အရေးပေါ်
ပြည်တွင်းသတင်း

နေပြည်တော် ရွှေနံ့သာဂိတ်မှာ Without ကားတွေကို သိန်းဆယ်နဲ့ချီတောင်းပြီး လွှတ်ပေးနေ

၂၀၂၆ စက်တင်ဘာ ၂၅ Myo Taw
နေပြည်တော် ရွှေနံ့သာဂိတ်မှာ Without ကားတွေကို သိန်းဆယ်နဲ့ချီတောင်းပြီး လွှတ်ပေးနေ

နေပြည်တော် ရွှေနံ့သာဂိတ်မှာ Without ကားတွေကို သိန်းဆယ်နဲ့ချီတောင်းပြီး လွှတ်ပေးနေ

စက်တင်ဘာ ၂၅

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာရပ်ကွက်၊ မြို့အဝင် စစ်ဆေးရေးဂိတ်မှာ ဒုရဲမှူး အမျိုးသား ၁ ဦးနှင့် ဒုတပ်ကြပ် အမျိုးသမီး ၁ ဦးတို့ဟာ ဖြတ်သွားဖြတ်လာ မော်တော်ယာဉ်တွေဆီကနေ ငွေကြေးကောက်ခံနေပြီး Without ကားတွေကိုလည်း ငွေကြေးတောင်းပြီး လွှတ်ပေးနေတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေရဲ့ သတင်းပေးပို့မှုအရ သိရပါတယ်။

ဒုရဲမှူး ဇော်မင်းထိုက် နဲ့ ဒုတပ်ကြပ် ပြုံးအိမွန် ဆိုသူတို့ဟာ ရွှေနံ့သာဂိတ်မှာ မိုးလင်းမိုးချုပ် အရပ်ဝတ်နဲ့ထိုင်ပြီး ဖြတ်သွားဖြတ်လာ ယာဉ်တွေကို ငွေကြေးကောက်ခံနေသလို အချို့ကားပိုင်ရှင်တွေကိုတော့ လစဉ်ကြေးအဖြစ် KBZ Pay နဲ့ လစဉ်ကောက်ခံနေတယ်လို့ ဆိုပါတယ်။

"သူတို့က အရပ်ဝတ်နဲ့ ကားကိုတားတော့ ယာဉ်မောင်းတွေကလည်း သူတို့ဘယ်သူလဲဆိုတာ မသိကြဘူး။ အရပ်ဝတ်နဲ့ ကားတားလို့ ဘာရှိလို့လဲ မေးမိတာ။ အဲ့အမျိုးသမီးက ယာဉ်ထိန်းက တားနေတာ မမြင်ဘူးလား၊ ခေါ်နေရင်လာလေ ဆိုပြီး ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတယ်" လို့ ယာဉ်မောင်း တဦးက မြို့တော်ကို ပြောပါတယ်။

အဆိုပါဂိတ်မှာ ယာဉ်တစီးကို ကျပ် ၁၀၀၀ မှ ၃၀၀၀၀ အထိ ကောက်ယူနေပြီး Without ကားတွေကိုလည်း ငွေအမြောက်အများ တောင်းပြီး လွှတ်ပေးနေတယ်လို့ သိရပါတယ်။

"သူတို့က လိုင်းကား တစီး ၂၀၀၀ တောင်းတယ်။ အုတ်၊ သဲ၊ ကျောက်ကား တစီးကို ၁၀၀၀ တောင်းတယ်။ ဝါးကား၊ ထင်းကား တစီးကို ၂၀၀၀၀ ကနေ ၃၀၀၀၀ အထိ ပေးရတယ်။ Without ကားတွေဆိုလည်း သိန်းဆယ်နဲ့ချီ တောင်းပြီး လွှတ်ပေးတယ်" လို့ ရွှေနံ့သာ ဒေသခံတဦးက မြို့တော်ကို ပြောပါတယ်။

ဒုရဲမှူး ဇော်မင်းထိုက်နဲ့ ဒုတပ်ကြပ် ပြုံးအိမွန် တို့ဟာ ဆပ်ကြေးမပေးတဲ့ သူတွေကို ကားသိမ်းပစ်လို့ရတယ်လို့ ခြိမ်းခြောက်ပြောဆိုပြီး ဆပ်ကြေးတောင်းခံနေသလို အခုလို ကောက်ခံနေတာလည်း မြို့နယ်၊ ခရိုင်ရုံးတွေက ခွင့်ပြုပေးထားတာဖြစ်ပြီး အထက်ကို ခွဲတမ်းပြန်ပေးရတယ်လို့ ပြောဆိုမှုတွေလည်း ရှိတယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

ရဟန်းဝတ်နဲ့ မူးယစ်ရမ်းကားနေသူကို သာထိန်းအဖွဲ့က လူဝတ်လဲဖမ်းဆီးပြီး ရဲစခန်းအပ် ရုပ်သံ ပြည်တွင်းသတင်း

ရဟန်းဝတ်နဲ့ မူးယစ်ရမ်းကားနေသူကို သာထိန်းအဖွဲ့က လူဝတ်လဲဖမ်းဆီးပြီး ရဲစခန်းအပ်

ရဟန်းဝတ်နဲ့ မူးယစ်ရမ်းကားနေသူကို သာထိန်းအဖွဲ့က လူဝတ်လဲဖမ်းဆီးပြီး ရဲစခန်းအပ်တဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ

ကြည့်ရန်
ဝါရှင်တန်ဒီစီသို့ ရောက်ရှိနေတဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ဆန္ဒပြ ပြည်တွင်းသတင်း

ဝါရှင်တန်ဒီစီသို့ ရောက်ရှိနေတဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ဆန္ဒပြ

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့ကို ရောက်ရှိနေတဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် ကို ဟောင်ကောင်၊ တိဘက်၊ ဝီဂါ၊ ထိုင်ဝမ်၊ မွန်ဂိုလီးယား အရှေ့တာကစ်စတန် (East Turkestan)…

ဖတ်ရန်
ရွှေပြည်သာမြို့နယ်မှာ လူငယ် ၂ ဦး အလုပ်ရဖို့ အင်တာဗျူးသွားဖြေရာက ပျောက်ဆုံးနေပြီး တလကြာတဲ့အထိ အဆက်အသွယ် မရသေး ပြည်တွင်းသတင်း

ရွှေပြည်သာမြို့နယ်မှာ လူငယ် ၂ ဦး အလုပ်ရဖို့ အင်တာဗျူးသွားဖြေရာက ပျောက်ဆုံးနေပြီး တလကြာတဲ့အထိ အဆက်အသွယ် မရသေး

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဇီးကုန်းရပ်ကွက်မှာ နေထိုင်တဲ့ လူငယ် ၂ ဦးဟာ ဩဂုတ်လ ၂၅ ရက်နေ့က အလုပ်အတွက် အင်တာဗျူးသွားရောက်ဖြေဆိုဖို့ဖို့ ထွက်သွားခဲ့ရာက ပျောက်ဆုံးသွားခဲ့ပြီး…

ဖတ်ရန်