အရေးပေါ်
ပြည်တွင်းသတင်း

တိုင်းနဲ့ ပြည်နယ် ၄ ခုမှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး ဒေသအလိုက် မိုးကြီးနိုင်တယ်လို့ဆို

၂၀၂၆ နိုဝင်ဘာ ၉ Myo Taw
တိုင်းနဲ့ ပြည်နယ် ၄ ခုမှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး ဒေသအလိုက် မိုးကြီးနိုင်တယ်လို့ဆို

တိုင်းနဲ့ ပြည်နယ် ၄ ခုမှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး ဒေသအလိုက် မိုးကြီးနိုင်တယ်လို့ဆို

နိုဝင်ဘာ ၉

တရုတ်ပြည်မဘက်မှ ဆင်းလာတဲ့ လေအေးနှင့် အရှေ့ဘက်/တောင်ဘက်မှ တက်လာတဲ့ အရှေ့လေပွေလှိုင်းတို့ ပွတ်တိုက်မှုကြောင့် ရှမ်းပြည်နယ် (မြောက်ပိုင်း၊ တောင်ပိုင်း၊ အရှေ့ပိုင်း)၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း(အောက်ပိုင်း) နှင့် မကွေးတိုင်း ဒေသအချို့တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက် မိုးကြီးတာတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းသုံးသပ်ထားပါတယ်။

အထူးသဖြင့် နိုဝင်ဘာလ ၁၀ ရက်မှာ ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းတို့မှာ မိုးသည်းထန်မှု အထွတ်အထိပ်သို့ ရောက်ရှိနိုင်တယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ်၊ နေပြည်တော်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း တို့မှာ နေရာကွက်ကျားမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလ ၁၂ ရက်မှစတင်ပြီး မိုးရိပ်တွေ သိသိသာသာ လျော့ပါးသွားမှာဖြစ်ပြီး နိုဝင်ဘာလ ၁၃ ရက်မှ ၁၅ ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးနီးပါး မိုးကင်းစင်ပြီး တိမ်အသင့်အတင့်သာ ရှိမယ်လို့ ဆိုပါတယ်။

လေဖိအားကြီးရပ်ဝန်းမှ မြောက်လေ/အရှေ့မြောက်လေတွေ တိုက်ခတ်လာမှာဖြစ်တာကြောင့် ကုန်းတွင်းပိုင်းနှင့် ကုန်းမြင့်ဒေသတွေမှာ ညအပူချိန်တွေ သိသိသာသာ လျော့ကျကာ ဆောင်းလေအေး စတင်ဝင်ရောက်မယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလ ၉ မှ ၁၁ ရက်အတွင်း အရှေ့လေပွေလှိုင်းနှင့် လေအေးထုတို့ တွေ့ဆုံချိန်ဖြစ်ပြီး ကုန်းတွင်းပိုင်းဒေသတွေမှာ မိုးတိမ်တောင်တွေ ဖွဲ့စည်းကာ လေပြင်းတိုက်ခတ်တာ၊ မိုးကြိုးပစ်တာနှင့် မိုးသီးကြွေတာတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းသုံးသပ်ထားပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (6)

ဆက်စပ် သတင်းများ

နိုဝင်ဘာ ၁၁ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ရုပ်သံ ပြည်တွင်းသတင်း

နိုဝင်ဘာ ၁၁ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ

နိုဝင်ဘာ ၁၁ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ

ကြည့်ရန်
ကထိန်အတွက် ပစ္စည်းပို့ပြီးပြန်လာတဲ့သုံးဘီး တံတားအဆင်းမှာပြုတ်ကျလို့ ၂ ဦးသေဆုံး ရုပ်သံ ပြည်တွင်းသတင်း

ကထိန်အတွက် ပစ္စည်းပို့ပြီးပြန်လာတဲ့သုံးဘီး တံတားအဆင်းမှာပြုတ်ကျလို့ ၂ ဦးသေဆုံး

ကထိန်အတွက် ပစ္စည်းပို့ပြီးပြန်လာတဲ့သုံးဘီး တံတားအဆင်းမှာပြုတ်ကျလို့ ၂ ဦးသေဆုံးတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ

ကြည့်ရန်
နိုဝင်ဘာ ၁၀ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ရုပ်သံ ပြည်တွင်းသတင်း

နိုဝင်ဘာ ၁၀ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ

နိုဝင်ဘာ ၁၀ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၀ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ

ကြည့်ရန်
ဓါး နဲ့ ခုတ်ပြီး ဖုန်းနှင့် ဆိုင်ကယ်တွေ လုယက်မှု ၁၄ မှု ကျုးလွန်သူတွေကို ဖမ်းဆီးရမိပြီလို့ဆို ရုပ်သံ ပြည်တွင်းသတင်း

ဓါး နဲ့ ခုတ်ပြီး ဖုန်းနှင့် ဆိုင်ကယ်တွေ လုယက်မှု ၁၄ မှု ကျုးလွန်သူတွေကို ဖမ်းဆီးရမိပြီလို့ဆို

ဓါး နဲ့ ခုတ်ပြီး ဖုန်းနှင့် ဆိုင်ကယ်တွေ လုယက်မှု ၁၄ မှု ကျုးလွန်သူတွေကို ဖမ်းဆီးရမိပြီလို့ဆိုတဲ့ သတင်းနှင့်အတူ မြို့တော်ရဲ့ နေ့လယ်ခင်းသတင်း တင်ဆက်မှု…

ကြည့်ရန်