ရုပ်သံ
ပြည်တွင်းသတင်း
ဝါရှင်တန်ဒီစီသို့ ရောက်ရှိနေတဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ဆန္ဒပြ
ဝါရှင်တန်ဒီစီသို့ ရောက်ရှိနေတဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ဆန္ဒပြ
စက်တင်ဘာ ၂၅
အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့ကို ရောက်ရှိနေတဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် ကို ဟောင်ကောင်၊ တိဘက်၊ ဝီဂါ၊ ထိုင်ဝမ်၊ မွန်ဂိုလီးယား အရှေ့တာကစ်စတန် (East Turkestan) နှင့် ပြည်ပရောက် မြန်မာပြည်ဖွားတို့ စုပေါင်းပြီး အမေရိကန် စံတော်ချိန် စက်တင်ဘာလ ၂၄ ရက်နေ့ ညနေပိုင်းက ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
အဆိုပါ ဆန္ဒပြပွဲမှာ အင်အား ၅၀၀ မှ ၆၀၀ ခန့်အထိ ရှိတယ်လို့ သိရပြီး နေ့လယ် ၁၂ နာရီမှ ညနေ ၄ နာရီအထိ ဝါရှင်တန်ဒီစီရှိ တရုတ်သံရုံး၊ ညနေ ၆ နာရီမှ ည ၈ နာရီအထိ တရုတ်သမ္မတ ရှီကျင့်ဖျင် ကို ညစာစားပွဲနဲ့ တည်ခင်းဧည့်ခံတဲ့ အိမ်ဖြူတော်အထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
တရုတ်အစိုးရက ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးလွှတ်ပေးဖို့နဲ့ ဟောင်ကောင်၊ တိဘက်၊ ဝီဂါ၊ ထိုင်ဝမ်၊ မွန်ဂိုလီးယား အရှေ့တာကစ်စတန် (East Turkestan)နှင့် မြန်မာနိုင်ငံ တို့အပေါ်မှာ တရုတ်အစိုးရအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရပ်တံ့ဖို့ တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။
အဆိုပါ ဆန္ဒပြပွဲကို Anti-dictatorship in Burma - DC Metro Area (D.M.V-PA) က ဦးဆောင်ကျင်းပခဲ့တာလို့ သိရပြီး ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့သူတွေဟာ အနက်ရောင်ဝတ်စုံ အပြည့် (All Black) ဝတ်ဆင်ပြီး ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
မြို့တော် News Channel
ဓာတ်ပုံများ (10)
ဆက်စပ် သတင်းများ
ရုပ်သံ
ပြည်တွင်းသတင်း
ပြည်တွင်းသတင်း
ရွှေပြည်သာမြို့နယ်မှာ လူငယ် ၂ ဦး အလုပ်ရဖို့ အင်တာဗျူးသွားဖြေရာက ပျောက်ဆုံးနေပြီး တလကြာတဲ့အထိ အဆက်အသွယ် မရသေး
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဇီးကုန်းရပ်ကွက်မှာ နေထိုင်တဲ့ လူငယ် ၂ ဦးဟာ ဩဂုတ်လ ၂၅ ရက်နေ့က အလုပ်အတွက် အင်တာဗျူးသွားရောက်ဖြေဆိုဖို့ဖို့ ထွက်သွားခဲ့ရာက ပျောက်ဆုံးသွားခဲ့ပြီး…
ပြည်တွင်းသတင်း
မုန်တိုင်းငယ်အရှိန်ကြောင့် မြန်မာနိုင်ငံတောင်ပိုင်းမှာ မိုးဆက်ကြီးနိုင်တယ်လို့ဆို
ICON Model ရဲ့ ခန့်မှန်းသုံးသပ်အရ စက်တင်ဘာလ ၂၆ ရက်မှ ၂၈ ရက်အတွင်း တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်နှင့် အနီးဝန်းကျင်မှာ မိုးအလွန်များနိုင်တယ်လို့ ခန့်မှန်းသုံးသပ်ထားပြီး…
ရုပ်သံ
ပြည်တွင်းသတင်း