မင်္ဂလာဒုံမှာ အမျိုးသမီးရုပ်အလောင်းတခု အသတ်ခံထားရတဲ့ အနေအထားနဲ့ လာရောက်စွန့်ပစ်မှု ဖြစ်ပွား
ဇူလိုင် ၇
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်က အိမ်ရာဝင်းတခုအတွင်းမှာ အမျိုးသမီး ၁ ဦးရဲ့ ရုပ်အလောင်းကို လာရောက်စွန့်ပစ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင်လ ၆ ရက်နေ့ မနက် ၈ နာရီခွဲခန့်က မင်္ဂလာဒုံမြို့နယ်၊ ပုလဲ(၁)ရပ်ကွက်၊ ပုလဲအိမ်ရာဝင်းအတွင်းမှာ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသမီး ၁ ဦးရဲ့ ရုပ်အလောင်း လာရောက် စွန့်ပစ်ထားတာကို ဒေသခံတွေက တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
“မန်ယူအင်္ကျီ ဝတ်ထားတယ်၊ လည်ပင်းမှာ ကြိုးအရာတွေ တွေ့တယ်၊ ကြိုးဆွဲချသလိုမျိုး လျှာကလည်း ထွက်နေတယ်၊ ကျောကုန်းနဲ့ လက်မောင်းမှာလည်း တက်တူးတွေ တွေ့တယ်၊ လည်ပင်းကို ကြိုးနဲ့ညှစ်ပြီး အသတ်ခံထားရတာ ထင်တယ်” လို့ မျက်မြင်တွေ့ရှိသူ ဒေသခံတဦးက ပြောပါတယ်။
ရုပ်အလောင်းကို လည်ပင်းမှာ ကြိုးနဲ့ချည်ကာ ညှစ်သတ်ခံထားရတဲ့ အနေအထားမျိုး တွေ့ရှိရပြီး လက်မောင်းနဲ့ ကျောကုန်းမှာ ငှက်ပုံတက်တူး ထိုးတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
သေဆုံးသူရဲ့ ရုပ်အလောင်းကို ပုလဲအရန်မီးသတ်တပ်ဖွဲ့က မေဓာဝီဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ထားပြီး သေဆုံးသူရဲ့ မိသားစုဝင်တွေနဲ့ နေရပ်လိပ်စာကို ရှာဖွေနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
မြို့တော် News Channel