အရေးပေါ်
ပြည်တွင်းသတင်း

ကျောင်းလက်ချည်ပွဲအတွက် အဝတ်တွေသွားဝယ်တဲ့ ဆရာမတွေ ဖောင်စက်လှေမှောက်လို့ ၁ ဦး သေဆုံး

၂၀၂၆ သြဂုတ် ၂၆ Myo Taw
ကျောင်းလက်ချည်ပွဲအတွက် အဝတ်တွေသွားဝယ်တဲ့ ဆရာမတွေ ဖောင်စက်လှေမှောက်လို့ ၁ ဦး သေဆုံး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ ကျောင်းသား၊ ကျောင်းသူတွေရဲ့ လက်ချည်ပွဲအတွက် အင်္ကျီတွေ သွားဝယ်ယူပြီးအပြန် ဖောင်စက်လှေတိမ်းမှောက်လို့ ကျောင်းဆရာမ ၁ ဦး ရေနစ် သေဆုံးခဲ့တယ်လို့ ဒေသခံတွေ ကတဆင့် သိရပါတယ်။

ဩဂုတ်လ ၂၄ ရက် နေ့လည် ၁၂ နာရီခွဲခန့်က ကော့ကရိတ်မြို့နယ်၊ ကော့ခိုက်ကျေးရွာနဲ့ နွားခြံကုန်းကျေးရွာကြားမှာ စက်ပျက်ပြီး တိမ်းမှောက်ခဲ့တာကြောင့် စက်လှေပေါ်ပါလာသူ ကျောင်းဆရာမ ၄ ဦးနဲ့ အရပ်သား ၄ ဦး ရေနစ်ခဲ့ပြီး စက်လှေပေါ်ပါလာတဲ့ ဆိုင်ကယ် ၂ စီးလည်း ရေထဲ နစ်မြုပ်သွားခဲ့တယ်လို့ သိရပါတယ်။

"စက်လှေက ဝန်များသွားတာ။ လူ ၈ ယောက်နဲ့ ဆိုင်ကယ် ၂ စီး၊ တခြားကုန်တွေကော သယ်ပြီးအပြန် ဖြစ်တာ။ ရေပြင်ကလည်း ကျယ်နေတာ၊ ရေလည်မှာ စက်လှေက စက်ပျက်တာ။ ရေစီးနဲ့ လည်သွားပြီး မှောက်တာ။ မှောက်တဲ့နေရာက ရေတက်ပြီး လယ်တွေ မြုပ်နေတဲ့ နေရာပါ" လို့ ဒေသခံတဦးက ပြောပါတယ်။

ကျောင်းဆရာမ ၄ ဦး စလုံးဟာ ရေမကူးတတ်တာကြောင့် ရေထဲပြုတ်ကျ မျောပါသွားခဲ့ပြီး ဆရာမ ၃ ဦးကို အချိန်မီ ကယ်ဆယ်နိုင်ခဲ့ပေမယ့် ဆရာမ နန်းမြင့်ဆန်းဦးကတော့ ရေစီးနဲ့ အတူ မျောပါသွားခဲ့တယ်လို့ သိရပါတယ်။

"ဆရာမ ၄ ယောက်လုံးက ကျောင်းက လက်ချည်ပွဲအတွက် အဝတ်တွေ သွားဝယ်ကြတာ။ အပြန်မှာ ခုလိုဖြစ်တာ။ ဆရာမ ၄ ‌ယောက်လုံးက တခြားနယ်က ပြောင်းလာကြတာ ရေမကူးတက်ကြဘူး။ ဖြစ်ဖြစ်ချင်း ၃ ယောက်ကို ကယ်လိုက်နိုင်တယ်။ တယောက်ကတော့ ရေစီးနဲ့ ပါပြီး ပျောက်သွားတာ။ ရွာကလူတွေ လိုက်ဆယ်ကြပေမယ့် အချိန်ကြာပီး အလောင်းပဲရတော့တာ" လို့ ဒေသခံတဦးက ပြောပါတယ်။

ရေနစ်သေဆုံးခဲ့တဲ့ ကျောင်းဆရာမဟာ ကော့ကရိတ်မြို့နယ်၊ နွားခြံကုန်းကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းမှာ တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ရုပ်အလောင်းကိုတော့ သြဂုတ် ၂၅ ရက်နေ့က တာဝန်ကျရာ ကျေးရွာမှာပဲ သင်္ဂြိုဟ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် လာမယ့်ရက်ပိုင်းအတွင်း တိုင်းနဲ့ ပြည်နယ် အများစုမှာ မိုးကြီးနိုင်တယ်လို့ဆို ပြည်တွင်းသတင်း

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် လာမယ့်ရက်ပိုင်းအတွင်း တိုင်းနဲ့ ပြည်နယ် အများစုမှာ မိုးကြီးနိုင်တယ်လို့ဆို

အိန္ဒိယမိုးလေဝသဌာန (IMD) ရဲ့ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်လာပြီးနောက် ၎င်းစနစ်မှ စိုထိုင်းဆများပြီး ရေငွေကြွယ်ဝတဲ့ မိုးတိမ်တန်းတွေဟာ အောက်တိုဘာလ ၁၄ ရက်မှ…

ဖတ်ရန်
ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ အရက်အမူးလွန်ပြီး ရေမြောင်းအတွင်း ပြုတ်ကျ သေဆုံးတယ်လို့ဆို ပြည်တွင်းသတင်း

ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ အရက်အမူးလွန်ပြီး ရေမြောင်းအတွင်း ပြုတ်ကျ သေဆုံးတယ်လို့ဆို

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌဖြစ်သူ ဦးမျိုးမင်းစိုးကို ရပ်ကွက်ရုံးအနီးက ရေမြောင်းအတွင်းမှာ သေဆုံးလျက် တွေ့ရှိခဲ့တယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေထံက သိရပါတယ်။

ဖတ်ရန်
မကွေးသင်ကြားရေးဆေးရုံမှာ သတ်မှတ်ဆေးဆိုင်က ဆေးမဝယ်ရင် ဆေးမကုပေးဘူးလို့ ခြိမ်းခြောက်မှုတွေရှိနေ ပြည်တွင်းသတင်း

မကွေးသင်ကြားရေးဆေးရုံမှာ သတ်မှတ်ဆေးဆိုင်က ဆေးမဝယ်ရင် ဆေးမကုပေးဘူးလို့ ခြိမ်းခြောက်မှုတွေရှိနေ

မကွေးမြို့၊ ဆေးတက္ကသိုလ်(မကွေး) နားမှာရှိတဲ့ သင်ကြားရေးဆေးရုံကြီးမှာ ဆေးရုံအုပ်ကြီးနဲ့ သူနာပြုတွေက သူတို့သတ်မှတ်ထားတဲ့ ဆေးဆိုင်က ဆေးပစ္စည်းတွေကိုပဲ လူနာတွေကို ဈေးအဆမတန်နဲ့ ဝယ်ခိုင်းနေပြီး အဲ့ဒီဆိုင်က ဝယ်လာတဲ့…

ဖတ်ရန်