မန္တလေးမှာ ဂိုဒေါင်ဟောင်းတခု မီးလောင်လို့ လူ ၂ ဦး ထိခိုက်ဒဏ်ရာရ
မန္တလေးမှာ ဂိုဒေါင်ဟောင်းတခု မီးလောင်လို့ လူ ၂ ဦး ထိခိုက်ဒဏ်ရာရတဲ့ သတင်းနှင့်အတူ မြို့တော်ရဲ့ နေ့လယ်ခင်းသတင်း တင်ဆက်မှု ၂၀၂၆ ခုနှစ် ဇူလိုင်လ ၆…
မြန်မာနိုင်ငံအောင်ပိုင်းက မြို့နယ်အတော်များများမှာ လေဆင်နှာမောင်း တိုက်ခတ်သွားလို့ ပျက်စီးဆုံးရှုံးမှုများခဲ့
ဇူလိုင် ၆
ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်က မြို့နယ်အတော်များများမှာ လေဆင်နှာမောင်း တိုက်ခတ်သွားလို့ နေအိမ်တွေပျက်စီးကာ လူထိခိုက်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင်လ ၅ ရက်နေ့ညက ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ ဘွက်ကုန်းကျေးရွာအုပ်စု၊ ဘိုသိုးကျေးရွာကို လေဆင်နှာမောင်း ဝင်ရောက်တိုက်ခတ်ခဲ့လို့ နေအိမ် အလုံး ၃၀ ကျော် ပျက်စီးခဲ့သလို ပဲခူးတိုင်း နတ်တလင်းမြို့နယ်က ကျေးရွာ ၂ ရွာမှာလည်း လေဆင်နှာမောင်း တိုက်ခတ်လို့ အိမ်ခြေ ၆၀ ကျော် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
“နတ်တလင်းက ပဲမခန်းအုပ်စု ကံသာရာရွာမှာ အိမ် ၆၀ ကျော် ပျက်စီးသွားတယ်၊ တချို့အိမ်တွေ လုံးဝ အစအနတောင် ပြန်မရကြဘူး၊ လူထိခိုက်တာ အနည်းအပါးရှိတယ်၊ အသေအပျောက်တော့ မရှိဘူး၊ အခုမနက် ကိုယ်ထူကိုယ်ထနဲ့ ပြန်ရှင်းနေကြရတယ်၊ လေဆင်နှာမောင်းက ဒီရွာပြီးတော့ ပဲမခမ်းဘက် ရွေ့သွားတယ်၊ အဲ့ဘက်လည်း အပျက်အစီးများတယ်” လို့ နတ်တလင်းမြို့နယ် ဒေသခံတဦးက မြို့တော်ကို ပြောပါတယ်။
အလားတူ မွန်ပြည်နယ် ပေါင်မြို့မှာလည်း လေဆင်နှာမောင်း တိုက်ခတ်ခဲ့လို့ ဘုန်းကြီးကျောင်းနဲ့ အစိုးရရုံးတွေ အပါအဝင် အဆောက်အအုံ အတော်များများ ပျက်စီးခဲ့ပြီး သံဃာတော်တွေလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
“စာရင်းအရ အိမ် ၉၂ လုံး၊ ဘုန်းကြီးကျောင်း ၂ ကျောင်း၊ သမရုံး ၁ ရုံး ပျက်စီးသွားတယ်၊ သံဃာ ၇ ပါး ထိခိုက်ဒဏ်ရာရတယ်၊ အဲ့ထဲက ၂ ပါး စိုးရိမ်ရတယ်၊ တပါးက ခြေထောက်ဖြတ်ရမယ့် အနေအထားမှာ ရှိတယ်” လို့ ပရဟိတအဖွဲ့ဝင်တဦးက မြို့တော်ကို ပြောပါတယ်။
ဇူလိုင်လ ၅ ရက်နေ့ ညနက်ပိုင်းကလည်း ပဲခူးတိုင်း သာယာဝတီမြို့နယ်ထဲက ငဖြူလေးကျေးရွာ အ.ထ.က ခွဲကျောင်းအနီးမှာ လေဆင်နှာမောင်း တိုက်ခတ်သွားလို့ ကျောင်းဆောင် ပျက်စီးခဲ့ပါသေးတယ်။
မြို့တော် News Channel
မန္တလေးမှာ ဂိုဒေါင်ဟောင်းတခု မီးလောင်လို့ လူ ၂ ဦး ထိခိုက်ဒဏ်ရာရတဲ့ သတင်းနှင့်အတူ မြို့တော်ရဲ့ နေ့လယ်ခင်းသတင်း တင်ဆက်မှု ၂၀၂၆ ခုနှစ် ဇူလိုင်လ ၆…
ဇူလိုင် ၅ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ကလေးမြို့မှာ ဆိုင်ကယ်လုယက်တဲ့ စစ်သား ၃ ဦးကို ရပ်ကွက်ကဖမ်းဆီးပြီး ရဲလက်အပ်တဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ
ပြည်တွင်းသတင်း
လာအိုနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဗီယင်ကျန်းမြို့ရှိ မြန်မာသံရုံး၊ စစ်သံရုံးမှ ဝန်ထမ်းများနှင့် လာအိုနိုင်ငံမှာ ပညာသင်ကြားနေတဲ့ တပ်မတော်သား အရာရှိတွေကို ဇူလိုင်လ…