အရေးပေါ်
ပြည်တွင်းသတင်း

စစ်တွေမြို့လယ်ခေါင် ဗုံးသီး ၂ လုံး ကျရောက်ပေါက်ကွဲလို့ အရပ်သားပြည်သူ ၅ ဦး သေဆုံးပြီး သေဆုံးသူတွေ ထပ်တိုးလာနိုင်

၂၀၂၆ အောက်တိုဘာ ၂၃ Myo Taw
စစ်တွေမြို့လယ်ခေါင် ဗုံးသီး ၂ လုံး ကျရောက်ပေါက်ကွဲလို့ အရပ်သားပြည်သူ ၅ ဦး သေဆုံးပြီး သေဆုံးသူတွေ ထပ်တိုးလာနိုင်

စစ်တွေမြို့လယ်ခေါင် ဗုံးသီး ၂ လုံး ကျရောက်ပေါက်ကွဲလို့ အရပ်သားပြည်သူ ၅ ဦး သေဆုံးပြီး သေဆုံးသူတွေ ထပ်တိုးလာနိုင်

အောက်တိုဘာ ၂၃

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ မြို့လယ်ခေါင်မှာ လူစည်ကားချိန် ဗုံး ၂ လုံး ကျရောက်ပေါက်ကွဲလို့ အရပ်သားပြည်သူ ၅ ဦးထက်မနည်း သေဆုံးနိုင်တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂၃ ရက်နေ့ ဒီကနေ့ မနက် ၈ နာရီဝန်းကျင်က၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ မောလိပ်ရပ်ကွက်၊ မင်းဘာကြီးလမ်း၊ ရွှေငါးစတိုး ခွဆုံအနီးနဲ့ ကျောင်းတက်လမ်း ရပ်ကွက် တို့မှာ ဗုံး ၂ လုံး ပေါက်ကွဲခဲ့တာကြောင့် အမျိုးသမီး ၄ ဦး အပါအဝင် ၅ ဦး မျက်မြင်သေဆုံးခဲ့ပြီး သေဆုံးသူတွေ ထပ်တိုးနိုင်လာတယ်လို့ သိရပါတယ်။

“လူစည်တဲ့အချိန် ဗုံး ၂ လုံးပေါက်တာ၊ လက်ဖက်ရည်ဆိုင်က အမျိုးသား ၁ ယောက်နဲ့ ကောက်ညှင်းပေါင်းသည်ရယ်၊ တခြားအမျိုးသမီး ၃ ယောက်ရယ်၊ အမျိုးသမီး ၄ ယောက် သေတယ်၊ အခုက ဝရုန်းသုန်းကားဖြစ်နေလို့ အရေအတွက် အတိအကျ မသိရသေးဘူး အရေအတွက်များမယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်တွေမြို့နယ်တဝိုက်က ကျေးရွာတွေမှာ အာဏာသိမ်းစစ်တပ်နဲ့ အာရက္ခတပ်တော်(AA) တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်တွေမြို့ကို ဒကစ ဌာနချုပ်နဲ့ အနောက်မြောက်ပိုင်းစစ်ဌာနချုပ်(နမခ) က ဝန်းရံပိတ်ဆို့ထားတယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (3)

ဆက်စပ် သတင်းများ

ဘုရားမီးပူဇော်ရာကနေ ဖယောင်းတိုင်ကုန်ပြီး နေအိမ်ကို မီးကူးစက်လောင်ကျွမ်း ပြည်တွင်းသတင်း

ဘုရားမီးပူဇော်ရာကနေ ဖယောင်းတိုင်ကုန်ပြီး နေအိမ်ကို မီးကူးစက်လောင်ကျွမ်း

လားရှိုးမြို့မှာ ဖယောင်းတိုင်မီးနဲ့ ဘုရားမီးပူဇော်ရာကနေ နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
မြစ်ကြီးနား-ဗန်းမော်လမ်းမပေါ်က တံတား ၂ စင်းကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲဖျက်ဆီး ပြည်တွင်းသတင်း

မြစ်ကြီးနား-ဗန်းမော်လမ်းမပေါ်က တံတား ၂ စင်းကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲဖျက်ဆီး

ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဗန်းမော်လမ်းမပေါ်ရှိ တံတား ၂ စင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်ထံက သိရပါတယ်။

ဖတ်ရန်
ပျောက်ဆုံးနေတဲ့ ဆိုင်ကယ်အငှားလိုက်မောင်းသူ လူငယ်ကို ဒဏ်ရာတွေနဲ့ သေဆုံးလျက်ပြန်တွေ့ ပြည်တွင်းသတင်း

ပျောက်ဆုံးနေတဲ့ ဆိုင်ကယ်အငှားလိုက်မောင်းသူ လူငယ်ကို ဒဏ်ရာတွေနဲ့ သေဆုံးလျက်ပြန်တွေ့

မြဝတီမြို့မှာ ပျောက်ဆုံးနေတဲ့ ဆိုင်ကယ်အငှားလိုက်မောင်းသူ အသက် ၂၄ နှစ်အရွယ်ရှိ မောင်ဖြိုးကို အောက်တိုဘာလ ၂၂ ရက် မနေ့က မွန်းလွဲပိုင်းမှာ ဒဏ်ရာတွေနဲ့ သေဆုံးလျက်…

ဖတ်ရန်