အရေးပေါ်
မှုခင်းသတင်း

လျှပ်စစ်ပစ္စည်းဆိုင် ဓားပြတိုက်ခံရပြီး မီးခံသေတ္တာလိုက်မသွားကာ CCTV တွေကိုလည်း ဖျက်ဆီးသွား

၂၀၂၆ သြဂုတ် ၂၈ Myo Taw
လျှပ်စစ်ပစ္စည်းဆိုင် ဓားပြတိုက်ခံရပြီး မီးခံသေတ္တာလိုက်မသွားကာ CCTV တွေကိုလည်း ဖျက်ဆီးသွား

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက် ကမ်းနားလမ်းရှိ 'ကိုကိုနှင့်ညီညီ' လျှပ်စစ်ပစ္စည်းဆိုင်တဆိုင် ဓားပြတိုက်ခံရတယ်လို့ သိရပါတယ်။

ဩဂုတ်လ ၂၈ ရက် ဒီကနေ့ မနက်အစောပိုင်း ၄ နာရီခန့်က မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက်၊ ကမ်းနားလမ်းက 'ကိုကိုနှင့်ညီညီ' လျှပ်စစ်ပစ္စည်းဆိုင် သုံးထပ်တိုက်အဆောက်အအုံ အပေါ်ထပ်ကို သေနတ်အတို ၃ လက်ကိုင်ဆောင်ကာ မျက်နှာဖုံးအနက်ရောင်စွပ်ထားပြီး လက်အိတ်တွေ ဝတ်ဆင်ထားတဲ့ အမျိုးသား ၃ ဦး ဝင်ရောက်လာကာ မီးခံသေတ္တာကို ယူသွားခဲ့တယ်လို့ သိရပါတယ်။

"ဆိုင်က အိမ်နဲ့တွဲလျှက်ဖွင့်ထားတာပါ၊ ပိုင်ရှင်တွေမရှိကြဘူး၊ အိမ်အကူကောင်မလေး ၂ ယောက်နဲ့ တူမဖြစ်သူပဲရှိတာ၊ ခုမနက် ၄ နာရီလောက် အမျိုးသာ ၃ ယောက်က ဘေးနားဆောက်လက်စတိုက်ကနေ ကျော်ဝင်လာပြီး ကောင်မလေး ၃ ယောက်ကို အရင်ကြိုးတုပ်ပြီး မီးခံသေတ္တာကို အလုံးလိုက်မသွားတာပါ" လို့ ဒေသခံတဦးက ပြောပါတယ်။

လုယက်ဓားပြတိုက်သွားသူတွေကို လိုက်လံဖမ်းဆီးနိုင်ဖို့ အချက်အလက်စုဆောင်းပေမယ့် ဓားပြတိုက်သွားသူတွေက CCTV တွေကအစ ဖျက်ဆီးသွာခဲ့တာကြောင့် တရားခံတွေကို ဖမ်းဆီးရရှိဖို့ ခက်ခဲနိုင်တယ်လို့ သိရပါတယ်။

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

မိသားစု ၃ ဦး စီးနင်းလာတဲ့ဆိုင်ကယ်ကို Express ယာဉ်က အနောက်ကနေဝင်တိုက်လို့ အမျိုးသမီးဖြစ်သူ သေဆုံး ပြည်တွင်းသတင်း

မိသားစု ၃ ဦး စီးနင်းလာတဲ့ဆိုင်ကယ်ကို Express ယာဉ်က အနောက်ကနေဝင်တိုက်လို့ အမျိုးသမီးဖြစ်သူ သေဆုံး

မွန်ပြည်နယ်၊ သထုံမြို့၊ မိုးကောင်းကျေးရွာ၊ ဖရဲသီးဆိုင်တန်းရှေ့က ရန်ကုန်-မော်လမြိုင်သွား ကားလမ်းမပေါ်မှာ ခရီးသည်တင် Express နဲ့ ဆိုင်ကယ်တို့တိုက်မိပြီး အမျိုးသမီးတဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
မန္တလေးက "ခန့်ကြီး" ဘီယာဆိုင်ပိုင်ရှင် ကားအတွင်း လည်ပင်းပြတ်ရှဒဏ်ရာနဲ့ သေဆုံး ပြည်တွင်းသတင်း

မန္တလေးက "ခန့်ကြီး" ဘီယာဆိုင်ပိုင်ရှင် ကားအတွင်း လည်ပင်းပြတ်ရှဒဏ်ရာနဲ့ သေဆုံး

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ သိပ္ပံလမ်းပေါ်ရှိ က.ည.န ရုံးအနီးမှာ ကားအတွင်း လည်ပင်းပြတ်ရှဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသားအလောင်းတခုကို တွေ့ရှိခဲ့ကြတယ်လို့ သိရပါတယ်။

ဖတ်ရန်
လှိုင်သာယာမှာ အသက် ၄ နှစ်အရွယ် ကလေးငယ်တဦး အသတ်ခံထားရတဲ့ အနေအထားနဲ့ သေဆုံး ပြည်တွင်းသတင်း

လှိုင်သာယာမှာ အသက် ၄ နှစ်အရွယ် ကလေးငယ်တဦး အသတ်ခံထားရတဲ့ အနေအထားနဲ့ သေဆုံး

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ မင်းရဲကျော်စွာ ၉ လမ်းမှာနေတဲ့ အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦး နေအိမ်ထဲမှာတင် အသတ်ခံထားရတဲ့ အနေအထားနဲ့…

ဖတ်ရန်
သထုံနဲ့ ပဲခူးမှာ တရက်တည်း ဆိုင်ကယ်နဲ့ ကားတိုက်မိတဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်မောင်းသူ ၂ ဦးစလုံး သေဆုံး ပြည်တွင်းသတင်း

သထုံနဲ့ ပဲခူးမှာ တရက်တည်း ဆိုင်ကယ်နဲ့ ကားတိုက်မိတဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်မောင်းသူ ၂ ဦးစလုံး သေဆုံး

မွန်ပြည်နယ်၊ သထုံမြို့၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ ကားနဲ့ ဆိုင်ကယ် တိုက်မိပြီး ဆိုင်ကယ်သမား သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်