အရေးပေါ်
နိုင်ငံတကာသတင်း

ထရမ့်နဲ့ မတွေ့ဆုံခင် ဘီလီယံချီတန်တဲ့ လက်နက်အရောင်းအဝယ်တွေကို နေတိုးအဖွဲ့ ကြေညာဖို့ ရှိနေ

၂၀၂၆ ဇူလိုင် ၇ Myo Taw
ထရမ့်နဲ့ မတွေ့ဆုံခင် ဘီလီယံချီတန်တဲ့ လက်နက်အရောင်းအဝယ်တွေကို နေတိုးအဖွဲ့ ကြေညာဖို့ ရှိနေ

ထရမ့်နဲ့ မတွေ့ဆုံခင် ဘီလီယံချီတန်တဲ့ လက်နက်အရောင်းအဝယ်တွေကို နေတိုးအဖွဲ့ ကြေညာဖို့ ရှိနေ

ဇူလိုင် ၇

ဥရောပကာကွယ်ရေးအတွက် အသုံးစရိတ်တိုးမြှင့်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ တိုက်တွန်းမှုကို လက်တွေ့အကောင်အထည်ဖော်နေကြောင်း ပြသဖို့ ရည်ရွယ်ပြီး ဒေါ်လာ ဘီလီယံပေါင်းများစွာ တန်ကြေးရှိမယ့် လက်နက်အရောင်းအဝယ် သဘောတူညီချက်တွေကို နေတိုး (NATO) ခေါင်းဆောင်တွေက ဒီကနေ့ ဇူလိုင်လ ၇ ရက်နေ့ တူရကီနိုင်ငံ မြို့တော်အန်ကာရာမှာ ထုတ်ဖော်ကြေညာဖို့ ရှိနေပါတယ်။

ဥရောပမဟာမိတ်တွေဟာ ထရမ့်နဲ့ တူရကီသမ္မတ အာဒိုဂန်တို့ရဲ့ တွေ့ဆုံမှု မတိုင်ခင် ကျင်းပမယ့် နေတိုးရဲ့ ကာကွယ်ရေးလုပ်ငန်းဆိုင်ရာ ဖိုရမ်တခုမှာ အခုလို လက်နက်အရောင်းအဝယ်တွေကို တရားဝင်ထုတ်ပြန်သွားမှာ ဖြစ်တယ်လို့ ရိုက်တာသတင်းဌာနက ဆိုပါတယ်။

နေတိုးအထွေထွေအတွင်းရေးမှူးချုပ် မာ့ခ်ရုတေ ကတော့ ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ကြောင့် ဥရောပနိုင်ငံတွေအနေနဲ့ စိုးရိမ်မှုတွေ မြင့်တက်လာတာအပြင် သမ္မတထရမ့်ရဲ့ ပြတ်သားတဲ့ တိုက်တွန်းမှုတွေကြောင့်ပါ ဥရောပမဟာမိတ်တွေရဲ့ ကာကွယ်ရေးအသုံးစရိတ်ဟာ မယုံနိုင်စရာကောင်းလောက်အောင် သိသိသာသာ မြင့်တက်လာခဲ့တာလို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် နေတိုးအဖွဲ့ဝင် ဥရောပနိုင်ငံတွေနဲ့ ကနေဒါနိုင်ငံတို့ဟာ ၂၀၂၅ ခုနှစ်မှာ ကာကွယ်ရေးအသုံးစရိတ်ကို အရင်နှစ်ကထက် ဒေါ်လာ ၉၀ ဘီလီယံအထိ ပိုမိုသုံးစွဲခဲ့ပြီး၊ စုစုပေါင်း ဒေါ်လာ ၅၇၀ ဘီလီယံကျော်အထိ ရှိလာခဲ့တာကြောင့် တစ်နှစ်အတွင်းမှာတင် ၂၀ ရာခိုင်နှုန်းခန့် တိုးတက်လာခဲ့တယ်လို့ မာ့ခ်ရုတေ က ဆိုပါတယ်။

“အခုဆိုရင် ကျွန်တော်တို့ဟာ အမေရိကန်ဘက်ကလည်း ဒါဟာ မျှတတဲ့ သဘောတူညီချက်တစ်ခု ဖြစ်တယ်လို့ လက်ခံနိုင်မယ့် ရေရှည်တည်တံ့ခိုင်မြဲတဲ့ မဟာမိတ်အဖွဲ့တစ်ခုကို တည်ဆောက်နေကြပြီဖြစ်ပါတယ်” လို့ မာ့ခ်ရုတေက အန်ကာရာမြို့မှာ သတင်းထောက်တွေကို ပြောဆိုထားပါတယ်။

ဒါ့အပြင် အမေရိကန်နဲ့ တူရကီကြား ကာလရှည်ကြာ အဖုအထစ်ဖြစ်ခဲ့တဲ့ ကိစ္စတစ်ခုမှာလည်း ကြီးမားတဲ့ အပြောင်းအလဲ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။

တူရကီက ၂၀၁၉ ခုနှစ်မှာ ရုရှားထုတ် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ဝယ်ယူခဲ့လို့ အမေရိကန်က F-35 ကိုယ်ပျောက်တိုက်လေယာဉ် စီမံကိန်းကနေ တူရကီကို ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။

လတ်တလောအရ ထရမ့်အနေနဲ့ တူရကီကို အဆိုပါစီမံကိန်းမှာ ပြန်လည်ပါဝင်ခွင့်ပြုဖို့ အဆင်သင့်ရှိနေကြောင်း တူရကီသမ္မတ အာဒိုဂန်ကို အသိပေးဖွယ်ရှိနေတယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။

Ref & Photo; Reuters

မြို့တော် News Channel

ဓာတ်ပုံများ (4)

ဆက်စပ် သတင်းများ

တရုတ်မှာ မေဆက် မုန်တိုင်းကြောင့် လူသေဆုံးမှုတွေရှိပြီး လူသောင်းနဲ့ချီ ဘေးလွတ်ရာ ရွှေ့ပြောင်းနေရ နိုင်ငံတကာသတင်း

တရုတ်မှာ မေဆက် မုန်တိုင်းကြောင့် လူသေဆုံးမှုတွေရှိပြီး လူသောင်းနဲ့ချီ ဘေးလွတ်ရာ ရွှေ့ပြောင်းနေရ

တရုတ်နိုင်ငံတောင်ပိုင်းမှာ တိုင်ဖုန်းမုန်တိုင်း မေဆက် မုန်တိုင်းကြောင့် ရေကာတာတွေကျိုးပေါက်ပြီး အရေးပေါ်အခြေအနေတွေ ကြုံတွေ့နေရပါတယ်။

ဖတ်ရန်
တရုတ်နျူကလီးယားရေငုပ်သင်္ဘောကနေ ဒုံးကျည် စမ်းသပ်ပစ်လွှတ်ခဲ့တာကြောင့် ပစိဖိတ်ဒေသအတွင်း စိုးရိမ်မှုမြင့်တက် နိုင်ငံတကာသတင်း

တရုတ်နျူကလီးယားရေငုပ်သင်္ဘောကနေ ဒုံးကျည် စမ်းသပ်ပစ်လွှတ်ခဲ့တာကြောင့် ပစိဖိတ်ဒေသအတွင်း စိုးရိမ်မှုမြင့်တက်

တရုတ်စစ်တပ်က ဒီကနေ့ ဇူလိုင်လ ၆ ရက်နေ့မှာ ပစိဖိတ်သမုဒ္ဒရာအတွင်းကို နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောကနေ ဒုံးကျည်တစ်စင်း စမ်းသပ်ပစ်လွှတ်ခဲ့တာကြောင့် ဂျပန်၊ ဩစတြေးလျနဲ့ နယူးဇီလန်တို့က ဒေသတွင်းလုံခြုံရေးအတွက် စိုးရိမ်မှုတွေ…

ဖတ်ရန်
လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ပူးပေါင်းရင်ဆိုင်ဖို့ တရုတ်နဲ့ ရုရှား ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင် နိုင်ငံတကာသတင်း

လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ပူးပေါင်းရင်ဆိုင်ဖို့ တရုတ်နဲ့ ရုရှား ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်

လာမယ့်သီတင်းပတ်အတွင်း တရုတ်နိုင်ငံ ချင်းတောင်မြို့ ကမ်းလွန်ပင်လယ်ပြင်နဲ့ လေပိုင်နက်တွေမှာ တရုတ်နဲ့ ရုရှားရေတပ်တွေက ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဖတ်ရန်
ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ကြားဝင်ကူညီပေးမယ်လို့ ပူတင်ကို ထရမ့် ကမ်းလှမ်း နိုင်ငံတကာသတင်း

ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ကြားဝင်ကူညီပေးမယ်လို့ ပူတင်ကို ထရမ့် ကမ်းလှမ်း

မနေ့က ဇူလိုင်လ ၄ ရက်နေ့မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ရုရှားသမ္မတ ဗလာဒီမီရု ပူတင်နဲ့ မိနစ် ၉၀ နီးပါးကြာ ဖုန်းနဲ့ဆွေးနွေးခဲ့ပြီး ယူကရိန်းစစ်ပွဲကို အမြန်ဆုံးအဆုံးသတ်နိုင်ဖို့…

ဖတ်ရန်