အရေးပေါ်
ပြည်တွင်းသတင်း

ကျိုက်ထိုမြို့ကို ဈေးလာဝယ်တဲ့ အမျိုးသမီး ၂ ဦး သေနတ်ပြ လုယက်ခံရပြီး ရွှေ ၃ ကျပ်သား ပါသွားတယ်လို့ဆို

၂၀၂၆ အောက်တိုဘာ ၁၇ Myo Taw
ကျိုက်ထိုမြို့ကို ဈေးလာဝယ်တဲ့ အမျိုးသမီး ၂ ဦး သေနတ်ပြ လုယက်ခံရပြီး ရွှေ ၃ ကျပ်သား ပါသွားတယ်လို့ဆို

ကျိုက်ထိုမြို့ကို ဈေးလာဝယ်တဲ့ အမျိုးသမီး ၂ ဦး သေနတ်ပြ လုယက်ခံရပြီး ရွှေ ၃ ကျပ်သား ပါသွားတယ်လို့ဆို

အောက်တိုဘာ ၁၇

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကော့ထင်းကျေးရွာနဲ့ ဘိုရားကြီးကျေးရွာကြားမှာ အမျိုးသမီး ၂ ဦး သေနတ်ပြ လုယက်ခံရတယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၁၅ ရက်နေ့ နေ့လယ် ၁၂ နာရီဝန်းကျင်ခန့်က မလော့ချောင်ကျေးရွာက အသက် ၄၀ ဝန်းကျင် အမျိုးသမီး ၂ ဦးဟာ ဆိုင်ကယ်နဲ့ ကျိုက်ထိုမြို့ကို ဈေးလာဝယ်ချိန် အနောက်ကနေ ဆိုင်ကယ်နဲ့လိုက်လာတဲ့ အမျိုးသား ၂ ဦးက သေနတ်ပြ လုယက်ခဲ့တာလို့ သိရပါတယ်။

“ထွက်ပြေးဖို့လုပ်တော့ သေနတ်မိုးပေါ်ထောင်ပြီး ၂ ချက်ဖောက်တယ်တဲ့၊ ပြီးတော့ ရွှေတွေ ချွတ်ပေးလိုက်ရတာလို့ ပြောတယ်။ ကာလတန်ဖိုး သိန်း ၃၀၀ ကျော်လောက် ပါသွားတာ” လို့ ဒေသခံတဦးက ပြောပါတယ်။

အမျိုးသမီး ၂ ဦး သေနတ်ပြ လုယက်ခံရတာကြောင့် ခန္ဓာကိုယ်မှာ ဝတ်ဆင်ထားတဲ့ ရွှေ ၃ ကျပ်သား ပါသွားတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရသိရပြီး အောက်တိုဘာလ ၁၇ ရက် ဒီကနေ့ထိ တရားခံတွေကို ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့ သိရပါတယ်။

ကော့ထင်းနဲ့ ဘိုရားကြီးကျေးရွာလမ်းပိုင်းဟာ ကား၊ ဆိုင်ကယ်တွေ အမြဲတမ်းလိုလို သွားလာနေတဲ့ လမ်းပိုင်းဖြစ်ပြီး အခုလို သေနတ်ပြ လုယက်မှုတွေလည်း မကြာခဏ ကြုံရတယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

လက်ပံတန်းမှာ အာဏာသိမ်းစစ်တပ် တပ်စွဲထားတဲ့ ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော် မသင်္ကာဖွယ် ပျံလွန်တော်မူ ပြည်တွင်းသတင်း

လက်ပံတန်းမှာ အာဏာသိမ်းစစ်တပ် တပ်စွဲထားတဲ့ ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော် မသင်္ကာဖွယ် ပျံလွန်တော်မူ

ပဲခူးတိုင်း အနောက်ခြမ်း၊ လက်ပံတန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်း တပ်စွဲထားတဲ့ ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော်ဟာ နားနေခန်းထဲ ကြိုးဆွဲချ အနေအထားနဲ့ ရုတ်တရက် ပျံလွန်တော်မူခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
KTV က ကောင်မလေး တင်လာတဲ့ တိုင်းသမညွှန်မှူး မူးပြီး ဓာတ်တိုင်ကို ကားနဲ့ ဝင်တိုက် ပြည်တွင်းသတင်း

KTV က ကောင်မလေး တင်လာတဲ့ တိုင်းသမညွှန်မှူး မူးပြီး ဓာတ်တိုင်ကို ကားနဲ့ ဝင်တိုက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မြို့မရဲစခန်းရှေ့က ဓာတ်တိုင်ကို တိုင်းသမညွှန်မှူးရဲ့ ကားက ဝင်တိုက်ခဲ့ပြီး ကားထဲမှာ KTV က အမျိုးသမီးနဲ့ တိုင်းသမညွှန်မှူးတို့ကို တွေ့ခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
ရွှေစင်စင်္ကြာ ခရီးသည်တင်ကားက PDF တပ်ဖွဲ့ဝင်တွေစီးလာတဲ့ ဆိုင်ကယ်ကို ဝင်တိုက်လို့ ရဲဘော် ၁ ဦး ကျဆုံးခဲ့တယ်လို့ဆို ပြည်တွင်းသတင်း

ရွှေစင်စင်္ကြာ ခရီးသည်တင်ကားက PDF တပ်ဖွဲ့ဝင်တွေစီးလာတဲ့ ဆိုင်ကယ်ကို ဝင်တိုက်လို့ ရဲဘော် ၁ ဦး ကျဆုံးခဲ့တယ်လို့ဆို

ရေး-သံဖြူဇရပ် ကားလမ်းမပေါ်မှာ ရွှေစင်စင်္ကြာ ခရီးသည်တင်ယာဥ်က တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ကို လမ်းပြောင်းပြန်မောင်းကာ ဝင်တိုက်မိခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးတို့မှာ နေရာကွက်ကြား မိုးရွာမယ် မိုးလေဝသ

နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးတို့မှာ နေရာကွက်ကြား မိုးရွာမယ်

အောက်တိုဘာလ ၁၇ ရက် ဒီကနေ့ ညနေ ၄ နာရီအချိန် မိုးဇလရဲ့ ထုတ်ပြန်ချက်အရ မနက်ဖြန်မနက်အထိ ခန့်မှန်းချက်တွေအနေနဲ့ တနင်္သာရီတိုင်းနဲ့ ရှမ်းပြည်နယ်(တောင်ပိုင်း)တို့မှာ နေရာအနှံ့အပြား၊…

ဖတ်ရန်