ရုပ်သံ
Daily NEWS
အောက်တိုဘာ ၂၈ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
မလှိုင်က စက်ဘီးဆိုင် ဗုံးသီးနဲ့ ပစ်ခတ်ခံရလို့ ဆိုင်ရှေ့စကားပြောနေသူ ၂ ဦးကို ထိမှန်ကာ ၁ ဦး သေဆုံး
အောက်တိုဘာ ၂၈
မန္တလေးတိုင်း၊ မလှိုင်မြို့၊ အမှတ်(၃)ရပ်ကွက်က စက်ဘီးဆိုင်တဆိုင် ဗုံးပစ်ခံရပြီး ဆိုင်ရှေ့စကားပြောနေတဲ့ အမျိုးသမီးနဲ့ အမျိုးသားတဦး ဗုံးစထိမှန်ကာ ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၂၆ ရက်နေ့၊ မနက် ၁၁ နာရီခန့်က 'မျိုးအောင်' စက်ဘီးအရောင်းဆိုင်ကို အမျိုးသား ၂ ဦး စီးနင်းလာတဲ့ ဆိုင်ကယ်တစီးက ဆိုင်ရှေ့ကနေ ဖြတ်သန်းမောင်းနှင်ပြီး ဗုံးပစ်ချ တိုက်ခိုက်သွားခဲ့တာလို့ သိရပါတယ်။
ဗုံးသီးပစ်ချ တိုက်ခိုက်မှုကြောင့် 'မျိုးအောင်' စက်ဘီးအရောင်းဆိုင်ရှေ့မှာ စကားပြောနေတဲ့ ဆိုင်အနီးက အဘွားအို ၁ ဦးနဲ့ စက်ဘီးလာဝယ်သူ အမျိုးသား ၁ ဦးတို့ ဗုံးစထိမှန်ကာ ဒဏ်ရာပြင်းထန်ရရှိပြီး မလှိုင်မြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။
“စက်ဘီးဆိုင်ကို ပစ်တာ၊ ဗုံးသီးက လူတွေနားကို ကျပြီးကွဲတာ။ ဗုံးအစမှန်ပြီး ဆိုင်ရှေ့က ၂ ယောက်လုံး ထိသွားတယ်။ အဘွားကတော့ ဖြစ်တဲ့အချိန်ကတည်းက အခြေအနေမဟန်တော့တာ၊ ညနေကျတော့ ဆုံးတယ်လို့ ကြားရတယ်။ ကျန်တယောက်ကတော့ သတိရပြီ” လို့ ဒေသခံတဦးက ပြောပါတယ်။
ဗုံးစထိမှန်ခဲ့တာကြောင့် အသက် ၈၅ နှစ်အရွယ် ဒေါ်ချိုတီ ဆိုသူ အဘွားဟာ ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး စက်ဘီးလာဝယ်သူ အသက် ၅၃ နှစ်အရွယ် ဦးဇော်မိုး ဟာလည်း ဒဏ်ရာအနည်းငယ် ရရှိခဲ့တာကြောင့် ဒေသခံတွေက မလှိုင်မြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
ဒဏ်ရာရသူ ၂ ဦးထဲက ဒေါ်ချိုတီဟာ ဆေးရုံရောက်ပြီး ညနေပိုင်းမှာ ဆေးကုသမှုခံယူရင်း သေဆုံးခဲ့တယ်လို့ သိရပြီး ဗုံးနဲ့ ပစ်ခတ်မှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
မြို့တော် News Channel
ရုပ်သံ
Daily NEWS
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ပြည်တွင်းသတင်း
မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုံမှန်တိုက်ရိုက် အဆက်အသွယ် ပြုလုပ်ခွင့်ရဖို့ အာဆီယံအထူးကိုယ်စားလှယ် မာရီယာ ထရီဆာ လာဇာရို အနေနဲ့ မင်းအောင်လှိုင်ထံ တောင်းဆိုပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ…
ပြည်တွင်းသတင်း
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ မင်းရဲကျော်စွာ ၉ လမ်းမှာနေတဲ့ အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦး နေအိမ်ထဲမှာတင် အသတ်ခံထားရတဲ့ အနေအထားနဲ့…
ပြည်တွင်းသတင်း
မွန်ပြည်နယ်၊ သထုံမြို့၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ ကားနဲ့ ဆိုင်ကယ် တိုက်မိပြီး ဆိုင်ကယ်သမား သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။