အရေးပေါ်
မှုခင်းသတင်း

ကြေးဆင်းတု ဗုဒ္ဓရုပ်ပွားတော်တွေရဲ့ လက်တွေကို ဖြတ်တောက်ခိုးယူခဲ့သူဟာ အသက် ၁၃ နှစ်အရွယ် ကလေးငယ် ဖြစ်နေ

၂၀၂၆ သြဂုတ် ၂၄ Myo Taw
ကြေးဆင်းတု ဗုဒ္ဓရုပ်ပွားတော်တွေရဲ့ လက်တွေကို ဖြတ်တောက်ခိုးယူခဲ့သူဟာ အသက် ၁၃ နှစ်အရွယ် ကလေးငယ် ဖြစ်နေ

ပဲခူးတိုင်း၊ တောင်ငူမြို့ အမှတ်(၁) ရဲစခန်းအနီး ဘိုဘွားရိပ်သာစေတီရှိ ကြေးဆင်းတု ဗုဒ္ဓရုပ်ပွားတော်တွေရဲ့ လက်တွေကို လွှနဲ့ တိုက်ဖြတ်ကာ ခိုးယူခဲ့တဲ့ ကလေးငယ်တဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင်လ လလယ်လောက်က ဖြတ်တောက် ခိုးယူခံခဲ့ရတာ ဖြစ်ပြီး ကြေးဆင်းတု ဗုဒ္ဓရုပ်ပွားတော်တွေရဲ့ ဝဲဘက်လက်ကောက်ဝတ် အရင်းကနေ ဖြတ်တောက်ခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

ဩဂုတ်လ ၂၃ ရက်နေ့ မနက်ပိုင်းက အာဏာသိမ်းအစိုးရ လက်အောက်ခံ တောင်ငူမြို့ အမှတ်(၁) မြို့မရဲစခန်းက နယ်ထိန်းခေါင်းဆောင်နဲ့ အဖွဲ့ဟာ လှည့်ကင်းဆောင်ရွက်နေစဉ် တောင်ငူမြို့ ဆေးရုံနောက်ကျောဘက် ကျုံးပတ်လမ်းမှာ မသင်္ကာဖွယ် ကလေးငယ်တဦးကို တွေ့ရှိခဲ့တာကြောင့် စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ အသက် ၁၃ နှစ်အရွယ် ကလေးငယ် ဇင်မင်းထက်ရဲ့ လက်ထဲမှာ ကြွပ်ကြွပ်အိတ်အမည်းနဲ့ ထည့်ထားတဲ့ ပျောက်ဆုံးနေတဲ့ ကြေးဆင်းတု ဗုဒ္ဓရုပ်ပွားတော်တွေရဲ့ လက်တွေကို တွေ့ရှိခဲ့ကြတယ်လို့ ဆိုပါတယ်။

"အသက် ၁၃ နှစ်အရွယ် ကလေးငယ်တဦးက ဘုရားလက်တော်တွေကို လွှနဲ့ ဖြတ်တောက်ရဲတဲ့အထိ ဖြစ်လာတာ စိတ်မကောင်းစရာပါ။ သူ့နောက်ကွယ်က ခိုင်းစေတဲ့သူ ဒါမှမဟုတ် ကြေးအရောင်းအဝယ်လုပ်တဲ့ ဆိုင်တွေ ရှိမရှိ ထပ်မံ စုံစမ်းပေးစေချင်ပါတယ်" လို့ လူမှုကွန်ယက် အသုံးပြုသူတွေက ထောက်ပြ ပြောဆိုနေကြပါတယ်။

လတ်တလောမှာတော့ ဗုဒ္ဓရုပ်ပွားတော်တွေရဲ့ လက်တွေကို ဖြတ်တောက်ခိုးယူခဲ့တဲ့ အဆိုပါကလေးငယ်ကို ရာဇသတ်ကြီးပုဒ်မ ၃၇၉/ကျင့် ၅၄ နဲ့ တောင်ငူမြို့မရဲစခန်းမှာ အမှုဖွင့်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

ဓာတ်ပုံများ (3)

ဆက်စပ် သတင်းများ

ပခုက္ကူက အိမ်ဆောက်ပစ္စည်းဆိုင် ဓားပြတိုက်တဲ့အထဲ ၈ တန်းကျောင်းသား ပါဝင်နေ ပြည်တွင်းသတင်း

ပခုက္ကူက အိမ်ဆောက်ပစ္စည်းဆိုင် ဓားပြတိုက်တဲ့အထဲ ၈ တန်းကျောင်းသား ပါဝင်နေ

မကွေးတိုင်း၊ ပခုက္ကူမြို့၊ မြို့ရှောင်လမ်းက 'မိတ်‌ဆွေ' အိမ်ဆောက်ပစ္စည်းဆိုင်ကို ဓားပြတိုက် အနုကြမ်းစီးသွားသူတွေထဲက ၂ ဦး ဖမ်းမိပြီး အဲ့ထဲက တဦးက ၈ တန်းကျောင်းသား…

ဖတ်ရန်
ရန်ကုန်မှာ အမျိုးသမီး ၂ ဦးတည်းရှိတဲ့ အိမ်ကို ရပ်ကွက်ထဲက လူမိုက်က ဓားကိုင်ကာ လာရောက်သောင်းကျန်းမှုဖြစ်ပွား ပြည်တွင်းသတင်း

ရန်ကုန်မှာ အမျိုးသမီး ၂ ဦးတည်းရှိတဲ့ အိမ်ကို ရပ်ကွက်ထဲက လူမိုက်က ဓားကိုင်ကာ လာရောက်သောင်းကျန်းမှုဖြစ်ပွား

ရန်ကုန်မြို့မှာ အမျိုးသမီး ၂ ဦးတည်းရှိတဲ့ နေအိမ်ကို ရပ်ကွက်ထဲက လူမိုက်တဦးက ဓားရှည်ကိုင်ကာ လာရောက်ခြိမ်းခြောက် သောင်းကျန်းတဲ့ဖြစ်စဥ် လူမှုကွန်ယက်ပေါ် ပျံ့နှံခဲ့ပါတယ်။

ဖတ်ရန်
အိုးဝေမောင်းသမားကို ခရီးသည်လင်မယားက ကျင်စက်နဲ့ ထိုးကာ အိုးဝေယာဉ် လုယက်မှု ဖြစ်ပွား ပြည်တွင်းသတင်း

အိုးဝေမောင်းသမားကို ခရီးသည်လင်မယားက ကျင်စက်နဲ့ ထိုးကာ အိုးဝေယာဉ် လုယက်မှု ဖြစ်ပွား

အောက်တိုဘာလ ၁၁ ရက်နေ့ ညနေ ၆ နာရီခန့်က မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၆၂ လမ်းက မနော်ရမ္မံ ကစားကွင်းကနေ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၃၆…

ဖတ်ရန်
အိမ်ပေါ်တက်လာတဲ့ ခွေးကို လေးဂွနဲ့ပစ်ခဲ့သူကို ရဲကဖမ်းဆီးရိုက်နှက်လို့ သေဆုံးသွားခဲ့ပြီး အမှုမဖွင့်ဖို့ သိန်း ၇၀ နဲ့ ညှိနှိုင်းနေ ပြည်တွင်းသတင်း

အိမ်ပေါ်တက်လာတဲ့ ခွေးကို လေးဂွနဲ့ပစ်ခဲ့သူကို ရဲကဖမ်းဆီးရိုက်နှက်လို့ သေဆုံးသွားခဲ့ပြီး အမှုမဖွင့်ဖို့ သိန်း ၇၀ နဲ့ ညှိနှိုင်းနေ

ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်၊ ကမာကလုတ် စံပြကျေးရွာမှာ အိမ်ပေါ်တက်လာတဲ့ခွေးကို လေးဂွနဲ့ ပစ်ခတ်သူကို ရဲကဖမ်းဆီးရိုက်နှက်ရာက လက်လွန်ပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်