အရေးပေါ်
မှုခင်းသတင်း

လျှပ်စစ်ပစ္စည်းဆိုင် ဓားပြတိုက်ခံရပြီး မီးခံသေတ္တာလိုက်မသွားကာ CCTV တွေကိုလည်း ဖျက်ဆီးသွား

၂၀၂၆ သြဂုတ် ၂၈ Myo Taw
လျှပ်စစ်ပစ္စည်းဆိုင် ဓားပြတိုက်ခံရပြီး မီးခံသေတ္တာလိုက်မသွားကာ CCTV တွေကိုလည်း ဖျက်ဆီးသွား

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက် ကမ်းနားလမ်းရှိ 'ကိုကိုနှင့်ညီညီ' လျှပ်စစ်ပစ္စည်းဆိုင်တဆိုင် ဓားပြတိုက်ခံရတယ်လို့ သိရပါတယ်။

ဩဂုတ်လ ၂၈ ရက် ဒီကနေ့ မနက်အစောပိုင်း ၄ နာရီခန့်က မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက်၊ ကမ်းနားလမ်းက 'ကိုကိုနှင့်ညီညီ' လျှပ်စစ်ပစ္စည်းဆိုင် သုံးထပ်တိုက်အဆောက်အအုံ အပေါ်ထပ်ကို သေနတ်အတို ၃ လက်ကိုင်ဆောင်ကာ မျက်နှာဖုံးအနက်ရောင်စွပ်ထားပြီး လက်အိတ်တွေ ဝတ်ဆင်ထားတဲ့ အမျိုးသား ၃ ဦး ဝင်ရောက်လာကာ မီးခံသေတ္တာကို ယူသွားခဲ့တယ်လို့ သိရပါတယ်။

"ဆိုင်က အိမ်နဲ့တွဲလျှက်ဖွင့်ထားတာပါ၊ ပိုင်ရှင်တွေမရှိကြဘူး၊ အိမ်အကူကောင်မလေး ၂ ယောက်နဲ့ တူမဖြစ်သူပဲရှိတာ၊ ခုမနက် ၄ နာရီလောက် အမျိုးသာ ၃ ယောက်က ဘေးနားဆောက်လက်စတိုက်ကနေ ကျော်ဝင်လာပြီး ကောင်မလေး ၃ ယောက်ကို အရင်ကြိုးတုပ်ပြီး မီးခံသေတ္တာကို အလုံးလိုက်မသွားတာပါ" လို့ ဒေသခံတဦးက ပြောပါတယ်။

လုယက်ဓားပြတိုက်သွားသူတွေကို လိုက်လံဖမ်းဆီးနိုင်ဖို့ အချက်အလက်စုဆောင်းပေမယ့် ဓားပြတိုက်သွားသူတွေက CCTV တွေကအစ ဖျက်ဆီးသွာခဲ့တာကြောင့် တရားခံတွေကို ဖမ်းဆီးရရှိဖို့ ခက်ခဲနိုင်တယ်လို့ သိရပါတယ်။

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

ပခုက္ကူက အိမ်ဆောက်ပစ္စည်းဆိုင် ဓားပြတိုက်တဲ့အထဲ ၈ တန်းကျောင်းသား ပါဝင်နေ ပြည်တွင်းသတင်း

ပခုက္ကူက အိမ်ဆောက်ပစ္စည်းဆိုင် ဓားပြတိုက်တဲ့အထဲ ၈ တန်းကျောင်းသား ပါဝင်နေ

မကွေးတိုင်း၊ ပခုက္ကူမြို့၊ မြို့ရှောင်လမ်းက 'မိတ်‌ဆွေ' အိမ်ဆောက်ပစ္စည်းဆိုင်ကို ဓားပြတိုက် အနုကြမ်းစီးသွားသူတွေထဲက ၂ ဦး ဖမ်းမိပြီး အဲ့ထဲက တဦးက ၈ တန်းကျောင်းသား…

ဖတ်ရန်
ရန်ကုန်မှာ အမျိုးသမီး ၂ ဦးတည်းရှိတဲ့ အိမ်ကို ရပ်ကွက်ထဲက လူမိုက်က ဓားကိုင်ကာ လာရောက်သောင်းကျန်းမှုဖြစ်ပွား ပြည်တွင်းသတင်း

ရန်ကုန်မှာ အမျိုးသမီး ၂ ဦးတည်းရှိတဲ့ အိမ်ကို ရပ်ကွက်ထဲက လူမိုက်က ဓားကိုင်ကာ လာရောက်သောင်းကျန်းမှုဖြစ်ပွား

ရန်ကုန်မြို့မှာ အမျိုးသမီး ၂ ဦးတည်းရှိတဲ့ နေအိမ်ကို ရပ်ကွက်ထဲက လူမိုက်တဦးက ဓားရှည်ကိုင်ကာ လာရောက်ခြိမ်းခြောက် သောင်းကျန်းတဲ့ဖြစ်စဥ် လူမှုကွန်ယက်ပေါ် ပျံ့နှံခဲ့ပါတယ်။

ဖတ်ရန်
အိုးဝေမောင်းသမားကို ခရီးသည်လင်မယားက ကျင်စက်နဲ့ ထိုးကာ အိုးဝေယာဉ် လုယက်မှု ဖြစ်ပွား ပြည်တွင်းသတင်း

အိုးဝေမောင်းသမားကို ခရီးသည်လင်မယားက ကျင်စက်နဲ့ ထိုးကာ အိုးဝေယာဉ် လုယက်မှု ဖြစ်ပွား

အောက်တိုဘာလ ၁၁ ရက်နေ့ ညနေ ၆ နာရီခန့်က မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၆၂ လမ်းက မနော်ရမ္မံ ကစားကွင်းကနေ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၃၆…

ဖတ်ရန်
အိမ်ပေါ်တက်လာတဲ့ ခွေးကို လေးဂွနဲ့ပစ်ခဲ့သူကို ရဲကဖမ်းဆီးရိုက်နှက်လို့ သေဆုံးသွားခဲ့ပြီး အမှုမဖွင့်ဖို့ သိန်း ၇၀ နဲ့ ညှိနှိုင်းနေ ပြည်တွင်းသတင်း

အိမ်ပေါ်တက်လာတဲ့ ခွေးကို လေးဂွနဲ့ပစ်ခဲ့သူကို ရဲကဖမ်းဆီးရိုက်နှက်လို့ သေဆုံးသွားခဲ့ပြီး အမှုမဖွင့်ဖို့ သိန်း ၇၀ နဲ့ ညှိနှိုင်းနေ

ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်၊ ကမာကလုတ် စံပြကျေးရွာမှာ အိမ်ပေါ်တက်လာတဲ့ခွေးကို လေးဂွနဲ့ ပစ်ခတ်သူကို ရဲကဖမ်းဆီးရိုက်နှက်ရာက လက်လွန်ပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်