ်နဲ့ ဝင်ရိုက်ရာက သူခိုးကော ယောကျာ်းဖြစ်သူပါ နှစ်ယောက်စလုံး ၁၀ ချက်စီ ချုပ်လိုက်ရတယ်လို့…

ဖတ်ရန်
Non CDM ကျောင်းဆရာမကို ယောက်ျားဖြစ်သူ ရှေ့မှာတင် အာဏာသိမ်းစစ်အုပ်စုမှ တပ်ဖွဲ့ဝင် ၅ ဦးက လိင်ပိုင်းဆိုင်ရာပြုကျင့် ပြည်တွင်းသတင်း

Non CDM ကျောင်းဆရာမကို ယောက်ျားဖြစ်သူ ရှေ့မှာတင် အာဏာသိမ်းစစ်အုပ်စုမှ တပ်ဖွဲ့ဝင် ၅ ဦးက လိင်ပိုင်းဆိုင်ရာပြုကျင့်

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့မှာ Non CDM ကျောင်းဆရာမကို အာဏာသိမ်းစစ်အုပ်စုမှ တပ်ဖွဲ့ဝင် ၅ ဦးက ယောက်ျားဖြစ်သူ ရှေ့မှာတင် လိင်ပိုင်းဆိုင်ရာပြုကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
မုတ်သုံလေ အားကောင်းမှုကြောင့် ဒေသအချို့မှာ မိုးကြီးပြီး မြစ်ရေမြင့်တက်လာနိုင်ကာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ဆို မိုးလေဝသ

မုတ်သုံလေ အားကောင်းမှုကြောင့် ဒေသအချို့မှာ မိုးကြီးပြီး မြစ်ရေမြင့်တက်လာနိုင်ကာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ဆို

အနောက်တောင်မုတ်သုံလေဟာ မြန်မာနိုင်ငံမြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း (ခန္တီး၊ ဟုမ္မလင်း၊ ကသာ၊ ဗန်းမောက်) သို့ အရှိန်အဟုန်ပြင်းစွာ ပင့်တင်တိုက်ခတ်နေတာကြောင့် စစ်ကိုင်း(အထက်ပိုင်း)မှာ ၇ ရက်တာအတွင်း မိုးကြီးနိုင်ပြီး၊ စစ်ကိုင်းအောက်ပိုင်း…

ဖတ်ရန်