မြစ်ကြီးနား-ဗန်းမော်လမ်းမပေါ်က တံတား ၂ စင်းကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲဖျက်ဆီး
အောက်တိုဘာ ၂၃
ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဗန်းမော်လမ်းမပေါ်ရှိ တံတား ၂ စင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်ထံက သိရပါတယ်။
အောက်တိုဘာလ ၂၃ ရက် ဒီကနေ့ မနက် ၁၀ နာရီဝန်းကျင်ခန့်မှာ မြစ်ကြီးနား-ဗန်းမော် လမ်းမပေါ်က မိုးမောက်မြို့နယ်အနီး မြို့သစ်တံတားကို တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲဖျက်ဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါတံတားဟာ အများပြည်သူတွေ သွားလာနေတဲ့တံတားဖြစ်ပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် တံတားအဟောင်းမှာ လုံးဝပျက်စီးသွားခဲ့ပြီး တံတားအသစ်ကတော့ ကားတွေသွားလာလို့မရအောင် ပျက်စီးသွားခဲ့ကာ ဆိုင်ကယ်တွေသာ ဖြည်းဖြည်းချင်း သွားလာလို့ရတော့တယ်လို့ သိရပါတယ်။
၂၀၂၄ ဩဂုတ်လမှာ KIA နဲ့ပူးပေါင်းတပ်တွေဟာ မိုးမောက်မြို့နယ်တခုလုံးကို အပြီးသတ် သိမ်းပိုက်ခဲ့တာဖြစ်ပြီး လတ်တလောမှာ အာဏာသိမ်းစစ်တပ်က ကချင်ပြည်နယ် ဗန်းမော်-မံစီလမ်းကြောင်းကို ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေဖြစ်ပွားနေပြီး လေကြောင်းတိုက်ခိုက်တာတွေပါ ပြုလုပ်နေတာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှုတွေရှိနေတယ်လို့လည်း သိရပါတယ်။
မြို့တော် News Channel