မုန်တိုင်းအရှိန်ကြောင့် ရခိုင်အပါအဝင် မြန်မာနိုင်ငံ အနောက်ဘက်နှင့် တောင်ပိုင်းဒေသတွေမှာ ၃ ရက်ခန့် မိုးကြီးနိုင်တယ်လို့ဆို
အောက်တိုဘာ ၂၆
ICON MODEL ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်မှာ အောက်တိုဘာလ ၂၆ ရက်မှ ၂၈ ရက်အတွင်း မုန်တိုင်း အစွန်အဖျား တိမ်တိုက်တွေနှင့် အနီးကပ်ဆုံး ရောက်ရှိတာကြောင့် မိုးအသင့်အတင့်မှ မိုးကြီးနိုင်ပြီး လေပြင်းတိုက်ခတ်တာတွေ ဖြစ်ပေါ်နိုင်ကာ အောက်တိုဘာလ ၂၉ ရက် နောက်ပိုင်းမှာ မိုးလျော့နည်းသွားမယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းသုံးသပ်ထားပါတယ်။
ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင် တို့မှာ မုန်တိုင်းရဲ့ စွဲငင်မှုကြောင့် အောက်တိုဘာလ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ နေရာကွက်ကျားမှ နေရာစိပ်စိပ် မိုးရွာသွန်းနိုင်တယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း (အထက်ပိုင်း/အောက်ပိုင်း)၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်ပြည်နယ် တို့မှာ မုန်တိုင်း မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားစဉ် မိုးတိမ်တိုက် အကြွင်းအကျန်တွေကြောင့် အောက်တိုဘာလ ၂၆ ရက်မှ ၂၈ ရက် အတွင်း နေရာကွက်ကျား မိုးရွာသွန်းနိုင်ပြီး နိုဝင်ဘာလ ၁ ရက်နေ့မှာ အနောက်ဘက်မှ ရေငွေ့ခိုးတွေကြောင့် မိုးပြန်လည်ရွာသွန်းနိုင်တယ်လို့ ဆိုပါတယ်။
မုန်တိုင်း ဟာ အိန္ဒိယကမ်းလွန်ဘက်သို့ ဦးတည်သွားမှာ ဖြစ်ပေမယ့် အောက်တိုဘာလ ၂၆ ရက်မှ ၂၈ ရက်အတွင်း မြန်မာနိုင်ငံ အနောက်ဘက်နှင့် တောင်ဘက်ပိုင်းဒေသတွေမှာ မိုးရွာသွန်းမှု သိသိသာသာ ပိုမိုရွာသွန်းနိုင်တယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းသုံးသပ်ထားပါတယ်။
မြို့တော် News Channel